*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 19 February 2014

စူပါကမ္ဘာ ဂြိုဟ်တစ်လုံးပေါ် တိမ်တိုက်များ Hubble မှန်ပြောင်းနဲ့ တွေ့ရှိ










အလင်းနှစ် ၄၀ အကွာ က စူပါကမ္ဘာ အမျိုးအစား ဂြိုဟ်ပေါ်ရှိ ဓာတ်ငွေ့ထုထဲက တိမ်တိုက်တွေကို နာဆာ ရဲ့ Hubble အာကာသကြည့် မှန်ပြောင်း နဲ့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ 

ဒါဟာ ကျွန်တော်တို့နေအဖွဲ့အစည်း အပြင်ဘက်က ဂြိုဟ်တစ်လုံးရဲ့ ရာသီဥတုကို ပထမဆုံးအကြိမ် ခန့်မှန်း ဖူးတာပဲ ဖြစ်ပါတယ်။



GJ1214b သိထားတဲ့ အဲ့ဒီ့ဂြိုဟ် ကို စေ့စေ့ စပ်စပ်လေ့လာလိုက်တဲ့ အခါ ကမ္ဘာနဲ့ နက်ပကျွန်းဂြိုဟ် ကြား အရွယ် အစားဖြစ်နေတာကြောင့် စူပါကမ္ဘာ အမျိုးအစားဂြိုဟ် လို့ သတ်မှတ်လိုက်ပါတယ်။
 
တခြားနေတွေရဲ့ ပတ်ဝန်းကျင် တစ်ဝိုက် ဂြိုဟ်တွေကို လေ့လာချက်များအရ GJ1214b လို စူပါကမ္ဘာတွေ ဟာ နို့နှစ်ရောင်လမ်း နဂါးငွေ့တန်းထဲက သာမန်ဂြိုဟ် အမျိုးအစားတွေ ပဲဖြစ်တယ် ဆိုတာကို သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ဂြိုဟ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သဘာဝကိုတော့ မသိရသေးပါဘူး။
 
GJ1214b ဂြိုဟ်ကို ယခင်လေ့လာ ထားချက်များအရ သူ့ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုနဲ့ ပတ်သက် ပြီး ဖြစ်နိုင်ခြေ အဓိပ္ပါယ်ကောက်ချက် နှစ်မျိုးထွက်ပါတယ်။ GJ1214b ဂြိုဟ်ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ ထုထဲမှာ ရေခိုးရေငွေ့ (သို့) တခြား မော်လီကျူးအလေးတွေ ပါမယ်။ ဒါမှမဟုတ် တိမ်တိုက် ရဲ့ အောက်ကွယ်မှာ ဘာရှိတယ်ဆိုတာကို လေ့လာခွင့်မရအောင် တားဆီးထားတဲ့ အရမ်းမြင့်တဲ့ တိမ်တောင်မြင့်တွေ ပါတယ်။
 
ဒါပေမဲ့ GJ1214b ဂြိုဟ်ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုထဲမှာ တိမ်တိုက်တွေရှိကြောင်းကို အတည်ပြုနိုင် ချက်တွေကို ကျွမ်းကျင်ပညာရှင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 

Ref:timesofindia
Credit: Trend Myanmar

From...Search Myanmar

No comments:

Post a Comment