*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 13 March 2014

ပျောက်ဆုံးလေယာဉ်ကို ဆက်ရှာမည်ဟု တရုတ်ပြော

 

ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တရုတ်နိုင်ငံ က လုံးဝဇွဲ မလျော့ဘူးလို့ တရုတ်ဝန်ကြီးချုပ် လီခေချန် က ဒီနေ့ ပြောဆိုခဲ့ပါတယ်။

မလေးရှားလေကြောင်းလိုင်း ၊ ခရီးစဉ်အမှတ် MH370 ဟာ မတ် ၈ ရက်နေ့ကတည်းက ပျောက် ဆုံးနေ တာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ခရီးသည်တွေရဲ့ ၁၅၃ ဦးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။




“ခရီးသည်တွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာ သူတို့ အတွက် အရမ်းကို ပူပန်သော က ရောက်နေကြ ပါတယ်။ တရုတ် အစိုးရနဲ့ တရုတ်ပြည်သူတွေ ဟာလည်း သူတို့တွေ ဘေး ကင်းလုံခြုံရေးအတွက် အလွန် စိုးရိမ်နေကြတာပါပဲ။ 


ကျနော်တို့ အာလုံးဟာ သူတို့အတွက် ဘယ်လို သတင်းအစအနလေးပဲ ရရ စောင့်မျှော်နေကြ ပါတယ်” လို့ ၀န်ကြီးချုပ်က သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လေယာဉ်ပျောက်ရှာဖွေရေးမှာ လောလောဆယ် သင်္ဘော ၈ စီးနဲ့ ပါဝင်နေ ပြီး နောက်ထပ် တစီးလည်း ပူးပေါင်းပါဝင်ဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ အတွက် ဆက်သွယ်ရေးဂြိုဟ်တု ၁၀ လုံးကိုလည်း အသုံးပြုထားတယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

“ဘယ်လို သဲလွန်စလေးပဲ ရရ ကျနော်တို့ လုံးဝဇွဲမလျော့ပါဘူး” လို့ ၀န်ကြီးချုပ်က တရုတ်ကွန် ဂရက်ပါတီရဲ့ နှစ်ပတ်လည် ညီလာခံ ပိတ်ပွဲနေ့မှာ ပြောကြားခဲ့ပါသေးတယ်။

လေယာဉ်ဟာ ရေဒါပေါ်က ပျောက်ကွယ် သွားပြီး နာရီ အတန်ကြာ ပျံသန်းနေသေးတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ အပြီးမှာ တရုတ်ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

By webteam (ဒီဗွီဘီ)

From...Thit Htoo Lwin




No comments:

Post a Comment