*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 11 March 2014

အဆိပ် နဲ့ အဟာရ


Ye Kyaw Thura's photo.


ကျွန်တော် ဒူးရင်းသီး အင်မတန်ကြိုက်ပါတယ်။ ဒူးရင်းသီးကြိုက်သလို ဒူးရင်းသီး နဲ့လုပ်တဲ့ မုန့်မှန် သမျှ ကိုလည်း အလွန်သဘောကျ နှစ်သက်ပါတယ်။

အသက် ၄၀ လောက် အထိ ဒူးရင်းသီးကို တစ်ခါတလေ ထမင်းလွတ် စားလေ့ ရှိပါတယ်။

ဒါပေမဲ့ ၄၀ ကျော်လာတဲ့နောက်ပိုင်း မှာတော့ ဒူးရင်းသီး သုံးလေးမွှာလောက် စားရင် ကို သွေးတိုး ချင်သလိုလို ဘာလို လို ဖြစ်လာတတ်တယ်။


ဒီတော့ ဘယ်လောက်ပဲ ကြိုက်ကြိုက် ကျွန်တော်မစားရဲတော့ပါဘူး။

ကျန်းမာရေး အရ မသင့်တော်မှန်း သိတော့ ဒူးရင်းသီးမြင်တိုင်း ချစ်လိုလျက် နဲ့ဝေး ဖြစ်နေတော့တာပေါ့။ ဘယ်တတ် နိုင်မလဲ။ ကြိုက်ပေမဲ့လည်း အသက် ရှင်နေ ထိုင်ရေးက ပိုအရေးကြီးတယ်မဟုတ်လား။

ကမ္ဘာပေါ်မှာကျွန်တော်အထင်ကြီးလေးစားပြီးအားအကျဆုံးနိုင်ငံကတော့အမေရိကန်ပြည်ထောင် စုဖြစ်ပြီး ကျွန်တော် အနှစ်သက်ဆုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပဲဖြစ် ပါတယ်။

အရှေ့၊ အနောက် ဥရောပတစ်ခွင်က လွတ်လပ်မှုကိုမြတ်နိုးတဲ့သူတွေစုပေါင်းပြီး ထူထောင်လာခဲ့ တဲ့နိုင်ငံ ဖြစ်တဲ့ အ လျောက် အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံးသော တိုင်းပြည် လို့ ပြော လို့ရမယ်ထင်ပါတယ်။

ကမ္ဘာ့ အင်အားအကြီးမားဆုံးသော စစ်တပ် ကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာလည်း အလွန်အရေးပါ အရာရောက်တဲ့ အင်အားကြီးနိုင်ငံတစ်ခုပါ။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဝန်ကြီးဌာန (Department) ၁၅ ခုဟာလည်း တကယ့်ကို အားကျ စရာ ကောင်း လောက်အောင် သက်ဆိုင်ရာ ကဏ္ဍအသီးသီး မှာ အောင်မြင်တဲ့ဝန်ကြီးဌာနတွေပါ။

ဒါဟာ နှစ်ပေါင်းနှစ်ရာကျော် အတွင်းမှာ ၁၀ ခုသာ ပြင်ဆင်မှုလုပ်ခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အားသာချက်တွေကြောင့် လို့ ပြောနိုင်မယ်ထင်ပါတယ်။

ဒါ့ကြောင့် ဒီကနေ့မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုကူးချလိုက် ပေါ့လို့တောင် ပြောတဲ့သူ တချို့တွေ့ ဖူးပါတယ်။ တိုင်းရင်းသားအများစု ကလည်း သဘောကျကြမှာ ပါပဲ။

လိုရင်းပြောရရင် မဖြစ်နိုင်ပါဘူး လို့ပဲပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ မြန်မာနိုင်ငံအတွက် ကတော့ အသက် ၄၀ ကျော်လာပြီး သွေးတိုးရှိတဲ့ လူတစ်ယောက်အတွက် အင်မတန် အရသာရှိပြီး မွှေးကြိုင် သင်းပျံ့ နေ တဲ့ ဒူးရင်းခရင်မ်အစာ သွပ် ပေါင် မုန့်ကြီးတစ်လုံးလိုပါပဲ။

