*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 21 March 2014

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

 ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး
*************************
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မ တစ်ယောက်ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့်ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူးတစ်ခုရပြီး ပေါင်မုန့်အပိုတစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေတဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်မှာ ထားထားလိုက်ပါတယ်။ အဲဒီပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ အဝေးတစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းတတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖို့ဆိုပြီး မြို့ကို ထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက် သတင်းမကြားရတာ ကြာပြီဖြစ်တဲ့ သူမ သားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ် ကင်းရှင်းအောင် ဆုတောင်းနေရတာ ဖြစ်ပါတယ်။

အိမ်ရှင်မရဲ့ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ စထားတဲ့နေ့ကစပြီး လာလာယူတဲ့သူက ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါတယ်တဲ့။ အဲဒီ အဖိုးကြီးဟာ ပေါင်မုန့်ကို ယူပြီးတိုင်း အိမ်ရှင်တွေကို ကျေးဇူးတင် ဝမ်းမြောက်တဲ့ အပြုအမူ ပြရမဲ့အစား စကားတစ်ခွန်း ကိုသာ ထပ်တလဲထဲ ရွတ်ဆိုပြီး အဝေးကို ထွက်ခွာသွားတတ်ပါတယ်။ သူဆိုသွားတဲ့ စကားက "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့ စကားဘဲဖြစ်ပါတယ်။

အိမ်ရှင်မဟာ နေ့တိုင်းနေ့တိုင်း ပေါင်မုန့်တစ်လုံးတစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက်မှာ တင်ထားမြဲ တင်ထားပြီး သူမသားလေး ဘေးရန် ကင်းရှင်းပြီး ပြန်ရောက်လာစေကြောင်း ဆုတောင်းလေးရှိသလို ခါးကုန်ကြီးဟာလည်း နေ့စဉ်နေ့တိုင်း အဲဒီပေါင်မုန့်ကို လာလာ ယူမြဲဖြစ်ပါတယ်။ လာယူတိုင်းလည်း သူ့ပါးစပ်ကနေ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာသွားလေ့ရှိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကြာလာတဲ့အခါကျတော့ အိမ်ရှင်မရဲ့စိတ်ထဲမှာ ခံရခက်လာပါတယ်။ ပေါင်မုန့်ကို နေ့တိုင်းလာယူပေမဲ့ ကျေးဇူးတင်စကား၊ ကျေးဇူးတင်တဲ့ အမူအရာ တစ်ခွန်းမှ ပြောဖော်မရဘဲ သူ ပြောနေကျ စကားကိုသာ သူ့ဖာသူ တီးတိုး ရေရွတ် ပြောဆိုသွားခဲ့ပါတယ်။
"မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကိုသာ ကြားနေရတော့ အိမ်ရှင်မဟာ ဒေါသထွက်သလို ဖြစ်လာပါတော့တယ်။ "ဒီခါးကုန်းကြီးဟာ နေ့တိုင်းနေ့တိုင်း ငါထားထားတဲ့ ပေါင်မုန့်လာလာယူပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောဖို့ မသိတတ်ဘူး ။ ဘာမဟုတ်တဲ့ စကားတွေဘဲ ပြောပြောသွားတယ်။ ဘယ်လိုလူစားမျိုးလဲ မသိဘူး" လို့ တွေးမိပြီး "ဒီလောက်တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင်စကား ပြောဖို့ ဝန်လေးတတ်တဲ့ ဒီခါးကုန်းကြီး နောက်ကို ငါထားတဲ့ ပေါင်မုန့်တွေ လာမယူတော့ အောင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်" လို့ စိတ်ကူးရေရွတ်မိပါတယ်။

အဲဒီလိုနဲ့ မိုးခပ်ဖွဲဖွဲ ရွာနေတဲ့ တစ်ရက်မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပိုတစ်လုံး ဖုတ်မဲ့အထဲကို အဆိပ်တစ်မျိုးကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ်ကိုထည့်ပြီး ဖုတ်မယ် ပြင်နေတုန်းမှာ အိမ်ရှင်မရဲ့လက်တွေဟာ တစ်ဆတ်ဆတ် တုန်ယင်လာပြီး " ငါ ဘာတွေ လုပ်ဖို့ စိတ်ကူးနေတာလဲ။ ပေါင်မုန့်ကို မရှိနွမ်းပါးသူ ဘယ်သူဘဲယူယူ ဆိုတဲ့ စိတ်ကူးနဲ့ ပြူတင်းပေါက်နားမှာ ထားဖို့ ငါ နေ့စဉ်ဖုတ်နေတာဘဲ။ ဒီခါးကုန်းကြီး ကျေးဇူးတင်တင် မတင်တင်၊ ငါစေတနာ ပျက်စရာလိုလို့လား " လို့ အသိတရား ပြန်ဝင်လာပြီး အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို မီးဖိုထဲ ပစ်ချလိုက်ပြီး နောက်ထပ် အသစ်တစ်လုံးကို ထပ်မံပြုလုပ်ပြီး ပြူတင်းပေါက်ပေါ် တင်ထားလိုက်ပါတော့တယ်။

