*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 9 February 2014

လောက ဖတ်စာ ( မောင်လှမျိုး - ချင်းချောင်းခြံ )


လာကဖတ်စာ ( မောင်လှမျိုး - ချင်းချောင်းခြံ )

-

ဘာမှန်းတောင် မသိသေးဘူး

လောကကြီးက

မျက်စိတစ်ဖက် မှိတ်ပြနေပြီ။

-

အသားထဲမှာ လောက်တက်နေသလို

လောက်ကောင်ရဲ့ အသားထဲမှာလည်း

နောက်ထပ်…

လောက်တက်နေပြန်ရင်. . . . ဒုက္ခ။

-

က, ကြီး . . . .လို့

အော်ဖတ်ဖို့ ပြင်ရုံရှိသေး၊

က, ကြီးက ပက်လက်လှန်ပြ

ငါ ဘယ်လို ဖတ်ရမှာတဲ့လဲ. . . .။

-

ဝ, လုံးကို ကြည့်ရင်း . . .

သုညက အယောင်ဆောင်ထားသလား. . .လို့

သံသယ ၀င်တတ်ပြီ။

သုညက ၀, လုံးယောင်ဆောင်တာ ကိစ္စမရှိ၊

မသိတသိ လူတွေက. . .

ဝ, လုံးရဲ့ ၀ိုင်းဝိုင်းစက်စက် တန်ဖိုးကို

သုည. . .လို့ သတ်မှတ်လိုက်မှ

. . .ဒုက္ခ။

-

ဘယ်မှတောင် မသွားရသေးဘူး

လောက, ကို ပြတင်းပေါက် ဖွင့်လိုက်တာ

ဒုက္ခကို ခလုတ်တိုက်မိပြီ. . . ။ ။

ကဗျာဆရာကြီးမျာဒ၏ ကဗျာများစုစည်းမှူ့

ဘာမှန်းတောင် မသိသေးဘူး

လောကကြီးက

မျက်စိတစ်ဖက် မှိတ်ပြနေပြီ.......



အသားထဲမှာ လောက်တက်နေ သလို

လောက်ကောင် ရဲ့ အသားထဲမှာလည်း

နောက်ထပ်…

လောက်တက်နေပြန်ရင်. . . . ဒုက္ခ။



က, ကြီး . . . .လို့

အော်ဖတ်ဖို့ ပြင်ရုံ ရှိသေး၊

က, ကြီးက ပက်လက် လှန်ပြ

ငါ ဘယ်လို ဖတ်ရမှာတဲ့ လဲ. . . .။

-

ဝ, လုံးကို ကြည့်ရင်း . . .

သုညက အယောင်ဆောင်ထား သလား. . .လို့

သံသယ ၀င်တတ်ပြီ။

သုညက ၀, လုံးယောင်ဆောင် တာ ကိစ္စမရှိ၊

မသိတသိ လူတွေက. . .

ဝ, လုံးရဲ့ ၀ိုင်းဝိုင်းစက်စက် တန်ဖိုးကို

သုည. . .လို့ သတ်မှတ်လိုက် မှ

. . .ဒုက္ခ။

-

ဘယ်မှတောင် မသွားရသေးဘူး

လောက, ကို ပြတင်းပေါက် ဖွင့်လိုက်တာ

ဒုက္ခကို ခလုတ်တိုက် မိပြီ. . . ။ ။

ကဗျာဆရာကြီးများ ၏ ကဗျာများ စုစည်းမှု
 

No comments:

Post a Comment