အင်မတန်ကောင်းပါတယ်၊ အနံ့အရသာနဲ့ လည်း ပြည့်စုံပါပေတယ်၊ အဟာရ လည်း အပြည့်ပါပဲ၊ ဒါပေမဲ့ ၄၀ ကျော် လူတစ်ယောက်အနေနဲ့ မဆင်မခြင် စားလိုက်မယ် ဆိုရင် အန္တရာယ်ရှိပါတယ်။ အခန့်မသင့်ရင် တစ်ထိုင်တည်း လည်း သေဆုံးကောင်းသေဆုံးသွားနိုင်ပါတယ်။

ဟုတ်ကဲ့၊ အမေရိကန်သမိုင်းဟာ လွတ်လပ်မှုကို အာသာငမ်းငမ်းနဲ့နယ်မြေ သစ်ရှာဖွေကြတဲ့ ဥရောပတစ်ခွင်က သူပုန် စိတ်ရှိသူတွေရဲ့ စွန့်စားမှုတွေနဲ့ စတင်ခဲ့ကြတာပါ။

မြန်မာ့သမိုင်းဟာ ဗမာပဒေသရာဇ်တွေနဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုး ကြီး စိုးမှုနဲ့ စတင်ခဲ့တာပါ။ ဘီစီ ၂ ရာစု၊ ၃ ရာစုက ပျူမြန်မာတွေဟာ ဘာသာတရား ကိုင်းရှိုင်းလွန်းလို့ သတ္တဝါတွေ အသက် ကို သတ်ပြီးမှ ရက်လုပ်ရတဲ့ ပိုးထည်တွေ ကိုတောင် မဝတ်ကြဘူးလို့ဆိုပါတယ်။

အမေရိကန်မှာ မြန်မာနိုင်ငံလို အမျိုးသားရေးစိတ်ပြင်းထန်တဲ့ တိုင်းရင်းသားတွေ မရှိပါဘူး။ အားလုံး ဟာ အမေရိကန် လို့ပဲ ခံယူထားကြသူတွေပါ။ အမေရိကန်တွေဟာ သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်မှာ ဘာသာရေး၊ လူမှုရေးအလွတ်လပ် ဆုံးနိုင်ငံအဖြစ်လည်း အင်မတန်ဂုဏ်ယူလေ့ရှိပါတယ်။

ဒါပေမဲ့ ဒီကနေ့အချိန် အထိ အမေရိကန် သမ္မတအဆက်ဆက်ဟာ ခရစ်ယာန်ဘာသာဝင်တွေချည်း ပဲ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာငွေတိုင်းမှာ လည်း "ကျွန်ုပ်တို့ယုံကြည်သော ဘုရားသခင်၏ နာမတော်ဖြင့်" ဆိုတဲ့စာသားကို ရိုက် နှိပ်ထားတာတွေ့ရပါတယ်။

ဒီတော့ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိတဲ့ အမေရိကန်က ပြည်ထောင်စု စနစ်နဲ့ သူတစ်လူ ငါတစ်မင်း အမယ်စုံလှ တဲ့ မြန်မာနိုင်ငံက ပြည်ထောင်စု စနစ်ဟာ အပ်ချမတ်ချတူဖို့ဆိုတာ ဘယ်လို မှ မဖြစ်နိုင်တဲ့ အန္တရာယ်ကြီးမားလှတဲ့ စိတ်ကူးယဉ်ဆန်မှုတစ်ခုပဲဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့က 7 Day News မှာပြုလုပ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြို နိုင်ငံရေး၊ စီးပွားရေး အလားအလာ စကားဝိုင်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့-NCCT က ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ က ပြည်ထောင်စု စနစ်အခြေမခံဘဲ အမျိုး ဘာသာ အခြေ ခံသော အမျိုးသားနိုင်ငံတော်ထူထောင်ရေးလမ်းစဉ် လိုက် နေ သ၍ တိုင်းရင်းသားတွေ လက်နက် ကိုင်နေမယ်လို့ပြောဆိုသွားပါတယ်။