လာနေကျအတိုင်း ခါးကုန်းကြီးပေါ်လာပြီး အိမ်ရှင်မထားထားတဲ့ ပေါင်မုန့်ကို ယူပြီး ခါတိုင်းလို "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို ရေရွတ်ပြီး ထွက်သွားပြန်ပါတယ်။ အဲဒီနေ့ ညနေမှာတော့ သူမတို့ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။ တံခါးလည်း ဖွင့်လိုက်ရော အံ့သြစရာကို သူမ တွေ့လိုက်ရပါတယ်။ အဲဒါက စာမလာသတင်းမကြား အတန်ကြာ ပျောက်နေတဲ့ သူမရဲ့ သားဟာ တံခါးရှေ့ကို ရောက်နေခဲ့ပါပြီ။ သူမရဲ့သားဟာ ကျုံလှီ ပိန်ခြုံးနေပြီး အဝတ်အစားတွေဟာလည်း စုတ်ပြဲညစ်နွမ်းလို့ နေပါတယ်။ ပြီးတော့လည်း အင်အားချည့်နဲ့ မောပန်းပြီး အလွန်တရာမှာ ဆာလောင် ငတ်မွတ်နေတဲ့ ပုံ ပေါ်ပါတယ်။

သူမ သားလေးဟာ မိခင်ဖြစ်သူကိုလည်း မြင်ရော အားရဝမ်းသာ ပြေးဖက်လိုက်ပြီး " မေမေရယ် ကျွန်တော်ဖြင့် အိမ်ကိုတောင် ပြန်မှ ရောက်ပါတော့မလားလို့ ။ ခုမှဘဲ စိတ်အေးရတော့တယ်" လို့ ပြောလိုက်တော့ မိခင်ဖြစ်သူက "ဘာတွေများဖြစ်ခဲ့လဲ သားရယ်.. မေမေ့ကို ပြောပြပါဦး" လို့ ပြန်မေးပါတယ်။ သားဖြစ်သူက " ကျွန်တော် မြို့ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး တိုက်ပွဲတွေကို ရှောင်ကွင်းပြီးလာခဲ့ရတယ်။ တောထဲ တောင်ထဲကိုလည်း ဖြတ်ခဲ့ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့တဲ့ နေရာရောက်တော့ ကျွန်တော့်မှာ ဘာမှ စားစရာမရှိတော့ဘူး ဝယ်စားဖို့ ငွေလည်း မရှိတော့ဘူး။ အစာမစားရတာ ကြာတော့ အားပြတ်ပြီး လဲကျတော့မလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တော့ သေတော့မယ်လို့ကို အောက်မေ့တော့တာဘဲ။ အဲဒါ ဒီမနက်မှာ ခါးကုန်းအဖိုးကြီးတစ်ယောက်က ကျွန်တော့်ဘေးကနေ ဖြတ်သွားတော့ သူ့လက်ထဲမှာ ကိုင်လာတဲ့ ပေါင်မုန့်တစ်လုံးကိုတွေ့လိုက်ရလို့ ကျွန်တော်လည်း ပေါင်မုန့်တစ်ဖဲ့လောက် ကျွေးပါလို့ တောင်းပန်ပါတယ်" လို့ ပြောပြပါတယ်။

အဲဒီတော့ ခါးကုန်းကြီးက ပေါင်မုန့်ကို သားကို ကျွေးရဲ့လား လို့ မိခင်က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီးဟာ ကျွန်တော့်ကို သူ့လက်ထဲက ပေါင်မုန့်တစ်လုံးလုံးကို ပေးခဲ့ပြီး " ဒီပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျရိက္ခာဘဲ။ ဒါပေမဲ့ ဒီပေါင်မုန့်တစ်လုံးလုံး မင်းကို ပေးခဲ့ပါမယ်. ဘာဖြစ်လို့လဲ ဆိုတော့ ခုချိန်မှာ ငါ့ထက် မင်းက ဒီပေါင်မုန့်တစ်လုံးကို ပိုလိုအပ်နေတဲ့သူ ဖြစ်နေလို့ပါဘဲ" လို့ ပြောသွားခဲ့တာပါ။ ကတယ်ကို ကျွန်တော့်ရဲ့ အသက်သခင်လို့ ပြောရမယ် မေမေရေ. အဲဒီပေါင်မုန့်သာ ကျွန်တော် မစားရရင် ဒီကိုတောင် ရောက်အောင် လာနိုင်ဖို့ မမြင်တော့ပါဘူး။ ကျွန်တော်ဟာ အစာငတ်ပြီး သေရုံသာ ရှိပါတော့တယ် လို့ ပြောပြလိုက်ပါတယ်။

သားရဲ့ စကားကို ကြားရတော့ မိခင်ဖြစ်သူက အံ့သြထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မူးမေ့လဲကျမတတ် ခံစားလိုက်ရတဲ့အတွက် တံခါးဘောင်ကို လှမ်းထိန်းလိုက်ရပါတယ်။ သူမဟာ ဒီမနက်မှာ ပေါင်မုန့်ထဲကို အဆိပ်ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါသေးတယ်။ ဒီမနက်မှာ အဲဒီပေါင်မုန့်ကို ခါးကုန်းကြီးကသာ ယူသွားမိခဲ့ရင် အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို စားမိသူက သူမရဲ့ အချစ်ဆုံး သားလေးဖြစ်မှာ အသေအချာပါ။ အဲဒီလိုသာဆိုရင် သူမ သားလေးကိုလည်း ဆုံးရှုံးရဖို့ သေချာသလောက် ရှိပါတယ်။ အဲဒီတော့မှ ခါးကုန်းကြီး ပြောပြောသွားတဲ့ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် နားလည်မိရပါတော့တယ်။ 

ခါးကုန်းကြီးကို အဆိပ်မိစေချင်စိတ်နဲ့သာ ပေါင်မုန့်ထဲ အဆိပ်ထည့်ပြီးသာ ဖုတ်ခဲ့မိရင် အဲဒီမကောင်းတဲ့ စိတ်ထားရဲ့ အကျိုးဆက်ဟာ သူမသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်းတဲ့စိတ်ရိုင်းကို ဖယ်ပြီး စိတ်ကောင်းကောင်းဖြင့် ပေါင်မုန့်အကောင်းကိုသာ ဖုတ်ဖြစ်ခဲ့တဲ့အတွက် သူမသားလေး ပြန်ရောက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမပြူတင်းပေါက်မှာ နေ့စဉ်ထားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကလေးက သူမသားအသက်ကို ကယ်လိုက်တာသာ ဖြစ်ပါတော့တယ်။ မိခင်ဖြစ်သူဟာ သူမရဲ့ တစ်သက်တာမှာ မကောင်းမှုကိုလုပ်ဖို့ ဘယ်တော့မှ ကြံစည်ဖြစ်တော့မှာ မဟုတ်တာ သေချာပါတယ်။

ကောင်းမှုတစ်ခုခု(သို့မဟုတ်) ကောင်းသည်၊ မှန်သည်ဟု မိမိလေးနက်စွာ ယုံကြည်ထားသည့် အရာတစ်ခုခုကို ပြုလုပ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ အသိပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ချီးကျူးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မိမိလုပ်လက်စ ကောင်းမှုဟု မိမိယုံကြည်သော အလုပ်ကို ပြုလုပ်မြဲ ဆက်ပြုလုပ်ပါ။ ထိုကောင်းမှုနှင့် ထိုက်တန်သော ကောင်းကျိုးကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင်ကိုယ်တိုင် သေချာပေါက် ပြန်လည်ခံစားရမည်ဖြစ်သည်။ 

Credit- အစိမ်းရောင်လွင်ပြင်

(ဖတ်ပြီးရင်တော့ Shareပေးဖို့မမေ့ပါနဲ့)
ကိုယ်ဖတ်ပြီးလို့ ကောင်းတာလေးတွေကို မျှဝေပေးတာကလည်း မေတ္တာ တစ်မျိုးပါ။
@@@သာသနာနွယ်

ရသစုံ စာကြည့်တိုက်
https://www.facebook.com/pages/%E1%80%9B%E1%80%9E%E1%80%85%E1%80%B6%E1%80%AF-%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/269040973241076?ref=hl


လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် ကာလတုန်းက အိမ်ရှင်မ တစ်ယောက်ဟာ သူ့မိသားစု စားဖို့ အတွက် ပေါင်မုန့်ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူးတစ်ခုရပြီး ပေါင်မုန့်အပို တစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။


 ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေတဲ့ တစ်ယောက်ယောက် များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်မှာ ထားထားလိုက်ပါတယ်။ 


အဲဒီပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ အဝေးတစ်နေရာ ကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ်ကင်းရှင်း ပါစေကြောင်း ဆုတောင်းတတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖို့ဆိုပြီး မြို့ကို ထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက် သတင်းမကြားရတာ ကြာပြီဖြစ်တဲ့ သူမ သားအတွက် ရတက် မအေးနိုင်အောင် ရှိနေခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ် ကင်းရှင်းအောင် ဆုတောင်းနေရတာ ဖြစ်ပါတယ်။
 
အိမ်ရှင်မရဲ့ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ စထားတဲ့နေ့ကစပြီး လာလာယူတဲ့သူက ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါတယ်တဲ့။ အဲဒီ အဖိုးကြီးဟာ ပေါင်မုန့်ကို ယူပြီးတိုင်း အိမ်ရှင်တွေ ကို ကျေးဇူးတင် ဝမ်းမြောက်တဲ့ အပြုအမူ ပြရမဲ့အစား စကားတစ်ခွန်း ကိုသာ ထပ် တလဲထဲ ရွတ်ဆိုပြီး အဝေးကို ထွက်ခွာသွားတတ်ပါတယ်။ သူဆိုသွားတဲ့ စကားက "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့ စကားဘဲဖြစ်ပါတယ်။

 အိမ်ရှင်မဟာ နေ့တိုင်းနေ့တိုင်း ပေါင်မုန့်တစ်လုံးတစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက်မှာ တင်ထားမြဲ တင်ထားပြီး သူမသားလေး ဘေးရန် ကင်းရှင်းပြီး ပြန်ရောက်လာစေကြောင်း ဆုတောင်းလေ့ရှိသလို ခါးကုန်ကြီးဟာလည်း နေ့စဉ်နေ့တိုင်း အဲဒီပေါင်မုန့်ကို လာလာ ယူမြဲဖြစ်ပါတယ်။ 

လာယူတိုင်းလည်း သူ့ပါးစပ်ကနေ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာသွားလေ့ရှိ ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကြာလာတဲ့ အခါကျတော့ အိမ်ရှင်မရဲ့စိတ်ထဲမှာ ခံရခက်လာ ပါ တယ် ။

 ပေါင်မုန့်ကို နေ့တိုင်းလာယူပေမဲ့ ကျေးဇူးတင်စကား၊ ကျေးဇူးတင်တဲ့ အမူအရာ တစ်ခွန်း မှ ပြောဖော်မရဘဲ သူ ပြောနေကျ စကားကိုသာ သူ့ဖာသူ တီးတိုး ရေရွတ် ပြောဆိုသွားခဲ့ပါတယ်။
"မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကိုသာ ကြားနေရတော့ အိမ်ရှင်မဟာ ဒေါသထွက်သလို ဖြစ်လာပါတော့တယ်။ 


"ဒီခါးကုန်းကြီးဟာ နေ့တိုင်းနေ့တိုင်း ငါထားထားတဲ့ ပေါင်မုန့်လာလာယူပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောဖို့ မသိတတ်ဘူး ။ ဘာမဟုတ်တဲ့ စကားတွေဘဲ ပြောပြောသွားတယ်။ ဘယ်လိုလူစားမျိုးလဲ မသိဘူး" လို့ တွေးမိပြီး "ဒီလောက်တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင်စကား ပြောဖို့ ဝန်လေးတတ်တဲ့ ဒီခါး ကုန်းကြီး နောက် ကို ငါထားတဲ့ ပေါင်မုန့်တွေ လာမယူတော့ အောင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်" လို့ စိတ်ကူးရေရွတ်မိပါတယ်။

အဲဒီလိုနဲ့ မိုးခပ်ဖွဲဖွဲ ရွာနေတဲ့ တစ်ရက်မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပိုတစ်လုံး ဖုတ်မဲ့ အထဲကို အဆိပ် တစ်မျိုးကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ်ကိုထည့်ပြီး ဖုတ်မယ် ပြင်နေတုန်းမှာ အိမ်ရှင်မရဲ့လက်တွေဟာ တစ်ဆတ်ဆတ် တုန်ယင်လာပြီး " ငါ ဘာတွေ လုပ်ဖို့ စိတ်ကူးနေတာလဲ ။ ပေါင်မုန့်ကို မရှိနွမ်းပါးသူ ဘယ်သူဘဲယူယူ ဆိုတဲ့ စိတ်ကူးနဲ့ ပြူတင်းပေါက်နားမှာ ထားဖို့ ငါ နေ့စဉ်ဖုတ်နေတာဘဲ။ ဒီခါးကုန်းကြီး ကျေးဇူးတင်တင် မတင်တင်၊ ငါစေတနာ ပျက်စရာ လိုလို့ လား " လို့ အသိတရား ပြန်ဝင်လာပြီး အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို မီးဖိုထဲ ပစ်ချ လိုက်ပြီး နောက် ထပ် အသစ်တစ်လုံးကို ထပ်မံပြုလုပ်ပြီး ပြူတင်းပေါက်ပေါ် တင်ထားလိုက် ပါတော့တယ်။

