*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 4 March 2014

ကလေးငယ်ကို ခွေးနှင့် လက်ထပ်ပေးခဲ့သည့် ထူးခြားဖြစ်ရပ်

ကလေးငယ်ကို ခွေးနှင့် လက်ထပ်ပေးခဲ့သည့် ထူးခြားဖြစ်ရပ်
----------
ကလေးငယ်၏ ငယ်သွားပေါက်ပုံကြောင့် ထိုကလေးငယ်သည် တနေ့နေ့တွင် ကျားကိုက်ခံရကာ သေဆုံးနိုင်သည်ဟူသော ရှေးရိုးစွဲယုံကြည်မှုအရ မိဘများက ကလေးငယ်ကို ခွေးနှင့်လက်ထပ်ပေးပြီး ယတြာချေသည့် ဖြစ်ရပ်တစ်ခု အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပြည်နယ်တစ်ခုတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ် Sangula သည် အပေါ်သွားတစ်ချောင်းပေါက်လာရာ ကျေးရွာထဲမှ ရှေးရိုးစွဲအယူရှိသူ လူကြီးများက ကျားကိုက်ခံရနိုင်သည်၊ ယတြာအနေနှင့် ခွေးမတစ်ကောင်နှင့် ဘုရားကျောင်းတွင် ထိမ်းမြားရမည်ဟု အကြံပေးခဲ့ရာ မိဘများကလည်း လက်ခံပြီး ရွာထဲမှ ခွေးမတစ်ကောင်ကို သတို့သမီးကဲ့သို့ ဆင်ယင်ကာ မင်္ဂလာပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ မင်္ဂလာပွဲတွင် ခမ်းဝင်ပစ္စည်းများသာမက ရိုးရာအဆင်အပြင် အားလုံးကိုလည်း ပြည့်စုံစွာ စီစဉ်ထားခဲ့သည်ဟု ဆိုသည်။ ခွေးမကိုလည်း ငွေကွင်းများနှင့် လည်ပတ်များ ဆင်ယင်ထားခဲ့သည်ဟု မျက်မြင်များကဆိုသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူ Sanrumula Munda က ယခုကိစ္စသည် ယတြာချေခြင်းသာဖြစ်ပြီး ကလေးအရွယ်ရောက်လာသောအခါ ၄င်း၏ တကယ့်မင်္ဂလာပွဲကို တစုံတရာ ပြဿနာရှိစေမည် မဟုတ်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော်လည်း မြို့ပြနှင့်ဝေးသော ကျေးလက်များတွင် ထိုသို့ ယုံကြည်မှုလွန်ကဲခြင်းနှင့် အယူသည်းခြင်းများ ရှိနေဆဲပင်ဖြစ်သည်ဟု သတင်းများကဆိုသည်။

Source : AFP

ကလေးငယ်၏ ငယ်သွား ပေါက်ပုံကြောင့် ထိုကလေးငယ်သည် တနေ့နေ့ တွင် ကျားကိုက်ခံရကာ သေဆုံး နိုင်သည် ဟူသော ရှေးရိုးစွဲယုံကြည်မှု အရ မိဘများက ကလေးငယ်ကို ခွေးနှင့်လက်ထပ်ပေးပြီး ယတြာချေ သည့် ဖြစ်ရပ်တစ်ခု အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပြည်နယ် တစ်ခုတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
 
တစ်နှစ်ခွဲ အရွယ်ရှိ ကလေးငယ် Sangula သည် အပေါ်သွား တစ်ချောင်းပေါက်လာရာ ကျေးရွာထဲမှ ရှေးရိုးစွဲ အယူရှိသူ လူကြီးများက ကျားကိုက်ခံရနိုင်သည်၊ ယတြာအနေနှင့် ခွေးမတစ်ကောင်နှင့် ...ဘုရားကျောင်း တွင် ထိမ်းမြားရမည် ဟု အကြံပေးခဲ့ရာ မိဘများကလည်း လက်ခံပြီး ရွာထဲမှ ခွေးမ တစ်ကောင်ကို သတို့သမီး ကဲ့သို့ ဆင်ယင်ကာ မင်္ဂလာပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
 
မင်္ဂလာပွဲတွင် ခမ်းဝင်ပစ္စည်းများ သာမက ရိုးရာ အဆင်အပြင် အားလုံးကိုလည်း ပြည့်စုံစွာ စီစဉ်ထား ခဲ့သည် ဟု ဆိုသည်။ ခွေးမကိုလည်း ငွေကွင်းများနှင့် လည်ပတ်များ ဆင်ယင်ထားခဲ့သည်ဟု မျက်မြင် များကဆိုသည်။
 
ကလေးငယ်၏ ဖခင်ဖြစ်သူ Sanrumula Munda က ယခုကိစ္စသည် ယတြာချေခြင်းသာဖြစ်ပြီး ကလေး အရွယ်ရောက်လာသော အခါ ၄င်း၏ တကယ့်မင်္ဂလာပွဲကို တစုံတရာ ပြဿနာရှိစေမည် မဟုတ်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော်လည်း မြို့ပြနှင့်ဝေးသော ကျေးလက်များတွင် ထိုသို့ ယုံကြည်မှု လွန်ကဲခြင်းနှင့် အယူသည်းခြင်း များ ရှိနေဆဲပင်ဖြစ်သည်ဟု သတင်းများကဆိုသည်။

Source : AFP

From...Myawady News
 
 

No comments:

Post a Comment