"ကိုယ့်အကျိုးပဲ ကိုယ်ကြည့်မယ်၊ ကိုယ်ကြီး ပွားရင်ရပြီ။ ဗမာ ချမ်းသာရင်ရပြီ။ ဗုဒ္ဓသာသနာ ထွန်းကား ရင် ရပြီ ဆိုတဲ့ အမျိုးဘာသာ၊ သာသနာ ဝါဒ နဲ့ ခင်ဗျား တို့ ဆက်ပြီး သွားနေသ၍ ခင်ဗျားတို့ တိုင်းပြည် တိုးတက် မှာ မဟုတ်ဘူး။ ခင်ဗျား တို့ လူမျိုးလည်း တိုးတက်မှာ မဟုတ်ဘူး။ ဒီပြည်ထောင်စု လည်း တိုးတက်မှာ မဟုတ်ဘူး…။" လို့ သူက ဆိုပါတယ်။

ဟုတ်ကဲ့…ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခင်ဗျား…ဗမာ ချမ်းသာရင် ရပြီပြော ရအောင် ဗ မာတွေ ဘယ်နှစ်ယောက်များ ချမ်းသာနေကြ တာတွေ့လို့လဲ သိချင် ပါတယ်။ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်အောင်မလုပ် တဲ့ နိုင်ငံရေး ခေါင်းဆောင်များ ရှိရင်လည်း သိပါရစေခင်ဗျား။

ကမ္ဘာ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားမှာ နှစ်ပေါင်း ၂၀၀၀ ကျော် နိုင်ငံတစ်ခု အဖြစ်ရပ်တည်လာ တာ အဲဒီ အမျိုး၊ ဘာသာ၊ သာသနာချစ် စိတ်နဲ့ရပ်တည် လာခဲ့တာပါ။ ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြား တိုင်းရင်းသားတွေ ကျေနပ်အောင်၊ သူပုန်မထအောင် ကျွန်တော်တို့အားလုံးက ခရစ်ယာန် ဘာသာပြောင်းပေး ရမှာလား။ မြန်မာကျပ်ငွေမှာ အမေရိကန် ဒေါ်လာလို "ကျွန်ုပ်တို့ယုံကြည်သော ဘုရားသခင်၏နာမတော်ဖြင့်" ဆိုတဲ့စာသားထည့်သွင်းရိုက်နှိပ်ပေး ရမှာလား။

ရှစ်ပြည်ထောင်မူ နဲ့ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တင်ပြမယ်လို့ ဇက်ရဲ လက်ရဲပြောလာကြ သလို အခုလည်း သတိပေးသလိုလို ခြိမ်းခြောက်သလိုလိုနဲ့ ကျွန်တော်တို့တန်ဖိုးထားတဲ့ အမျိုး သားရေး ဂုဏ်သိက္ခာတွေကို ထိပါး ပြောဆို လာကြတာတွေ့ရပါတယ်။

ကိုယ့် အခွင့်အရေး ကိုတောင်းတာဟာ တခြားသူရဲ့အခွင့်အရေးကို ပိတ်ပင်ဖို့ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ ကိုယ့် ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့်နဲ့ ဖက်ဒရယ်မူကို ကျွန်တော်အသိ အမှတ်ပြုလေး စားပါတယ်။

ဒီလိုပဲ ဗမာတိုင်းရင်းသား တွေရဲ့ လွတ်လပ်ခွင့်နဲ့ ဗမာတွေရဲ့ အမျိုး၊ ဘာသာ၊ သာသနာ ချစ်မြတ်နိုး စိတ်ကိုလည်း အပြန်အလှန် လေးစားဖို့ လိုပါတယ်။

အပေးအယူ အလျှော့အတင်း လုပ်တာ (compromise) တို့ ညှိနှိုင်းတာ (negotiation) တို့ဆိုတာ တစ်ဖက်တည်း တောင်းဆိုချင်တာ တောင်းဆိုတာကို ဆိုလိုတာမဟုတ်ပါ။

တစ်ခု လိုချင်ရင် တစ်ခုပေးရတယ် ဆိုတဲ့နိယာမအတိုင်း ကိုယ့်ဘက်က လည်း လျှော့ သင့်တာလျှော့၊ နားလည်သင့်တာ နားလည်ရပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ခင်ဗျားတို့ ပြောသလို မငြိမ်းသောမီးတွေဝိုင်းနေတဲ့နိုင်ငံမှာပဲ ဆက်လျှောက်ကြတာပေါ့ဗျာ။

