*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

Samsung တို့ မိတ်ဆက် လိုက်ပြီ ဖြစ်တဲ့ Samsung Galaxy S5




မနေ့ည က ဘာစီလိုနာ မှာ တရားဝင် ဖောက်ပြ လိုက်တဲ့ Samsung Galaxy S5 ကို စောင့်ကြည့် ခဲ့ သူများ ကတော့ သိပါ လိမ့်မယ်။ အဲ့ဒီ ကနေ ရရှိ လာတဲ့ သတင်း အချို့ ကတော့ -

မျက်နှာပြင်

၅.၁ လက်မ အရွယ် Super AMOLED မျက်နှာပြင် ကို အသုံးပြု ထားပါတယ်။ အရည်အသွေး အတိ အကျ အားဖြင့် ခန့်မှန်း ထားခဲ့ကြ သလိုပဲ 1920×1080 px ရှိပါတယ်။

အတွင်း စက်ပစ္စည်း

RAM က 2GB ပါ။ Processor က 2.5 GHz quad core ပါပဲ။ Memory အနေနဲ့ 16 GB, 32 GB ပဲ ထုတ်လုပ် ထား ပါတယ်။ ဘက်ထရီ ကတော့ 2800 mAh ပမာဏ ရှိပါတယ်။ 



ကင်မရာ

နောက်ကျော 16 Megapixel ရှိပြီး ရှေ့ ကင်မရာက 2.1 Megapixel ရှိ ပါတယ်။

Operating System

Android 4.4.2 Kit Kat OS ကို ထည့်သွင်း ထားပါတယ်။

Connectivity

GSM ဖုန်း ဖြစ်ပြီး LTE Network ရရှိ ပါတယ်။

ရိုးရာလေး Comment -

Samsung Galaxy S5 ဟာ ယခင် S4 ထက် အနည်းငယ် ပိုကြီး လာပါတယ်။ ကျယ်ပြီးတော့ ရှည်လာ ပါတယ်။ ပြီးတော့ ရေစိုခံ၊ dust proof ဖြစ်ပြီး အကြမ်းသုံးဖို့အတွက် Galaxy S4 တုန်းကလို တစ်လုံး ထပ်ထွက်ဖို့ လိုတော့မှာ မဟုတ် ပါဘူး။ 
 
အရောင် အသွေး အားဖြင့်လည်း အတော်လေးကို စုံလာ ပါတယ်။ ရွှေရောင်လည်း ရရှိ နိုင်ပါတယ်။ Fingerprint Scanner လည်း ပါဝင် လာတာမို့ iPhone, HTC တို့နဲ့ ယှဉ်ပြိုင်လာတဲ့ လုံခြုံရေး စနစ် ဖြစ် ပါတယ်။

Samsung Galaxy Note 3 တုန်းကတောင် RAM 3GB နဲ့ ထွက်တာ ဆိုတော့ S4 ကိုလည်း RAM 3GB လောက် ရှိမယ်လို့ ထင်ခဲ့ တာပါ။ သို့ပေမယ့် စမတ်ဖုန်း Platform မှာ တော့ RAM 2GB က အမြင့်ဆုံး ရှိနေ ပါသေးတယ်။
 
 နောက်တစ်ခု ခန့်မှန်း ထင်မြင် ခဲ့ကြတာက 64 Bit Processor ဖြစ်ပါတယ်။ Octa core သုံးမယ်လို့ ထင်ပေမယ့် Quad core ပဲ ဖြစ်ခဲ့ ပါတယ်။ ဒီတော့ ယနေ့အချိန်အထိ 64 Bit Architecture သုံးတဲ့ စမတ်ဖုန်း အဖြစ် iPhone 5S ကပဲ စံချိန်တင် ထားပါသေးတယ်။

သို့ပေမယ့် Samsung Galaxy S5 ရဲ့ လုပ်ဆောင်ချက် Performance ကလည်း အထင်သေးလို့ မရ ပါဘူး။ 2.6 GHz Quad core နဲ့ 2GB DDR3 ပေါင်းစပ် လိုက်ရင် မြန်ဆန်မှုက ကွန်ပြူတာ တစ်လုံး ပါပဲ။ ဧပြီလ ၁၁ ရက်နေ့ ဆိုရင် ဖြန့်ချိပြီ ဖြစ်ပါတယ်။ ဈေးနှုန်း ကတော့ မကြေညာ ရ သေး ပါဘူး။ 
Samsung Galaxy S5 နဲ့ ပက်သက်တဲ့ သတင်းများအတွက် မြန်မာပြည်က Official Samsung Page ဖြစ်တဲ့ www.facebook.com/samsungmyanmar မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

 

Ref:pocketlint/gsmarena/phonearean

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment