*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 22 February 2014

တန်ဖိုးမျှတ အိမ်ရာ


 Date: 22/02/2014

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အိမ်ရာလုပ် ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ပေးသော စီမံကိန်း အိမ်ရာများကို ဖော်ဆောင်လျက်ရှိသည်။ 

ဦးစွာ ခြေလှမ်း အဖြစ် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းက တိုက်ခန်းများကို ၀ယ်ယူလိုသူများ ထံမှ လျှောက်လွှာ ခေါ်ယူခဲ့သည်။

တည်နေရာမှာ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက် ဗိုလ်ဗထူး လမ်းဘေးရှိ မြေကွက် လပ် တွင် ဖြစ်သည်။ ၄ ခန်းတွဲ ၈ ထပ်တိုက် (၁၄) လုံး ဆောက် လုပ်မည် ဖြစ်သည်။

အောက်ဖော်ပြပါ အခန်းအမျိုးအစား အရေအတွက်နှင့် ဈေးနှုန်းများအတိုင်း ရောင်းချပေးမည် ဖြစ်သည်။

 
(က) U600 အမျိုးအစား -
Type A- ၉၂၇ စတုရန်းပေ (၉၀) ခန်း ရှိပြီး၊ တစ်ခန်းလျှင် ကျပ် (၃၄၇) သိန်း
Type B- ၈၇၇ စတုရန်းပေ ခြောက်ခန်း ရှိပြီး၊ တစ်ခန်းလျှင် ကျပ် (၃၂၉) သိန်း
(ခ) U600 အမျိုးအစား -
Type A- ၆၁၄ စတုရန်းပေ (၃၃၀) ခန်းရှိပြီး (၁) ခန်းလျှင်- ကျပ် (၂၅၅) သိန်း၊ Type B-၅၆၅ စတုရန်းပေ (၂၂) ခန်းရှိပြီး တစ်ခန်းလျှင် ကျပ် (၂၃၇) သိန်း။ အဆိုပါ တိုက်ခန်းများကို နည်းလမ်းနှစ်သွယ်ဖြင့် ရောင်း ချမည်ဟု ဆိုသည်။


နည်းလမ်း(၁) အရစ်ကျ ၀ယ်ယူမှုတွင် ခြောက်ရစ်ခြောက်ကြိမ် ငွေပေးချေရန်။
(၁) စာချုပ်,ချုပ်ဆိုချိန်တန်ဖိုး၏ (၃၀%)
(၂) ဒုတိယထပ်အပြီး တန်ဖိုး၏ (၁၅%)
(၃) စတုတ္ထထပ်အပြီးတန်ဖိုး၏ (၁၅%)
(၄) ဆဋ္ဌမထပ်အပြီးတန်ဖိုး၏ (၁၅%)
(၅) အမိုးမိုးပြီးချိန် တန်ဖိုး၏ (၁၅%)
(၆) အခန်းအပ်နှံသည့် အချိန်တန်ဖိုး၏ (၁၀%)


နည်းလမ်း (၂) ဘဏ်ချေးငွေနှင့် ၀ယ် ယူမှု (အများဆုံးလေးနှစ်)
(၁) ကြိုတင်ငွေ ၃၀% စထုတ်စဉ် ဘဏ်သို့ ကော်မရှင် ၁% ပေးရမည်
(၂) ပထမနှစ် ဘဏ်တိုး ၉% ပေးရမည်
(၃)ဒုတိယနှစ် ဘဏ်တိုး ၅% ပေးရမည်
(၄) တတိယနှစ် ဘဏ်တိုး ၅% ပေးရမည်
(၅) စတုတ္ထနှစ် ဘဏ်တိုး ၅% ပေးရမည်


မှတ်ချက်။ ။  U900 Type A ၃၄၇ သိန်း တန် အခန်းအတွက် ဘဏ်တိုးပေါင်း ကျပ် ၆၁၇,၆၆၁၆ ပေးရ သဖြင့် လေးနှစ်ကုန်သောအခါ စုစုပေါင်း ၄၀,၈၇၆,၆၁၆ ကျန် တန်ဖိုးပေးရခြင်း ဖြစ်မည်။
 
U900 Type B ၃၂၉ သိန်းတန်အခန်း အတွက် ဘဏ်တိုးပေါင်း ကျပ် ၅,၈၅၆,၂၁၆ ပေးရ သဖြင့် လေးနှစ် ကုန်သောအခါ စုစုပေါင်း တန်ဖိုးကျပ် ၃၈,၇၅၆,၂၁၆ ပေးရခြင်း ဖြစ်မည်။

U 600 Type A ၂၅၅ သိန်းတန် အခန်းအတွက် ဘဏ်တိုးပေါင်း ကျပ် ၄,၅၃၉,၀၀၀ ပေးရ သဖြင့် လေးနှစ် ကုန်သောအခါ စုစုပေါင်း တန်ဖိုးကျပ် ၃၀,၀၃၉,၀၀၀ ပေးရ ခြင်း ဖြစ်မည်။

