*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 2 February 2014

ခန္ဓာကိုယ် အပူဓာတ် ကို အားကောင်းစေမည့် အစား အသောက်များ




အပြင် ရာသီဥတုက အေးမြနေတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်က နွေးထွေး နေစေဖို့ဆိုရင် သင့်ခန္ဓာ ကိုယ်ရဲ့ အပူဓာတ် က အားကောင်းနေမှ အဆင်ပြေ မှာပါ။

 

တုန်ခိုက်နေအောင် ချမ်းအေးနေတဲ့ အရပ်ဒေသမှာ နေထိုင်ရသူတွေ ဆိုရင် အအေးဒဏ် ကို ရင်ဆိုင်နိုင်ဖို့ အစား အသောက် ရဲ့ အရေးပါပုံ ကို သိထားဖို့ လိုအပ်ပါတယ်။



၁) ချင်း (ဂျင်း)

ချင်း(ဂျင်း)မှာ မွှေးကြိုင် သင်းပျံ့တဲ့ ရနံ့ နဲ့ အပူဓာတ်ကို အားပေးတဲ့ အစွမ်း သတ္တိတွေ ရှိပါတယ်။ အကြောင်းကတော့ ချင်းမှာ အစွမ်းထက် ဒြပ်ပေါင်း နှစ်မျိုးဖြစ်တဲ့ ဂျင်ဂျီရော (Gingerol) နဲ့ လျှိုဂါအော (Shogaol) တွေ ပါဝင် နေတာ   ကြောင့် ပါ။ 
 
 
ချင်း(ဂျင်း)ဟာ ခေါင်းကိုက်ခြင်းနဲ့ အစာခြေ လမ်းကြောင်း ပြဿနာတွေ ကိုလည်း သက်သာစေကာ ချင်းပြုတ်ရည် တစ်ခွက်ကို သောက်ပေးပါက ခန္ဓာကိုယ် တစ်ခုလုံးကို နွေးထွေး သွားစေ ပါတယ်။

၂) အုန်းဆီ

အုန်းဆီက အဆီဓာတ် ပါဝင်မှုနည်း တဲ့ အစာတော့ မဟုတ်ပါဘူး။ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းမှာ ၁၁၇ ကယ်လိုရီ နဲ့ အဆီဓာတ် ၁၃.၆ ဂရမ် ပါဝင်နေပါတယ်။ ဒါပေမဲ့ အုန်းဆီမှာ ကိုယ်ခံစွမ်းအား ကောင်းစေခြင်း၊ အနာ ကျက်နှုန်း မြန်စေခြင်း၊ ကိုယ်အလေးချိန် သိသိသာသာ ကျစေခြင်းစတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေတော့ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် အုန်းဆီစစ်စစ်ကို ဟင်းသီးဟင်းရွက် သုပ်တွေထဲမှာ ထည့်စားရင် ခန္ဓာကိုယ်ကို ပူနွေး စေပါတယ်။ အုန်းဆီကို အများကြီးတော့ မစားသင့်ပါ။

၃) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက်ကို သောက်ပေးတာ က ခန္ဓာကိုယ်ကို နွေးထွေး သွားစေပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ပါတဲ့ ကက်တီချင် လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးဟာ ပူနွေးစေ တဲ့ အာနိသင် ရှိပါတယ်။

From... Myawady News

No comments:

Post a Comment