*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 11 February 2014

အီကြာကွေး စားသုံးမှု သတိပြု




လူအများ စားသုံးလျက် ရှိသော အီကြာကွေး ထဲ၌ ရောင်းပန်း လှရန် အတွက် မိုးနီးယား (MX3)  ဟုခေါ်သော ဓာတု ဆေးဝါး တစ်မျိုးအား သုံးစွဲကာ ကြော်လှော် ရောင်းချမှုများ ရှိကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ် ခိုင်က ပြောကြားသည်။

ဒီလိုဖြစ်တဲ့ နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာ ဖြစ်တာ။ ဆရာတို့ ကို လူ တွေက အဲဒီဆိုင် က အီကြာကွေး တွေက သေးစော်နံ လို့ ဆိုပြီး တိုင်တယ်။ 


ဆရာတို့ သွားစစ်တဲ့ အခါ ကျတော့ သေးစော် နံမှာပေါ့ မိုးနီးယား (MX3) ကို ထည့် သုံးထား တာကို မိုးနီးယား ဆိုတဲ့ ဓာတုဆေး ၀ါး တစ်မျိုးကို အီကြာကွေးတို့ အခြား ကြော်တဲ့ နေရာတွေမှာ ထည့်သုံး မယ်ဆိုရင် အဲဒီဆေးက အခြားပွ ဆေးတွေ သုံးတာထက် ပိုပွတယ်။

အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါ ထည့်သုံး ကြတယ်။ အဲဒါကို သုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။ အခုဟာက တရား လွန် လာတယ်။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော စိတ်နှင့် အလုပ် လုပ်နေကြတယ် ဟု ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ၀ိဿမလောဘ သမားများ မတော်စီးပွား ရှာကာ ပြုလုပ် ရောင်းချခြင်းကြောင့် စားဖို့ အသက်ရှင် နေသည်ဟု မဖြစ် ရစေပဲ အသက်ရှင် ဖို့ စားရသည် ဖြစ်စေ လိုသောကြောင့် ကျန်းမာရေး အတွက် ဂရုစိုက်ကာ စားသောက် စေလိုကြောင်း ဦးဗအုပ်ခိုင် ၏ မှာကြားချက် အရ သိရှိရသည်။


အဆိုပါ မိုးနီးယား (MX3) သည် ရေခဲစက်နှင့် အဲယားကွန်း များတွင် သုံးသည့် မိုးနီးယား အမျိုး အစား ဖြစ်ပြီး ယင်းကဲ့သို့ အသုံးပြုထားသော အစားအစာ ရောဂါ ဝေဒနာ ရရှိနိုင်ပြီး ရေရှည် စားသုံး ပါက ကင်ဆာ ရောဂါများ ရရှိနိုင်ကြောင်း အဆိုပါ ပုဂ်္ဂိုလ် ပြောကြားချက် အရ သိရသည်။


ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၃
ဖြိုးအောင်
From...မြ၀တီ


No comments:

Post a Comment