ချွင်းချက် တချို့ရှိကောင်းရှိပေမဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာ လည်း နိုင်ငံ အလိုက် အများစုရှိတဲ့ လူမျိုးနဲ့ အဲဒီလူမျိုး ကိုးကွယ်တဲ့ ဘာသာတရားက လွှမ်းမိုးကြီးစိုး တာ ပါပဲ။

ဒါကို မကျေနပ်လို့ လက်နက် ကိုင် ပုန်ကန်တဲ့သူ အချို့လည်း အဲဒီနိုင်ငံတချို့ မှာရှိပါတယ်။ နို့ပေတဲ့ လက်နက်ကိုင် ပုန်ကန်တိုင်းတော့ သက်ဆိုင်ရာ အစိုး ရတွေက ပုန်ကန်တဲ့သူတွေအလိုကျ အကုန် လိုက်လျောတာတော့ မဟုတ်ဘူး ခင်ဗျ။

ထန်းရည်လေး တစ်မြူလောက်သောက်လိုက် တာနဲ့ ခင်ဗျားတို့ရဲ့ ကျွဲခိုးပေါ်တဲ့ အဇ္ဈတ္တ က အထင်း သားမြင်နေရပါ ပကော။

ဟို ဒေါက်တာ အေးမောင်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း နိုင်ငံနာမည်ပါပြောင်းပစ်လိုက် ပါလား ဆိုပြီး တလောက ပြောသေးတယ်။ ဗမာ (သို့) မြန်မာဆိုတဲ့ နာမည်ဟာ သူတို့အတွက် အတော်နားခါးနေပုံရပါတယ်။ အခုလည်း အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားကို အတော်မြင်ပြင်း ကပ်နေပုံရပါတယ်။

ခင်ဗျားတို့ နားခါးလည်း မတတ်နိုင်ပါဘူးခင်ဗျား၊ "ဒီကိစ္စက ကျွန်တော်တို့ ဘိုးဘွားတွေ ကိုပဲ အပြစ်ပြောတော့မယ်။" ဆိုတဲ့ မွန်ခေါင်းဆောင်ကြီး နိုင်ရွှေကျင် ထိုင်း သတင်းထောက်ကို ပြောခဲ့ဖူး တဲ့ စကားလိုပဲ ခင်ဗျားတို့ ဘိုးဘွားတွေ ကိုသာအပြစ်တင်ပါတော့။

ကျွန်တော်တို့ ဘိုးဘေးတွေကတော့ တာဝန်ကျေပါတယ်။

ဒီကနေ့ ခင်ဗျားတို့ နားခါးနေတဲ့ မြန်မာဆိုတဲ့နာမည်နဲ့ တိုင်းနိုင်ငံတစ်ခုဖြစ် လာအောင် ကျွန်တော် တို့ နှစ်ပဲတစ်ပြားနဲ့ အလကားရလာတာမဟုတ်ပါဘူး။ သမိုင်း အဆက် ဆက် ကျွန်တော်တို့ ဘိုးဘေးတွေ ရဲ့ အသက်ပေါင်းများ စွာပေးပြီးမှ ဒီနိုင်ငံဖြစ်လာတာပါ။

ခင်ဗျားတို့ ဘိုးဘေးတွေလည်း ဗမာတွေ စစ်တိုက်တာကိုငုံ့ခံလာကြတာ မဟုတ် ပါဘူး။ အပြန်အလှန်တိုက်ကြတာပါပဲ။ ခင်ဗျားတို့ မနိုင်လို့ ဒီစကားမျိုးတွေပြော တာပါ။ မနိုင်ခဲ့လို့ရမ်းတာပါ။ ခင်ဗျားတို့နိုင်ခဲ့ရင် ဒီစကားမပြောပါဘူး။ ပဒေသ ရာဇ်ခေတ်မှာ အပြန်အလှန် စစ်တိုက်ကြတာခြင်း အတူတူ ဘယ်သူကရက် စက်တယ် ဆိုတာ မရှိပါဘူး။ အနိုင်နဲ့ အရှုံး ပဲ ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်က မြို့ထဲသွားရင်း စာအုပ်တစ်အုပ်ကောက်မြည်းကြည့် မိပါတယ် ။ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ လား တခြားစာရေးဆရာလား မမှတ် မိတော့ပေမဲ့ ချင်းအမျိုးသားဆိုတာတော့ မှတ်မိနေတယ်။

အဲဒီ စာအုပ်ထဲမှာလည်း ဒီမိုကရေစီနိုင်ငံဆိုရင် သာသနာရေးဝန်ကြီးဌာန မလိုတော့ဘူး ဖြုတ်ပစ်ရ မတဲ့။ ကျွန်တော်လည်း ဝယ်မလို့လုပ်ပြီးမှ အသာလေးပြန်ထားခဲ့ပါတယ်။

ဘယ်လူမျိုး ဘယ်အစိုးရမဆို သူတို့လူမျိုးတွေအများစုကိုးကွယ်တဲ့ ဘာသာရေး ကိုဦးစားပေးတာ တို့ ပြန့်ပွားအောင် ဆောင်ရွက်တာတို့ လုပ်လေ့ရှိတာပါပဲ။

Ye Kyaw Thura's photo. 










မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်ရဲ့ အဓိကကျပြီးအရေးကြီးတဲ့ ရာထူးနေရာ တွေ မှာ ဗုဒ္ဓဘာသာ ဝင်တွေ က လွှမ်းမိုးထား တာ မငြင်းပါဘူး။

ဒီလိုပဲ ရဟန်းသံဃာတွေ၊ လူပုဂ္ဂိုလ်တွေဟာလည်း ကြုံကြိုက် တဲ့ အခါ ကာလ၊ ဒေသ အခြေအနေပေါ်မူတည်ပြီး သာသနာပြုချင် ပြုကြမှာပါပဲ။

သို့သော်…အဲ ဒီ သို့သော်ဆိုတာက တော်တော်လေး စကားပြောတယ်ခင်ဗျ။

ဘာသာခြား တစ်ယောက် ဗုဒ္ဓဘာသာထဲဝင်ဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဟာ ဘယ်တော့မှ စီးပွားရေးကိစ္စ တွေ၊ ငွေကြေးမက်လုံးတွေနဲ့ စည်းရုံးလေ့ မရှိဘူး။

ဗုဒ္ဓဘာသာ ဝင်လိုက်လို့ ဘုန်းကြီးကျောင်းသွားလည်း ခင်ဗျားကို ထူးပြီး ပြာပြာ သလဲနေရာပေး မှာမဟုတ်ဘူး။

ဗုဒ္ဓဘာသာထဲ ဝင်လာတဲ့ ဘာသာခြားတစ်ယောက်ရဲ့ သူအရင်ကိုးကွယ် ခဲ့တဲ့ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ် ရုပ်တု၊ ပုံတော်တွေကို ခြေထောက်နဲ့ နင်းခိုင်းတာတို့ အရင်ဘာသာ မကောင်းကြောင်း ကို စင်ပေါ်တက်ပြီး ပြောခိုင်း တာတို့ ဘယ်တော့မှ လုပ်လေ့မရှိဘူး။

ဗုဒ္ဓဘာသာထဲ ဝင်လိုက်လို့ အိမ်တစ်လုံးမြေတစ်ကွက် ရသွားတဲ့ ဘာသာခြား လည်း မရှိဘူး။ ပေး ထား တဲ့ အိမ်ခြံမြေမှာ နေပြီး စနေ၊ တနင်္ဂနွေမှာ စာအုပ်လေး တစ်အုပ်ကိုင်လို့ တစ်အိမ်တက်ဆင်း လိုက်ပြီးစည်းရုံးဟောပြောနေတဲ့ ဗုဒ္ဓ ဘာသာဝင်လည်းမရှိဘူး။

ဟုတ်ကဲ့ လုပ်ကြံပြောနေတာ ထင်လို့ လူကြီးမင်းတို့တွေ့ချင်တယ် ဆိုရင် မင်္ဂလာဒုံမြို့နယ်ထဲ က မြရတနာမြို့သစ် သင်္ဃန်းကျွန်းကြီး ကျေးရွာကိုသာ သွားကြည့်လိုက်ပါလို့ ညွှန်းချင်ပါတယ်။

လူကြီးမင်းမှာနေစရာ မရှိဘူးဆိုရင် ဘာမှမပူပါနဲ့အိုးအိမ်အဆင်သင့် ပါ။ မြန်မာနိုင်ငံ တစ်နံတစ်လျား မှာ အဲဒီလိုဖြစ်စဉ်တွေ အများကြီးပါ။

