*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 19 February 2014

Joe Satriani { 1 }

Joe Satriani

 








 Joe Satriani ကို 1956 ခုနှစ် Nwe York မြို့  Westbury  မှာမွေးဖွား တာဖြစ်ပါတယ်။ သူဂစ်တာနှင့် အသက်မွေး နေတဲ့ ကာလများ အတွင်းမှာ သူဟာ သီဆိုဖျော်ဖြေ ရတာထက် စာရင် ဆရာဖြစ်ရန် အထုံ ပါသူ တစ်ယောက်လဲဖြစ်ပါတယ်။

 သူဟာ ဆရာ အဖြစ်ရော နည်းပြပေးသူ အဖြစ်နဲ့ ပါ သင်ကြားပေးခဲ့ သူ နာမည်ကျော် များ ဦးရေဟာ ၈၀ မှ ၉၀ ကြားရှိပါတယ် ။ 



 အဲဒီအထဲ မှာ Steve Vai, Metallica က Kirk Hammett Primus က Larry LaLonde , နှင့် Counting Crows က David Bryson တို့ ဖြစ်ကြပါတယ် ။ သူသင်ပေးခဲ့တဲ့ ဂီတ ပညာရှင် အားလုံးကို အလှုံ့ဆော်နိုင်ဆုံး ကတော့ သူ့ရဲ့  Satch Boogie  ဖြစ်ပါတယ် ။

Guitar ဆိုဒ် တစ်ဆိုဒ် မှ Joe Satriani  ရဲ့   "Satch Boogie"  တေးသွားလေးပါ။




သူငယ်စဉ် က  Jimi Hendrix  ကိုအရမ်း ကို ကြည်ညိုလေးစား အားပေးခဲ့သူဖြစ်ပါတယ် ။ Jimi Hendrix သေဆုံးပြီးသွားတဲ့နောက် ပိုင်း သူဟာ ဘောလုံး အသင်းက ထွက်လိုက်ပြီး သူကိုယ်သူ ဂစ်တာ သမား ဖြစ်အောင်ကြိုးစား ဖို့ရန် ဘဝကိုမြှုတ်နှံထားလိုက်တော့တယ်။ 

 သူလေးစား တဲ့ ဂီတပညာရှင် တွေက အများကြီးပါ  Led Zeppelin  နှင့် Black Sabbath တို့လဲ ပါဝင်ပါတယ်။ 1970 ခုနှစ်များ အတွင်း က သူဟာ အခြားအောင်မြင်ကျော်ကြားသော  Jazz ဂီတ တစ်ချို့ကိုလေ့လာ လိုက်စား ခဲ့ပါသေးတယ်။  အဲဒီအထဲမှာ စန္ဒယား ပညာရှင်များဖြစ်ကြတဲ့ Lennie Tristano နှင့် Billy Bauer တို့လဲ အပါအဝင်ဖြစ်ပါတယ်။ 

အထူးသဖြင့်သူဟာ နည်းပညာပိုင်း ကို ခရေစေ့တွင်း ကျ လိုက်ပြီးလေ့လာ ခဲ့သူဖြစ်ပါတယ်။  1974 ခုနှစ် များမှာတော့ သူ့ဆီမှာ တပည့် ခံသူတော်တော် လေးများလာပါပြီ ။   Steve Vai  အပါ အဝင်ဖြစ်ပါတယ်။ 1978 ခုနှစ် မှာ Joe ဟာ  Berkeley California   ကိုပြောင်းလာပြီးတော့ သူ့ရဲ့ ဂစ်တာ သမားဘဝ ကို စတင် ဘို့မျှော်လင့်ချက်တွေ နဲ့ ဖြစ်ပေမဲ့ မကြာခင်မှာဘဲ သူဟာ ဂစ်တာတီး သင်တဲ့ အလုပ်ကို ဘဲ ပြန်လည်လုပ်ဆောင်ခဲ့ရပါတယ်။

အထက်မှာ ဖေါ်ပြထား တဲ့ ဂီတ ပညာရှင်များကို ဆက်လက် သင်ကြားပေးရ သလို  Third Eye Blind   ၏ အတီးသမားဖြစ်တဲ့  Kevin Cardogan, Geoff Tyson, နှင့်  jazz  ဂီတသမားဖြစ် တဲ့  Charlie Hunter  နှင့်  Testament  က  Alex Skolnick  တို့ကို လဲ ဘဲသင်ကြားပေးတဲ့ ဆရာ တစ်ယောက်ဖြစ်ပါတယ်။ 

ဒီ့အပြင် သူကိုယ်တိုင်ကလဲ ဂစ်တာသမား ကောင်းတစ်ယောက်အဖြစ် 1980 ခုနှစ်များ မှာ The Square  မှာတီးခတ်ပါတယ်။  Greg Kihn   အတွက်လဲ  Love and Rock ‘n’ Roll.  Album မှာ Lead ဂစ်တာ တီးပေးသူဖြစ်ပါတယ်။  Stevie Vai အောင်မြင်လာတဲ့ 1986 ခုနှစ်မှာ တော့ Interview နှင့် Magazine တွေမှာ သူအောင်မြင်ရခြင်း အကြောင်းတွေ ဟာ Joe Satriani   ကြောင့်ဖြစ်တယ် ဆိုတာကိုဖြေကြား သွားတာ အများအပြားတွေ့ရပါတယ်။


ဒီတော့မှ Rock ဂီတကို လေးစားကြသူများက သူ့ကို သတိပြုမိ လာကြပါတယ်။ သူ့ရဲ့ ပထမဆုံး Album ကတော့   Not of This Earth   ဖြစ်ပါတယ်။  အောက်မှာ ထဲ့ထားပေးပါတယ် နားဆင်ကြည့်ကြပါ။
 
Joe Satriani ရဲ့ ပထမဆုံး Album ဖြစ်တဲ့ Not Of This Earth 




From... http://the100guitarists.blogspot.com

No comments:

Post a Comment