*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 24 March 2014

အဖေ ပဲ မှား ပါတယ် သားရယ်..



meme 


ညမိုးချုပ်နေပြီမို့ အိပ်ယာဝင် ခါနီးမှာ သားငယ်လေး အခန်းထဲကို ခဏ ဝင်နှုတ်ဆက်ပါတယ်။
 
သားငယ်လေး အိပ်မက်ဆိုး မက်ပြီး နိုးလာတဲ့ အချိန်နဲ့ တိုးပြီး ဘာ အိပ်မက် မက်လဲဆို တာ မေးကြည့် လိုက်ပါတယ်။
"အိပ်မက်ထဲမှာ အန်တီ ရိုစီ ဆုံးသွားတယ်တဲ့ ဖေဖေ"

အဖေဖြစ်သူက အန်တီရိုစီနေကောင်းကြောင်း၊ ကျန်းကျန်းမာမာ ရှိကြောင်း စကားပြောပြီး အိပ်ယာပြန် ဝင်ခဲ့ပါတယ်။

 
နောက်နေ့မနက်ကျတော့ အန်တီရိုစီဆုံးတဲ့ သတင်းကို ကြားလိုက်ပါတယ်။
တစ်ပတ်ကြာသောအခါ------
ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာ နဲ့ ပြန်ကြုံ ပါတယ်။ ဘာအိပ်မက်လဲ မေးတော့
"အိပ်မက်ထဲမှာ အဖွား ဆုံးသွားတယ် ဖေဖေ" လို့ဖြေပါတယ်။

အဖေဖြစ်သူက အဖွားနေကောင်းကြောင်း၊ ကျန်းကျန်းမာမရှိကြောင်း နှစ်သိမ့် စကားပြောပြီး အိပ်ယာထဲ ဝင်တော့ နောက်နေ့မနက်ကျ အဖွားဆုံးတဲ့ သတင်းကြားလိုက်ပါတယ်။
 
တစ်ပတ်ကြာသောအခါ--------
ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာ နဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော့...
 
"ဒီတစ်ခါကျ အိပ်မက်ထဲမှာ သားအဖေ ဆုံးသွားတာ"
အဖေဖြစ်သူက ကိုယ်တိုင်ကျန်းမာရေးကောင်းကြောင်း၊ ဘာမှ မဖြစ်ကြောင်း နှစ်သိမ့်စကားပြောပြီး အခန်းထဲ ပြန်ဝင်သွားပါတယ်။

သို့ပေမယ့် သူ မအိပ်နိုင်ပါဘူး။ သားဖြစ်သူပြောပုံ အရ ဆိုရင် မနက်ဖန် မှာ သူသေ ရမယ် ဆိုတာကို သိနေ လို့ ဖြစ်ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင် တာထက် အရှေ့ မှာ တကယ်ဖြစ်သွားတော့ သူလည်း စိုးရိမ် ထိတ်လန့်နေပါတယ်။ 

မနက်စာ စားပြီး ရုံးသွားဖို့ ကားမောင်းတော့ သတိ နဲ့မောင်း ပါတယ်။ နေ့ လည် စာ တောင် အဆိပ် မိမှာ စိုးလို့ မစားပါဘူး။ ဆူဆူ ညံညံ လှုပ်လှုပ် ရှားရှား အသံကြား ရင်တောင် စားပွဲအောက် ဝင်ပုန်းတဲ့ အထိ ကို ကြောက်လန့် လို့နေ ပါတယ်။

ညနေ ရုံးဆင်းချိန် အိမ်ရောက်ခါနီး ကားမှန် ကနေ လှမ်းကြည့် လိုက်တော့ အိမ်ဘေးမှာ လူစည်နေ ပါ တယ်။ လူတစ်ဦး ခေါ်မေးတော့ သူ့ရဲ့  အိမ်နီးချင်း မိတ်ဆွေ အမျိုးသား တစ်ဦး မနက်က ကွယ်လွန် သွားကြောင်း သတင်း ကြားသိလိုက်ရပါတယ်။

 သူတွေဝေ သွားပါပြီ။ အသက် မသေ လို့ပဲ သက်ပြင်း ချရ မလို၊ မိတ်ဆွေ သေသွား လို့ပဲ ဝမ်းနည်း ရမလို၊ ဝမ်းသာ ရမလိုနဲ့ အိမ်ထဲ ကို မေးခွန်းပေါင်း များစွာ နဲ့ ဝင်ခဲ့ ပါတော့တယ်။

 

Ref: mazejoke
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment