*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

ကိုယ်က အလုပ် မရှာပဲ အလုပ် က ကိုယ့် ကို ရှာစေ ဖို့ နည်းလမ်း


fine job 

ရိုးရာလေး က သူငယ်ချင်း တို့ အလုပ်တွေ ရှာနေ ရတာ မပင်ပန်း ဘူးလား။ အလုပ်က ကိုယ့်ကို ရှာစေ မယ့် နည်းလမ်း ရှိပါတယ်။ အဲ့ဒါ တကယ်ပါ။ လက်တွေ့ သိရှိ အသုံးပြုနေတဲ့ နည်းလမ်း ဖြစ်ပါ တယ်။ အဲ့ဒါ ကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

www.linkedin.com မှာ အကောင့် ဖွင့်ပါ ။ ယနေ့ စီးပွားရေး လုပ်ငန်းရှင် များက လုပ်သားကို Linkedin ကနေ ရှာကြပါတယ်။ ( မြန်မာပြည် ရောက်ရှိ လာတဲ့နိုင်ငံ တကာ ကုမ္မဏီကြီး အတော် များများဟာ လုပ်သားကောင်း ရရှိဖို့ အတွက် Linkedin ကနေ လူရှာ ပါတယ်။ 




ကျနော် တို့ work.com.mm ကိုယ်တိုင် ကလည်း Linkedin ကနေ Perfect ဖြစ်တဲ့ Profile account holder များကို ရှာဖွေ အင်တာဗျူးခေါ်ယူ ခန့်အပ် ပါတယ်။ ဒါ့အပြင် မြန်မာပြည်က အကြီးဆုံး ဖြစ်ပါ တယ် ဆိုတဲ့ ကုမ္မဏီကြီးတွေ လည်း Premium account ဝယ်ပြီးတော့ ပြည်တွင်း လုပ် သား ရှာနေတာ မျက်မြင် ကိုယ်တွေ့ တွေ့လိုက် ရ ပါတယ်။ ဖုန်းနံပါတ် နဲ့ ဆက်သွယ်ရန် အီးမေးလ် တို့ကို သေချာ ရေး ထားရင် သင့် ကို ဆက်သွယ် လာပါ လိ့မ်မယ်။

Blog ရေးပါ
ဒါဟာ လည်း အလုပ် ရစေမယ့် နည်းလမ်း တစ်ခုပါ။ ဒီခေတ် မှာ Blog ရေး လို့ ရမယ့် Platform တွေ အများ ကြီး ပါပဲ။ www.blogger.com  ရှိသလို၊ www.wordpress.com  လည်း ရှိပါတယ်။ အခြားသော Blog များ လည်း ရှိပါသေးတယ်။

 အဲ့ဒီ Blog တွေ မှာ SEO ကို on ထားပြီး ကိုယ်ရေး သမျှကို Google မှာ အလွယ်တကူ ရှာဖွေလို့ ရနေ ရင် နိုင်ငံတကာ ကနေ ပြည်တွင်း ဝင်လာမယ့် လုပ်ငန်းရှင် များက သင့်ကို ဆက်သွယ် လာပါလိမ့်မယ်။ ကိုယ် သွားတဲ့ ပရော်ဖက်ရှင် လိုင်း နဲ့ ဆိုင် တဲ့ စာတွေကို ရေးပြီး တင်ရမှာ ဖြစ်ပါတယ်။ 

 အင်ဂျင်နီယာ ဆိုရင်လည်း မိမိရဲ့ အင်ဂျင်နီယာ ဆိုင်ရာ အတွေး အမြင် အယူအဆ များကို တင်ရပါမယ်။ ဒါ့အပြင် အခြားသော ပရော်ဖက်ရှင်နယ် လိုင်း အလျောက် ရေးသား တင်ရ ပါမယ်။

Facebook Page လုပ်ပါ
အမှန်တော့ Social Media Page လုပ်ပါလို့ ပြောချင်ပေ မယ့် လောလော ဆယ်တော့ Facebook Page လုပ် ထား ရုံ နဲ့ အဆင်ပြေ ပါတယ်။ Facebook Page (www.facebook.com/page) ကနေ မိမိ ရဲ့ Talent and product ကို Branding လုပ်ရ ပါမယ်။ မိမိ ရဲ့ အရည်ချင်း နဲ့ ထုတ်ကုန် ကို တင်ပေးခြင်းဖြင့် လူ အများ ရှိနေတဲ့ Facebook ပေါ်မှာ နာမည်ကြီး လာ ပါမယ်။

 နောက် ဆိုရင် မိမိ ကို လုပ်ငန်းရှင် များက ဆက်သွယ် လာပြီးတော့ အလုပ် လုပ်ဖို့ လက်တွဲ ခေါ်ပါလိမ့် မယ်။ (ကိုယ်တွေ့ပါ ;) )

လုပ်ငန်း ဆိုင်ရာ မိတ်ဆွေ များများ ထားပါ
မိမိ Personal အရ ခင်မင် တဲ့ အပေါင်းအသင်း မဟုတ်ပဲ လုပ်ငန်း ဆိုင်ရာ ခင်မင် ရတဲ့ သူများကို အလေးပေး ဖို့ လိုအပ် ပါတယ်။ Personal relation ပါ ယူထားနိုင် ရင်တော့ အကောင်းဆုံး ပါ ပဲ။ နောက် ဆိုရင် အလုပ် အကြောင်း ကိစ္စ အရ တစ်ခုခု လိုတဲ့အခါ အဲ့ဒါမျိုး သူလုပ်နိုင်တယ် သူ့ကို ဆက်သွယ်လိုက် ဆိုတာမျိုး တစ်ယောက် နဲ့ တစ်ယောက် လမ်းညွန် တာမျိုးတွေ ဖြစ်လာ ပါတယ်။ ဒါလည်း ကိုယ်တွေ့ပါ။

 ကိုယ် ကလည်း သူ့ကို ညွန်ပေး သလို သူကလည်း ကိုယ့်ကိုယ် ညွန်ပေး ပါတယ်။ ဒီလို နဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန် ညွန်ရာ ကနေ ပတ်ဝန်းကျင် မှာ ကိုယ်ဟာ လူသိများ သူ၊ အရည်အချင်း ပေါ် လွင် သူ တစ်ယောက် ဖြစ်လာ ပါလိမ့်မယ်။ ဒါဆိုရင် လည်း လုပ်ငန်းရှင် များက သင့်ကို ခေါ်ယူဖို့ ဆန္ဒပိုဖြစ် လာမှာပါ။

ပြည်တွင်း  ဝဘ်ဆိုဒ်တွေ မှာ အကောင့် ဖွင့်ပါ
ပြည်တွင်း အလုပ်ရှာ ဝဘ်ဆိုဒ်တွေ မှာ အကောင့် ဖွင့် ထားပါ။ သူက အထက်ပါ လုပ်ဆောင်ချက် များလောက် အကျိုး မသက်ရောက် ပေမယ့် သူငယ်ချင်း ထဲမှာ အဲ့လို ဖွင့်လို့ အလုပ် ရသွားတဲ့ သူတွေ ရှိတယ်လို့ ပြောပါတယ်။ www.work.com.mm တို့လို ဝဘ်ဆိုဒ်မှာ တင်နိုင် ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment