*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 20 February 2014

ဖေ့ဘုတ်က နာမည်ကျော် WhatsApp ကို အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနဲ့ ဝယ်လိုက်တဲ့ သတင်း





ဒီနေ့ အထူးခြားဆုံး သတင်း ဆိုတာထက် ကမ္ဘာကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ အပြင်၊ စတော့ရှယ်ယာ ဈေးကွက်တွေကို ပါ အများကြီး ပြောင်းလဲ သွားစေတာ ကတော့ ဖေ့ဘုတ်က နာမည်ကျော် WhatsApp ကို အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနဲ့ ဝယ်လိုက်တဲ့ သတင်းပါပဲ….. 

WhatsApp ဟာ ဝန်ထမ်းပေါင်း 55 ယောက်ထဲ နဲ့ လည်ပါတ်နေတာ ဖြစ်ပေမယ့် တစ်လကို အသုံးပြုနေသူ သန်းပေါင်း ၄၅၀ ကျော်ရှိနေပါတယ်……

ဂျပန် ကုမ္ပဏီတစ်ခုက နာမည်ကျော် VoIP App ဖြစ်တဲ့ Viber ကို သန်း ၉၀၀ ကျော်နဲ့ ဝယ်ပြီး တဲ့နောက်မှာ အင်တာနက် ကွန်ယက်သုံး Messanger ဖြစ်တဲ့ WhatsApp ကို ဖေ့ဘွတ်က ဘီလျံနဲ့ ချီပြီး ဝယ်လိုက်တာပါ…… 


ကမ္ဘာ့နည်းပညာ ကုမ္ပဏီတွေ ကတော့ ဒီလို ပေါင်းစည်းခြင်းတွေကို သတိနဲ့စောင့်ကြည့်  နေပြီး ဖြစ် လာမယ့် အနာဂါတ် အကျိုးဆက်ကို ခန့်မှန်းနေကြပါတယ်…..

၂၀၁၀ တုန်းက ကမ္ဘာမှာ အသုံးပြုတဲ့ ဒေတာ Volume ပမာဏဟာ ၁ ဇီတာဘိုက် (1 Zetta Byte = 1 Trillion Gigabyte ဒါမှ မဟုတ် နောက်မှာ သုည ၂၁ လုံး ပါဝင်ပါတယ်) သာ ရှိပေမယ့် လာမယ့် ၂၀၂၀ မှာတော့ တစ်ကမ္ဘာလုံး အသုံးပြုမယ့် ဒေတာ ပမာဏဟာ ၄၀ ဇီတာဘိုက် ရှိမယ်လို့ တွက် ချက်နေပါတယ်…….

တစ်နေ့မှာ ဓါတ်ပုံပေါင်း သန်း ရာဂဏန်းကျော် ဖေ့ဘွတ်ပေါ် ရောက်နေတယ်၊ အင်တာနက် ကွန်ယက် သုံး Messanger တွေကနေ ပုံတွေ၊ ဗီဒီယိုတွေကို သန်းနဲ့ချီ အပြန်အလှန် ပို့နေတယ်၊ Private / Public / Hybrid Cloud တွေကို Transforming လုပ်နေချိန်မှာ Data Protection and Business Contiunity ကို စိတ်ဝင်စားလာကြတယ်……..

မနက်မိုးလင်းလို့ အိပ်ယာထတဲ့ မိနစ်ပိုင်းလေးမှာ Youtube မှာ နာရီ ၇၂ နာရီ စာ ရုပ်ရှင်တွေကို ကမ္ဘာ အနှံ့က ဝိုင်းတင်ပြီးသွားပြီး၊ Skype မှာ အပြန်အလှန် စကားပြောကြတဲ့အကြိမ်ပေါင်း ၄၇ သန်းကျော် ရှိတယ်၊ ဖေ့ဘွတ်မှာ ဓါတ်ပုံပေါင်း သန်း ဆယ်ဂဏန်းကျော် တက်လာပြီးသွားပြီ…… 

တစ်ချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေ၊ ဟက်ကင်း လုပ်မှုတွေ ဂဏန်းဘယ်လောက်၊ ကမ္ဘာကြီး ရဲ့ ဒေတာ ၅၀ ရာခိုင်နှုန်းလောက်က Backup လုပ်နေတယ်၊ ဘယ်လောက် ပမာဏက Recovery လုပ်နေတယ် အစရှိသဖြင့် Symantec 2014 Symposium မှာ CIO တစ်ယောက် က ပြောသွား တယ်……..

သူက ဒါတွေပြောသွားပြီး အချိပ်အဆက် မိမိပဲ သူ့နောက်က တက်လာတဲ့ သူတစ်ယောက်က ဒီလောက် တိုးတက်လာနေတဲ့ Data Growing တွေအတွက် Protection, Zero Downtime, Disaster Recovery အစရှိသဖြင့် အာပေါင် အာရင်းသန်သန်နဲ့ ဟောပြောသွားပြီး အဆုံးသတ် မှာတော့ သူတို့ Product ကို ကြေငြာသွားတယ်……. 

ဒီ ဒေတာတွေကို သူတို့ ဘယ်ကရလဲ အထူးတလည် စဉ်းစားစရာ မလိုပါဘူး သူတို့ ဆော့ဝဲတွေ သုံးနေ သမျှ Analysics Report က ပြန်ပို့နေမှာပဲလေ…… မကျေနပ်လို့ တရားစွဲမယ်ဆိုရင် ဆော့ဝဲလ် Install လုပ်တုန်းက Agreement ကို ကိုယ် Agree လုပ်ခဲ့တာ ပြန်စဉ်းစားပေါ့……..

အဲ့ဒိလောက် မပြောပါနဲ့ အများသူငှာ တအားဆော့ကြတဲ့ Angry Birds ဂိမ်းလေးကနေတောင် ဆော့ တဲ့ သူတွေရဲ့ အချက်အလက်တွေ ကို ခိုးယူဖို့ NSA က လုပ်ထားတယ်လို့ စနိုဒန်က ထုတ်ပြောထား တာ မကြာသေးဘူးကိုး…….. 

သူတို့တွေ ဘယ်သူတွေ ဘယ်လောက် သုံးနေတယ် အဲ့ဒိကနေ အမြတ်ရအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေချိန်……. ကျွန်တော့်အတွက် စဉ်းစားမိတာ ကတော့ ကျွန်တော်တို့ လူမျိုးတွေ ဘာတွေ လုပ်နေကြသလဲ ဆိုတာလေးပါပဲ…..

Analysis, Forensic, Statistics ဆိုတာလေးတွေကို လက်လှမ်းမှီ သလောက်လေးပဲ စဉ်းစား ၊ နှိုင်း ယှဉ် တိုးတက်အောင် လုပ်ကြမယ်ဆိုရင်ဖြင့် ဆိုတာလေး…… လူအများစုကို လွှမ်းမိုးနိုင်သူတွေ အသိပညာ၊ အတတ်ပညာတွေ ပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်………

Voice Of James Mint
From...FB
 

No comments:

Post a Comment