U 600 Type B ၂၃၇ သိန်းတန် အခန်းအတွက် ဘဏ်တိုးပေါင်းကျပ် ၄,၂၁၈,၆၀၀ ပေးရ သဖြင့် လေးနှစ် ကုန်သောအခါ စုစုပေါင်း တန်ဖိုးကျပ် ၂၇,၉၁၈,၆၀၀ ပေးရ ခြင်း ဖြစ်မည်။ 

တိုက်ခန်း ၀ယ်ယူသူများနှင့် ပတ်သက်သည့် စည်းကမ်းချက် (၁၄) ချက်နှင့် ကိုက်ညီမှုရှိရမည့် အချက် ကိုးချက်တို့ကို ထုတ်ပြန် ကြေ ညာထားသည်။

 လျှောက်လွှာခေါ်ယူ ချက်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်အထိ လက်ခံမည်ဟု သိရသည်။ ရုတ်တရက် တွင်မူ အိမ်ရာစီမံ ကိန်းမှ တိုက်ခန်းများကို ၀ယ်ယူလိုသူ အ တော်များလိမ့်မည်ဟု ယူဆဖွယ် ရှိသည်။
 

သို့သော် စည်းကမ်းချက်များကို ဖတ်ရှု ပြီးသော အခါ ပထမဆုံး အစိုးရ၀န်ထမ်း များလျှောက်ရန် လျော့ သွားသည်။ လုပ် သက် အနှစ် ၂၀ ရှိမှဟု စည်းကမ်း သတ် မှတ်သောကြောင့် ဖြစ်သည်။ အမှန်မှာ လုပ် သက် အနှစ် ၂၀ မပြည့်သေးသည့် ၀န် ထမ်းအများစုသာ တိုက်ခန်းမရှိသေးခြင်း ဖြစ်သည်။ 

လုပ်သက် အနှစ် ၂၀ ကျော် အစိုးရ ၀န်ထမ်း အများစုသည် ဒဂုံမြို့သစ် အိမ်ရာ စီမံကိန်း ဖော်ဆောင် စဉ် လွန်ခဲ့သော အနှစ် ၂၀ က မြေကွက်များ ကျပ် ၁၀,၀၀၀၊ ၂၀,၀၀၀ ပေးသွင်း၍ နှစ်ထပ်တိုက်မဟုတ် ပျဉ်ထောင် အိမ် ကျယ် ၁၀ သိန်းထက်မပိုဘဲ ဆောက်လုပ် နေထိုင်လျက်ရှိပြီး ဖြစ်သည်။

တစ်ဖန် လျှောက်ထားသူ ၏ မိသားစု ပျမ်းမျှ လစဉ်ဝင်ငွေ စုစုပေါင်း အနည်းဆုံး သုံးသိန်းကျပ်ရှိရမည် ဟု သတ်မှတ်ထားရာ အစိုးရ၀န်ထမ်း အခြားအဆင့်များနှင့် ကုမ်္ပဏီ ၀န်ထမ်းအများစုတို့မှာ တစ်ဦးကျပ် တစ် သိန်း လစာရသူ ရှားလှသည်။ 

 လက်ထပ် ပြီးစ ဇနီးမောင်နှံ တိုက်ခန်းလိုက်ရှာ နေ ထိုင်ကြရသည်တွင် နှစ်ဦးမှ နှစ်သိန်းလောက်သာ ၀င်ငွေရှိသည့်အတွက် သတ်မှတ်ချက် ပြည့်မီသူ နည်းလေ၏။

နောက် သတ်မှတ်ချက်တစ်ခုတွင် ငှားရမ်းခြင်းမပြုရဟု ပါရှိသည်။ ယခု လျှောက်ထားလိုသူ အများအပြား သည် လက်ရှိ နေထိုင်သောနေရာတွင် လက်ရှိ ၀င်ငွေနှင့် ကိုက်ညီသော တစ်လ တိုက်ခန်းခ ၆၀,၀၀၀ မှ ၈၀,၀၀၀ ကျပ်တန်နေရာတွင် နေထိုင် လျက် ရှိကြသည်။ အကယ်၍ ယခု အိမ်ရာ စီမံကိန်းမှ တိုက်ခန်း ကိုရရှိပါက ပထမ အ ဆင့်အဖြစ် သွားမနေနိုင်သေးစဉ် အငှား ချထားရန် လိုအပ်သည်။

ထိုနေရာတွင် လွှဲပြောင်းရောင်းချခြင်းကို ငါးနှစ်အတွင်း မပြုလုပ်ရဟု စည်းကမ်း သတ်မှတ်ခြင်းဖြင့် လုံ လောက်နေပြီဖြစ်ရာ ငှားရမ်းခြင်း မပြုရ ဟူသောအချက်မှာ မလိုအပ်ဟု ယူဆကြသည်။
ထို အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ငှားခွင့်ပြုမှသာ Supply ဘက်က များလာပြီး အိမ်ခန်းဈေး ကျဆင်း နိုင်မည် ဖြစ်သည်။ အိမ်ရာ ဖွံ့ဖြိုး လိုပါက Supply and Demand နိယာမအရ ငှားခြင်း ၊ ရောင်းခြင်းကို ခွင့် ပြုမှသာ သင့်လျော်သည်။

 နောက်ထပ် ရွှေလင်ပန်း၊ ကျန်စစ်မင်း၊ ဧရာဝဏ်စသော အိမ်ရာ စီမံကိန်း များတိုးချဲ့ဆောက် လုပ် ရောင်း ချပေး သွားမည်ဖြစ်ရာ ထိုအိမ်ခန်းများ အရောင်းအ၀ယ်ဖြစ်လာပါက လက်ရှိ ၀ယ်လို အားများသောကြောင့် တိုက်ခန်းဈေးတက် ခြင်းကိစ်္စ ဖြေရှင်းပေးသည့် အတိုင်းအတာ တစ်ခု အထိ ဖြစ်သောကြောင့် အိမ်ခန်းဈေး ကျနိုင်ပါမည်။

 မရွှေ့မပြောင်း မရောင်းမ ၀ယ်ရဆိုသည်မှာ စီးပွားရေး လောကကို ကန့်သတ် တိုင်း ပိုဈေးတက်သည့် သဘော အရဆိုပါက ဈေးကျအောင်လုပ်ပေးသည့် သဘော မသက်ရောက်တော့ချေ။

ကန့်သတ်ချက် များလျှင် ပေးကားပေး၏ မရဟူသောကိန်းသာ ဆိုက်တတ်လေသည်။ ယခုစီစဉ်ပေးသော အိမ်ရာစီမံကိန်းသည် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းဟု ဆိုထားပါ သည်။ တန်ဖိုးနည်းအိမ်ရာ မဟုတ် ကြောင်း ပေါ်လွင်ပါသည်။ တန်ဖိုး မျှတမှု ရှိမရှိကိုတော့ ၀ယ်မည့်သူများ ဘ က်က တွက်ဆ မည်သာ ဖြစ်ပါ သည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ တိုက်ခန်းများ၏ ဈေးနှုန်းကို အောက်ပါအတိုင်း တွက်ချက် ရရှိသည်။
U900 အမျိုးအစားတွင် -Type A 927 စတုရန်းပေရှိ အခန်း ၏ တစ်စတုရန်းပေ ဈေးနှုန်းမှာ ၃၇၄၃၂. ၅၇၈ ကျပ် ဖြစ်သည်။

Type B 877 စတုရန်းပေရှိ အခန်း၏ တစ်စတုရန်း ဈေးနှုန်းမှာ ၃၇၅၁၄.၂၅၃ ကျပ် ဖြစ်သည်။

U600 အမျိုးအစားတွင် - Type A 614 စတုရန်းပေရှိ အခန်း၏ တစ် စတုရန်းပေ ဈေးနှုန်းမှာ ၄၁၅၃၀. ၉၄၄ ကျပ် ဖြစ်သည်။

Type B 564 စတုရန်းပေရှိ အခန်း၏ တစ်စတုရန်းပေ ဈေးနှုန်းမှာ ၄၁၉၄၆. ၉၀၂ ကျပ် ဖြစ်သည်။

ယနေ့မြို့လယ်တွင် ကန်ထရိုက်တိုက် ကြီးများ ဆောက်လုပ်ပေးနေသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ကြီးများက တိုက်ခန်းဆောက်ရာတွင် တစ်စတုရန်းပေလျှင် ကျပ် ၂၅,၀၀၀ ဖြစ်ပြီး ပိုက် ရိုက် ခနှင့် ဓာတ် လှေခါး တပ်ဆင်ခပါ ပေါင်းလျှင်၂၆,၁၀၀ ကျပ်နှုန်းသာ ရှိသည်။ သို့ဆိုလျှင် ယခုရောင်းပေး သည့် စီမံကိန်း တိုက်ခန်းခသည် ဈေးနှုန်း တန်ဖိုးမျှတမှု ရှိပါ၏လောဟုမေးရန် ရှိနေသည်။

အကယ်၍ သာ ကိုယ့်ဘာသာ မြို့စွန် မြေကွက်ဝယ်၍ One Flat တိုက်ဆောက်ပါက BN သို့မ ဟုတ် ခေတ်သစ်ရေအုတ်နှင့် တိုင်ထူဆောက်လျှင် တစ်စတုရန်းပေလျှင် ကျပ် ၁၂၀၀ နှင့် ရရှိနိုင် သည်။ စတုရန်း ပေ ၁၀၀၀ ရှိသော တစ်ထပ်တိုက် ဆောက်ပါက ကျပ်သိန်း ၁၂၀ သာ ကုန်ကျပေမည်။
ထိုသို့ တွက်ချက်ကြသောအခါ ယခု ဆောက်ပေးမည့် တန်ဖိုးမျှတ အိမ်ရာများ ၀ယ်မည့်သူ လျော့သွား ပေဦးတော့မည်။
 
Credit: Mizzima
From...Search Myanmar
 

No comments:

Post a Comment