*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 13 February 2014

ဗိုလ်ချုပ်အောင်ဆန်း မှ လူငယ်များ အတွက်ပြောကြားခဲ့သော သြဝါဒ

 

February 13, 2014
၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညတွင် တိုင်းပြည် သို့ နှစ်သစ်ကူး မိန့်ခွန်း ပြော ကြားရာ၌ ကို ထည့် သွင်းမြွက် ကြားခဲ့၏။
”နောက်ပြီးတော့ ကာ တိုင်းပြည် မှာရှိတဲ့ လူငယ်စု ကို ကျွန်တော် စကား ပြောပြ လိုတယ်။ ဒီ လူငယ် စုတွေ ဟာ တော်လှန်ရေး စကားတွေ တော်တော် များများပြော ပြီး နေကြတယ်။ တော်လှန် ရေး ဆို တာ ဘယ်ဟာ ကိုတော်လှန်ရေး ဆိုတာ သေသေချာချာ လေ့လာဖို့ လို တယ်။ 

အခုလို အခါမျိုး မှာ ဗမာပြည်လို တိုင်းပြည် မျိုးမှာ မို့လို့ လူငယ်တွေ ဟာ တော်တော် တိုးတက်နေနိုင် တာပဲ ။ အိန္ဒိယ မှာဆိုရင် လူငယ်တွေ ဟာ ဒီလို အခြေအနေ မျိုးရောက်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲ- လူကြီးတွေ က လူငယ် တွေထက် အရည်အချင်း အတော် အတန် ရှိနေတော့ တိုး မဖောက်နိုင်တဲ့ အခြေ အနေ ရှိတယ်။ 

အခု လူငယ်တွေ မြန်မာ ပြည်ရဲ့နိုင်ငံရေး မှာ ထိပ်သီး ထိပ်တန်း ရောက်နေတယ် ဆိုတာ လူငယ်တွေ သိပ် တော် လို့ မဟုတ်ဘဲ လူကြီးတွေ သိပ်ညံ့ လို့ဆိုတာကို သိဖို့လိုတယ်။ အဲဒီတော့ ကိုယ့်ကိုယ် ကို သိပ် အထင်ကြီး ဖို့ မလိုဘူး။ အခုနေအခါမျိုး မှာ ကျုပ်တို့ နားမလည်တဲ့ ကိစ္စတွေ အများကြီး ရှိနေ တယ်။ 

အဲဒီတော့ နား မလည်တာတွေကို နား လည်အောင် လုပ်ပါ။ တတ်ယောင်ကား နဲ့တော်လှန်ရေး စကားတွေ ချည်း တွင်တွင်သုံးပြီး နောက် ဆုံး တော်လှန်ရေး လည်း ဘာမှ မဖြစ်ဘူး။ ဒီတော့ ဒါမျိုး ကို ရှောင်ဖို့ လိုတယ်။ ဒီတော့ကာ အခုတိုင်းပြည် ပြန်လည် ထူ ထောင်ရေး နဲ့ လွတ်လပ်ရေးတွေ ကို လုပ်တဲ့ လုပ်ငန်းတွေမှာ စကား သိပ်များ များ မပြောဘဲနဲ့ အလုပ် တွင်တွင်ကျယ် ကျယ် လုပ်နိုင်အောင် ကြိုးစားဖို့ လို တယ်။

ဗမာပြည်မှာ ဆိုရင် လူငယ်တွေ ဟာ တစ်ယောက်တည်း အပြေးပြိုင်နေ ရတဲ့ သူတွေလို ပြိုင်ဘက် မရှိဘဲ အပြေး ပြိုင်နေရတာပဲ။ အဲဒီလို ပြိုင်ဘက် မရှိဘဲ အပြေးပြိုင်နေ ရတဲ့ အထဲက ပန်း တိုင်ကို မရောက်နိုင်လို့ ရှိရင် ငါတို့ တစ်တွေကို ရန်သူက ထခြေထိုး လို့ မဟုတ်ဘဲနဲ့ ငါတို့ ရှော်လို့သာ ဆိုတာ သိရမယ်။

ကျွန်တော် ဒါတွေကို ပြောနေရ တာလည်းပဲ ရှေ့ကိုဗမာပြည်ရဲ့အရေးကိုလိုလားလို့ ပြောနေရခြင်း ဖြစ် တယ်။ ကျွန်တော်တို့ရဲ့ အဖို့မှာ ဆိုရင် ဗမာပြည် လွတ်လပ်ရေး ရတဲ့ တစ်နေ့မှာ ကျွန်တော် နိုင်ငံရေး က ထွက်ချင် ထွက်မှာပဲ။ ထွက်ဖို့ လည်း စိတ်ကူးနေတယ်။ 

အဲဒီတော့ ကျွန်တော် အတိအလင်း ပြော ချင် တာက ဗမာပြည်က လူငယ်တွေ ဟာ အရမ်းမဲ့ အထင်ကြီး ပြီးတော့ကာ ကိုယ့် တာဝန်တွေ ကို မလုပ်ဘဲနဲ့၊ စကားများ မနေဘဲနဲ့ မိမိတို့ နောင်ရေးကို မျှော်တွေးပြီး ဗမာ ပြည်ရဲ့ အကျိုးကို တကယ် လိုလားတယ် ဆိုရင် လူငယ်တွေဟာ တော်လှန်ရေး စကား တွေပြော တာ လျှော့ ပြီးတော့ တော် လှန်ရေး ရဲ့ တကယ် အလုပ်ကို လုပ်ကြစမ်း ပါဆို တာ ပြောခဲ့ ချင်တယ်”။


၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ဗမာ နိုင်ငံ လူငယ်များ အစည်း အရုံး ပြန်လည်ဖွင့်လှစ်ပွဲတွင်ဗိုလ်ချုပ်အောင်ဆန်းက‘လူငယ်တွေဘာလုပ်သင့်သလဲ’ဟူသော ပြဿနာ အတွက် အောက်ပါ အတိုင်း သြဝါဒ မိန့်ခွန်း မြွက်ကြားခဲ့လေသည်။

”လူငယ်တွေ အတွက် ကျွန်တော် ပြောချင်တာက လူငယ်တွေ တကယ် အလုပ် လုပ်ချင်ရင် နာမည် ပျက်အောင် မလုပ်ပါနဲ့။ နောက်ပြီး တစ်ခု ရှိတာက စတန့် လုပ်တာမျိုး၊ လူကြည့်ကောင်းတဲ့ အလုပ်မျိုး၊ နာမည် ရမည့် အလုပ်မျိုး လုပ်ရင် အလကားပဲ။ သေသေချာချာ ထိထိရောက်ရောက် အလုပ် လုပ်ကြ ရင် လူငယ်တွေဟာ မြို့မှာချည်းပဲ မနေဘဲ တောကို လည်း သွားပြီးတော့ အလုပ်လုပ် ကြပါ။


မြို့မှာ လုပ်ရင် ထင်ပေါ်တယ်။ လူ သိပေါတယ်။ ဒါပေမဲ့ တကယ် ထိရောက် မှာက တောကိုသွားမှ ထိရောက် မယ်။ အစိုးရ ကလည်း မြို့မှာရှိတဲ့ လူတွေရဲ့ အခြေအနေ ကိုပဲ သိတယ်။ တို့တိုင်းပြည် ငြိမ်းချမ်းရေး လုပ်ငန်း လုပ်ရင် မြို့မှာတော့ အောင်မှာပဲ။ ပြီးတော့ ထူထောင်ရေး တွေလည်း မြို့ မှာတော့ မြန်မြန်ပြီးမှာပဲ။


သို့သော် တောမှာက ဘယ်သူမှ မရောက်တော့ အညံ့ဆုံး ဘဝဖြစ်နေရမှာ ပဲ။ အခြေအနေ မသိတော့ဘယ်သူ က မှ လုပ်ပေးဖော် မရှိဘူး။ တောကို သွား ပြီး အလုပ်လုပ် ရမယ်ဆိုရင် ပိုထိရောက် မယ်။ မြို့မှာလုပ်မယ့် လူတွေ လည်း ပြည့် လို့။ ခင်ဗျား တို့တော့ ကြိုက်တော့ ကြိုက် မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး သမား လည်း ဒီလိုပဲ ဘုန်းကြီး တွေလည်း ဒီလိုပဲ မြို့ချည်းပဲ ကပ်ချင် တယ်။ 

ဘုန်းကြီးတွေ သာသနာပြု စမ်းပါ ဆိုရင် တောထဲတောင်ထဲ မသွားချင် ဘူး။ ဆွမ်းတွေ ဘာတွေ မရလို့  ။ ဟင်း ကောင်းမရလို့၊ သွားတဲ့အခါ မော်တော် ကားလည်း မစီးနိုင်လို့။ရန်ကုန်မှာဆိုရင် မော်တော်ကား ရ မယ်၊ ကြက်သား၊ ဝက်သား နဲ့ အမြဲတမ်း ကောင်းကောင်း မွန်မွန် စားရမယ်။ တော်သလို ဟင်းနဲ့ ဆွမ်းနဲ့ ပဲ တင်းတိမ်နိုင် ရမယ်။ ကုန်း ကြောင်းသွားနိုင်ရမယ်။

တိုင်းပြည် အတွက် လုပ်ရာမှာ အလွန် ထိရောက်တာက တောက ပိုထိ ရောက်တယ်။ ဒါတော့ မှန်တဲ့ အတိုင်း ပြောနေတာ။ နောက်ဆုံးကျတော့ ဘယ်သူမှ လုပ်မှာ မဟုတ် ဘူး။ ဥပမာ နိုင်ငံရေးသမားတွေ သူတို့နယ်က ရှိတဲ့ မြို့ နဲ့ ရန်ကုန် လာတဲ့အခေါက် နဲ့ဆိုရင် ဒီလာတဲ့ အခါက ပိုများတယ်။ ဘာဖြစ်လို့ ရန်ကုန် ခဏခဏ လာပြီး နေရာ လုနေကြ တာလဲ။

 ဒီလိုပဲ လူငယ်တွေလည်း မြို့နေရင် ပိုထင် ပေါ်တယ်၊ စားစရာ သောက် စရာ ကောင်းတယ် ဆိုပြီး မြို့ခိုမနေဘဲ တကယ် အလုပ် လုပ်ချင် ကြရင် တော ကို သွားကြ ဖို့ပဲ။ ဟိုအရင် ၁၉၃ဝ ခုတုန်းက ဗမာတွေ ဟာ ဒီနေရာမှာ ခေါက်ဆွဲဆိုင် တည် ထောင်ရင် ဒီနေရာမှာဘဲ ဗမာဆိုင် တစ်ဆိုင် ထပ်ပြီး လာတယ်။ ဒီပြင် နေရာတွေ အများကြီး ပြည့်လို့ရှိတယ်။ ဆိုင် သက်သက် မရှိတဲ့နေရာ သွားမရောင်း ဘူး။ ဗမာ့ အကျင့်က ဒီလိုရှိတယ်။ 

ဒီလို အလုပ် လုပ်ချင်ရင် လုပ်စရာ နေ ရာတွေ ဟာ ပြည့်လို့၊ မလုပ်ချင်ဘူး ဆိုရင်တော့ မတတ်နိုင်ဘူး။ လုပ်ချင်ရင် လုပ်စရာ တွေ ပြည့်လို့။

စစ်ပြီး ဗမာပြည်မှာ ထူထောင်ရေး လုပ်ငန်းတွေ အများ ရှိတယ်။ ပညာရေး ဘက်က၊ ကျန်းမာရေး ဘက်က အများ ရှိတယ်။ တကယ်လုပ်ရင် မြို့မနေပါ နဲ့။ တော သွားကြပါ။ နာမည်ဖြစ်ရုံ၊ စတန့် ဖြစ်ရုံ လုပ်ချင်ရင် ခင်ဗျားတို အခုရှိတဲ့ အခြေအတိုင်းပဲ လုပ်ကြ၊ ဗမာပြည် တော့ ကြီးပွား မှာ မဟုတ်ဘူး။
 