ဒီလောက် လွပ်လပ်တဲ့နိုင်ငံမှာ ကျွန်တော်တို့ အများစုကိုးကွယ်တဲ့ ဘာသာ တရား ကို ဘာမှပုတ် ခတ် ၊ ဝေဖန်၊ စော်ကား စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။

ခင်ဗျားတို့ သာသနာပြုချင်လား၊ ပြုလို့ရတယ်။ စာရွက်တွေဝေချင် သလား၊ ဝေ လို့ ရ တယ်။ ယုတ်စွအဆုံး အစိုးရကို ဆဲချင်သလား၊ ဆဲလို့ရတယ်။ ဒီလောက်သဘောကောင်းတဲ့ နိုင်ငံဗျာ။

အရှေ့အလယ်ပိုင်းက အီရန်မှာ အမျိုးသမီးတစ်ယာက်ဟာ ယောက်ကျား တစ်ယောက်ကို သူ့ရဲ့ ဆံစလေး ပြမိရုံနဲ့ တင် ကြိမ်ဒါဏ် ၇၄ ချက်တဲ့ခင်ဗျ။

တကယ်လို့ အမျိုးသမီးတစ်ယောက်နုတ်ခမ်းနီဆိုးခဲ့ရင် အီရန် တော်လှန်ရေး အစောင့်တပ်သားတွေ က သူ့နုတ်ခမ်း ကို ဓားသွားနဲ့ မွှန်းပိုင်ခွင့်ရှိသလို မျက်နှာမှာ ပေါင်ဒါ၊မိတ်ကပ် တစ်ခုခုလိမ်းထား တာတွေ့ရင် အက်စစ်နဲ့ အပက်ခံ ရပါသတဲ့။

သေဒါဏ်အပေးခံရတဲ့ ဘယ်လိုမိန်းကလေးမျိုးမဆို အပျိုစင်ဘဝ နဲ့ သေဒါဏ်ပေး ခံရရင် ကောင်း ကင် ဘုံ ရောက်သွား မှာစိုးလို့ အရင်ဦး ဆုံးပြစ်ဒါဏ်မချခင် မုဒိန်းကျင့်ခံရမယ်တဲ့။

ဒီလိုပဲ တခြားဘာသာအကြောင်း ဟောပြောဆွေးနွေးလို့ကတော့ အသက်နဲ့ခန္ဓာ အိုးစားကွဲဖို့ သာပြင်ပေရော့။

လွန်ခဲ့ တဲ့ ၁၀ နှစ်ကျော်လောက်က အီရန်မိသားစုတစ်စု ဗြိတိန်နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွယ် ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းတော့ တရားရုံးက အကူအညီတောင်းတာနဲ့ ဓမ္မစေတီဆရာတော် ဦးကောသလ္လဟာ ဗြိတိန်တရားရုံးမှာ ကူညီတဲ့အနေနဲ့ ဝင်ရောက်စစ်ဆေးပေးခဲ့ဖူးပါတယ်။

အဲဒီ အီရန်မိသားစုဟာ အီရန်မှာ ဗုဒ္ဓဘာသာကို ခိုးကြောင်ခိုးဝှက်ကိုးကွယ်နေ ရတာပါ။ တစ်မိသားစုလုံး ဗုဒ္ဓဘာသာ ဝင်တွေပါ။ နောက်ဆုံး အီရန်တော် လှန်ရေး တပ်တွေသိသွားလို့ အရေးယူခံရတော့မယ့်အချိန်မှာ နိုင်ငံထဲကနေ ခက်ခက်ခဲခဲ ခိုးပြီးတော့ ထွက်ပြေးခဲ့ရတာပါ။ မိလို့ကတော့ စဉ်းစားကြည့်ပေါ့ဗျာ။

ဒီလောက် အသက်လုပြေးရတဲ့ အချိန်မှာ အဲဒီမိသားစုဟာ သူတို့အိမ်မှာခိုးပြီး ကိုးကွယ် တဲ့ ဗုဒ္ဓရုပ်ပွားတော်လေးကို မပါပါအောင်ယူလာခဲ့ကြပါသေးတယ်။

