*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 7 February 2014

ကမ္ဘာနဲ့ လကို အင်္ဂါဂြိုလ်ပေါ် က ရိုက်ကူးတဲ့ ဓာတ်ပုံ နာဆာ ဖြန့်ချီ

ကောင်းကင်ကို ကြည့်လိုက်ရင် အခြား ဂြိလ်တွေ၊ ကြယ်တွေတွေကို မြင်တွေ့ကြတာ မထူးဆန်းတော့ပေမယ့် လူသားတွေ နေထိုင်ကြတဲ့ ကမ္ဘာဂြိလ်ကို အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ် ကနေ မြင်တွေ့ ရ တဲ့ မြင်ကွင်း ကတော့ ထူးခြားပါတယ်။ 




 အင်္ဂါဂြိုလ်ပေါ်က ကမ္ဘာဂြိုလ်ကို မြင်ရတဲ့ မြင်ကွင်း ဓာတ်ပုံ- နာဆာ

အခု ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ ကမ္ဘာဂြိုလ်ကို လှမ်းမြင်တွေ့ရတာကို ပထမဆုံး ရိုက်ကူး မှတ်တမ်းတင် ထားတာပါ။ 



တစ်ကယ်တော့ ဂြိုလ်နီကြီး လို့ ခေါ်ကြတဲ့ အင်္ဂါဂြိုလ် နဲ့ ကမ္ဘာဂြိုလ် ဟာ မိုင်ပေါင်း ၃၄ သန်း ကျော် ကွာဝေး ပါ တယ်။




NASA က ဂြိုလ်နီကြီးပေါ် ကမ္ဘာ ကနေ လွှတ်တင်ထားတဲ့ Cruiosity Rover ဆိုတဲ့ မစပ် စု အမည်ရ ဂြိုလ်ပေါ်သွား သုတေ သန ယာဉ်ငယ်က လွန်ခဲ့တဲ့ တပတ်က ရိုက်ကူးထားတာကို မနေ့ညကပဲ ဒီဓာတ်ပုံကို တွတ်တာ လူမှု ကွန်ရက်နဲ့ ဖြန့်ချိခဲ့ တာ လို့ The Mirror သတင်း တစ်ပုဒ်မှာ ဖော်ပြ ထားပါတယ်။

အင်္ဂါဂြိုလ် မျက်နှာပြင် ကနေ နေဝင်ချိန် အလှကို ရိုက်ကူးပြီး ၁ နာရီကျော်ကြားမှာ အခုပုံကို ရိုက်ကူး တာလို့ ဆိုပါတယ်။

နာဆာက ပြောခွင့် ရသူ တဦးကတော့ “လူသား တဦးဟာ သာမန် အမြင်မျက်စေ့နဲ့ပဲ အင်္ဂါဂြိုလ်ပေါ် က ရပ်ကြည့် လိုက်ရင် လ၊ နဲ့ ကမ္ဘာ ကို သိပ်မဝေးကွာ တဲ့ တောက်တောက် ပပ ညနေခင်း ကြယ်တွေ အဖြစ် လွယ်လွယ်ကူကူမြင်နိုင်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။




အင်္ဂါဂြိုလ်က ပေးပို့လာတဲ့ ဓာတ်ပုံမှာ ကမ္ဘာရဲ့ အောက်မှာ လ ကို လင်းလက်တဲ့ ကြယ်တွေအဖြစ် နဲ့ မြင်ရ ပါတယ်။ 
အခု တော့ ကျမတို့ နေထိုင်တဲ့ ကမ္ဘာဂြိုလ်ကို ကျမတို့ ကိုယ်တိုင် ဓာတ်ပုံက တဆင့် မြင်ရပြီပေါ့။ 
ကား အရွယ်အစား ရှိတဲ့ Curiosity Rover ကို နာဆာက ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က Cape Canaveral ကနေ လွှတ်တင်ခဲ့ပြီး အင်္ဂါဂြိုလ်ပေါ်က ပစ်မှတ်ထားခဲ့တဲ့ နေရာဖြစ်တဲ့ Gale Crater ဆိုတာနဲ့ ၁ မိုင်ခွဲလောက် အကွာမှာ ၂ဝ၁၂ ခုနှစ် သြဂုတ်လ၆ရက်နေ့က အောင်အောင်မြင်မြင် ဆင်း သက်ခဲ့တာပါ။ 
Curiosity အစီအစဉ် အဖြစ် နာဆာက အင်္ဂါဂြိုလ်ပေါ်ကို ၁၉၉၆ ခုနှစ်ကတည်းက အမည် နာမ မပေးခဲ့ပဲ စမ်းသပ် ပစ်လွှတ်ခဲ့တာ ၄ ကြိမ်ရှိတယ်လို့လည်း အဲဒီ သတင်းက ဖော်ပြထားပါတယ်။ 

အိမ့်သံစဉ် ~ 
From...Search Myanmar







No comments:

Post a Comment