ကျွန်တော်တို့ ဗမာပြည်မှာ ညီညွတ်မှု မရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေးမှာ ဥပမာ ဆိုရင် ဗမာပြည်ကို တကယ် လို့  နိုင်ငံ အုပ်ချုပ်ရေးပေးဖို့ ကိစ္စဖြစ် လာ တော့ ရှမ်း ကနေပြီးတော့ ကျွန်တော် တို့ မပါချင်ဘူး ဆိုရင် ခင်ဗျား တို့ ဘာမှ မတတ်နိုင်ဘူး။ ရှမ်းတွေက ကျွန်တော် တို့ ဗမာတွေထဲ မပါချင် ဘူး ပြောရင် ဘယ်သူမှ မတတ်နိုင် ဘူး။ ပါ ချင်အောင် လုပ်ရင် ရှမ်းပြည် သွားပြီး လုပ်ကြ။ 

ရှမ်း တွေက ကျွန်တော်တို့ သဘောထားတွေ သိလာမယ် ဆိုရင် ဘယ်သူမှ မပါချင်ဘူး ဆိုတဲ့ စကားပြော မှာ မဟုတ်ဘူး။ အခု တော့ ရှမ်းတွေ မပါချင်ဘူး ပြောတယ်ဆို ရင် ကျွန်တော်တို့ ဘာတတ်နိုင် မလဲ ရှမ်းတွေနဲ့ ကျွန်တော် တို့ ပေါင်းချင်လို့ ရှိရင် ရှမ်းပြည်ထဲမှာ သွားပြီးတော့ အလုပ် လုပ်ကြ။ တကယ် ထိရောက်တဲ့ အလုပ်က အဲဒီလိုလုပ်မှ ဖြစ်မယ်။ 

အလကား စကားတွေ ပြောနေလို့အပိုပဲ။ အလုပ်လုပ်ရင် တောကိုပဲ သွားကြဖို့ လိုတာ …ကျုပ်ပြော ချင်တယ်”
လူငယ်တွေ အတွက် မှာကြားခဲ့ သော ဗိုလ်ချုပ်သည် ထိုစကား၊ ထိုအ မှာများ ကို ပြောကြားစဉ် က ဆိုလျှင် အသက် ၃ဝ ကျော် အရွယ် လူရွယ်သာ ရှိပါသေးသည်။ တိုင်းပြည် အတွက်ဆိုလျှင် ကျရာနေ ရာ ရောက်ရာ အရပ်တွင် နေနိုင် အောင်လည်း ကျောင်းသား ဘဝကဆို လျှင် ရန်ကုန် တက္ကသိုလ် ကျောင်း သား သမဂ္ဂ အဆောက် အအုံ ခုံတန်းလျားပေါ် တွင် အိပ်စက်ခြင်းဖြင့် လည်းကောင်း၊ 

တက္ကသိုလ် ကျောင်းသားဘဝမှ သခင် ဘဝသို့ အရောက်တွင်လည်း ရေကျော်ရှိ တို့ဗမာ အစည်းအရုံး ဌာန ချုပ် တွင် ကြမ်းပိုးများ ခြင်များဖြင့် နပန်းလုံး၍ လည်း ကောင်း နေထိုင်ခဲ့သလို ဂျပန်စစ်သင် တန်း ကာလ၊ ဗမာပြည်သိမ်း တိုက်ပွဲများ တွင်လည်း ရဲဘော် များနှင့် အတူ ရှေ့တန်း အထိ ပါဝင် တိုက်ခိုက်ခဲ့ သည့် ခေါင်း ဆောင်ကောင်း တစ်ဦး ဖြစ်ပါသည်။

ယနေ့ခေတ် လူငယ်များ အတုယူ စံထားအပ်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ် ဗိုလ်ချုပ်၏ ၉၉ နှစ်မြောက် ရာပြည့် အကြို မွေးနေ့ အား ဂုဏ်ပြု တင်ဆက် လိုက် ခြင်း ဖြစ် ပါသည်။


Popular Myanmar News Journal
From...Search Myanmar 


No comments:

Post a Comment