ဗြိတိန်တရားရုံးက အဲဒီမိသားစု ဗြိတိန်မှာနေချင်လို့ အကွက်ဆင်တာလား၊ တကယ်ဗုဒ္ဓဘာသာဝင်တွေ ဟုတ်ရဲ့လား ဆိုတာ စစ်ဆေးဖို့ ဆရာတော် ဦးကောသလ္လကို အကူအညီတောင်းခဲ့တာပါ။

ဟုတ်ကဲ့ ဗုဒ္ဓဘာသာဝင်မှ မဟာယန တောင်မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်တွေပါတဲ့ ခင်ဗျာ။

ကျွန်တော်တို့နိုင်ငံ မှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်။ ကြိုက်တဲ့ဘာသာ ကိုးကွယ်နိုင် ပါတယ်။ ကုလား ထိုင်ပေါ် အုန်းသီးတစ် လုံးလောက် တင်ပြီး ရှိခိုးနေလည်း ခင်ဗျားကို ဘယ်သူမှ လာမဖမ်းပါဘူး။

ဒီတော့ ကျွန်တော်တို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားကို ပျက်ရယ် မပြုပါနဲ့။ မစော်ကား ပါနဲ့။ မခြိမ်းခြောက် ပါနဲ့။ များတဲ့လူနဲ့ ဘာသာဝင်တွေကြီးစိုး တာ မြန်မာတစ်နိုင်ငံ တည်းမဟုတ် ပါဘူး။

မြန်မာတွေဟာ တော်တန်ရုံ ပျက်ရယ်ပြု စော်ကားတာကို သည်းခံလေ့ရှိသလို ခြိမ်းခြောက်ရုံ နဲ့ ကြောက် တတ်တဲ့ လူမျိုးမဟုတ်ပါဘူး။

 Ye Kyaw Thura's photo.

အနှစ် ၂၀၀၀ ကျော် စစ်တိုက် လာတဲ့လူမျိုးဟာ စစ်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ စစ်တိုက်တယ် ဆို တာ ဗမာတွေပျော်မွေ့တဲ့ အရာတစ်ခုပါ။ သိပ်ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး။

ကိုယ့် အခွင့်အရေးကိုယ်တောင်းတာကို လက်ခံပါတယ်။ မရမ်းပါနဲ့၊ မစော်ကား ပါနဲ့။ ဘယ်အရာမဆို အတိုင်းအတာ ရှိပါတယ်။ ငြိမ်းချမ်းရေးအပစ် အခတ်ရပ် စဲရေးကို ခက်ခက်ခဲခဲတည်ဆောက်နေရ တဲ့အချိန်မှာ ငြိမ်းချမ်းရေးကို အထောက် အကူဖြစ်စေမယ့် စကားမျိုးကို သာပြောဆိုသင့်ပါတယ်။

လိုချင်တာ မရရင် တိုင်းပြည်ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်လည်း မခြိမ်းခြောက်ပါ နဲ့။ ကြောက် လို့ပြောနေတာ မဟုတ်ပါ။ စစ်ဖြစ်တာရော ဆင်းရဲတာရော ဗမာတွေအတွက် ရိုးနေပါပြီ။ ဒီ့ထက် ထူးပြီး ဘယ်လိုဒုက္ခတွေပဲ လာလာ အဆင်သင့်ပါပဲ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဗမာတွေအတွက် ဘဝဆိုတာ သိပ်မက်မောတွယ်တာစရာ အကောင် အထည်ကြီးမှ မဟုတ်ပဲ။ နိဗ္ဗာန်မရမချင်း သံသရာမှာ အကြိမ်ကြိမ် အဖန်ဖန်ကျင်လည်ရဦးမှာ…။ အဝိဇ္ဇာနဲ့ တဏှာရှိနေသ၍ ဒီခန္ဓာကြီးကို အဖန်ဖန်တလဲလဲ တွေ့နေရဦးမှာ။ ဘာများဆန်းလို့လဲ။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒူးရင်းသီး ခရင်မ် အစာသွပ်ထားတဲ့ ပေါင်မုန့် တစ်လုံးနဲ့ ကျွန်တော် ဥပမာပေးပြောဆိုခဲ့ပါတယ်။

တကယ်လို့ အမေရိကန်ဖွဲ့စည်းပုံဟာ ဒူးရင်းသီးတစ်လုံးမဟုတ်ဘဲ ကျွန်တော် ဥပမာပေးသလို ဒူးရင်း သီးခရင်မ်အစာ သွပ်ထားတဲ့ ပေါင်မုန့် တစ်လုံးဆို ရင်တော့ အထဲက ဒူးရင်းသီးပါတဲ့ခရင်မ်ကို ဖယ် ထုတ်ပြီး စားလို့ရပါတယ်။

အဟာရပြည့်ဝပြီး အင်မတန် အရသာရှိတဲ့ ပေါင်မုန့်တစ်လုံး ကို ငြင်းပယ်နေတာ မဟုတ်ပါ။ အထဲက မတည့်တဲ့ ခရင်မ် ကိုထုတ်လိုက်ရင်တော့ အမေရိကန်ပေါင် မုန့် ဟာလည်း မြန်မာလူနာ တစ်ယောက် အတွက် အဟာရဖြစ်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတစ်ခုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှ သုံးလို့မရဘူးလို့ မျက်စိမှိတ် ခြေကန် ငြင်းရလောက်အောင် ကျွန်တော် အသိဉာဏ်ပညာ မခေါင်းပါးပါဘူး။

ကျွန်တော်က အစိုးရအဖွဲ့ဝင် မဟုတ်သလို နိုင်ငံရေး ပါတီတစ်ခုခုရဲ့ အဖွဲ့ဝင် လည်း မဟုတ်တဲ့ အတွက် ကျွန်တော့် စကားလုံးတွေက မဲဆွယ်တဲ့သူတွေလို နားထောင်ကောင်းလိမ့်မယ် မဟုတ် ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါ အမှန်တွေ ပါ၊ ဒါဟာ ပကတိအရှိတရားပါ။

အရှိတရားတွေကို မျက်ကွယ်ပြုပြီးထင်ရာစွပ်လုပ်ချင်တဲ့သူအချို့အတွက် သတိပေးစကားများပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ်။ ဆရာကြူးနစ် ဝတ္ထုတိုတစ်ပုဒ်ထဲကပြောသလိုပြောရရင် "ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်ဖြစ် ကိုယ်ခံ ဒန်တန်တန်…"ပါပဲ။

အမျိုး၊ ဘာသာ၊ သာသနာကို အသက်တမျှချစ်မြတ်နိုးတယ်ဆိုတာနဲ့ လူတစ်ယောက်ကို မျက်ကန်း မျိုးချစ် တစ် ယောက်လို့ ကင်ပွန်းတပ်လို့မရပါဘူး။

သမိုင်းဆိုတာ ပုံတူ ကူးချလို့ ရတဲ့အရာ မှ မဟုတ်ပဲ။

ကျေးဇူးတင်ပါတယ်။

(ကျွန်တော်တင်တဲ့ ဆောင်းပါးလေးတွေကို ပြန်ပြီး Share လုပ်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူး တင်ပါတယ်။ အားလုံး သိတဲ့အတိုင်း သူပုန်လော် ဘီဆောင်းပါးတွေ၊ အစိုးရ ကလော်တုတ် တဲ့ ဆောင်း ပါးတွေကိုသာ ဂျာနယ် အများစုက ရွေးချယ်ဖေါ်ပြနေတဲ့ကာလမှာ ဒီလိုဆောင်းပါးမျိုးကို ဘယ်ဂျာနယ် ကမှ သုံးမှာ မဟုတ်ဘူးဆိုတာ သိကြမယ်ထင်ပါတယ်။

မိတ်ဆွေတို့ရဲ့ ပြန်လည် မျှဝေမှုဟာ ကျွန်တော်တို့ အမျိုး၊ ဘာသာ၊ သာသနာ ရှင်သန်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် မျှဖြစ်တယ် ဆိုရင်ပဲ အင်မ တန်ကြည်နူးကျေနပ်စရာ ကောင်းလှပါပြီ။ ဘဝဆိုတာ တိုတိုလေးပါ။ ဒါပေမဲ့ သံသရာကရှည်တယ် မဟုတ်ပါလား ခင်ဗျာ။)

ရဲကျော်သူရ

From...FB 








No comments:

Post a Comment