လာနေကျအတိုင်း ခါးကုန်းကြီးပေါ်လာပြီး အိမ်ရှင်မထားထား တဲ့ ပေါင်မုန့်ကို ယူပြီး ခါတိုင်းလို "မကောင်းတာလုပ်ရင်မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန် လာမယ်" ဆိုတဲ့စကားကို ရေရွတ်ပြီး ထွက်သွားပြန်ပါတယ်။ အဲဒီနေ့ ညနေမှာတော့ သူမတို့ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။ တံခါးလည်း ဖွင့်လိုက်ရော အံ့သြစရာကို သူမ တွေ့လိုက်ရပါတယ်။ အဲဒါက စာမလာသတင်းမကြား အတန်ကြာ ပျောက်နေတဲ့ သူမရဲ့ သားဟာ တံခါးရှေ့ကို ရောက်နေခဲ့ပါပြီ။ 

သူမရဲ့သားဟာ ကျုံလှီ ပိန်ခြုံးနေပြီး အဝတ်အစားတွေဟာလည်း စုတ်ပြဲညစ်နွမ်းလို့ နေပါ တယ်။ ပြီးတော့လည်း အင်အားချည့်နဲ့ မောပန်းပြီး အလွန်တရာမှာ ဆာလောင် ငတ်မွတ်နေတဲ့ ပုံ ပေါ်ပါတယ်။

သူမ သားလေးဟာ မိခင်ဖြစ်သူကိုလည်း မြင်ရော အားရဝမ်းသာ ပြေးဖက်လိုက်ပြီး " မေမေရယ် ကျွန်တော်ဖြင့် အိမ်ကိုတောင် ပြန်မှ ရောက်ပါတော့မလားလို့ ။ ခုမှဘဲ စိတ်အေးရတော့တယ်" လို့ ပြောလိုက်တော့ မိခင်ဖြစ်သူက "ဘာတွေများဖြစ်ခဲ့လဲ သားရယ်.. မေမေ့ကို ပြောပြပါဦး" လို့ ပြန်မေးပါတယ်။ သားဖြစ်သူက " ကျွန်တော် မြို့ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး တိုက်ပွဲတွေကို ရှောင်ကွင်းပြီးလာခဲ့ရတယ်။

 တောထဲ တောင်ထဲကိုလည်း ဖြတ်ခဲ့ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့တဲ့ နေရာရောက်တော့ ကျွန်တော့်မှာ ဘာမှ စားစရာမရှိတော့ဘူး ဝယ်စားဖို့ ငွေ လည်း မရှိတော့ဘူး။ အစာမစားရတာ ကြာတော့ အားပြတ်ပြီး လဲကျတော့မလို ဖြစ်နေခဲ့တယ်။ 

ကျွန်တော်တော့ သေတော့မယ်လို့ကို အောက်မေ့တော့တာဘဲ။ အဲဒါ ဒီမနက်မှာ ခါးကုန်း အဖိုးကြီး တစ်ယောက်က ကျွန်တော့်ဘေးကနေ ဖြတ်သွားတော့ သူ့လက်ထဲမှာ ကိုင်လာ တဲ့ ပေါင်မုန့်တစ်လုံးကိုတွေ့လိုက်ရလို့ ကျွန်တော်လည်း ပေါင်မုန့်တစ်ဖဲ့လောက် ကျွေး ပါလို့ တောင်းပန်ပါတယ်" လို့ ပြောပြပါတယ်။

အဲဒီတော့ ခါးကုန်းကြီးက ပေါင်မုန့်ကို သားကို ကျွေးရဲ့လား လို့ မိခင်က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီးဟာ ကျွန်တော့်ကို သူ့လက်ထဲက ပေါင်မုန့်တစ်လုံးလုံး ကို ပေးခဲ့ပြီး " ဒီပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျရိက္ခာဘဲ။ ဒါပေမဲ့ ဒီပေါင်မုန့်တစ်လုံးလုံး မင်းကို ပေးခဲ့ပါမယ်. ဘာဖြစ်လို့လဲ ဆိုတော့ ခုချိန်မှာ ငါ့ထက် မင်းက ဒီပေါင်မုန့်တစ်လုံးကို ပိုလိုအပ်နေတဲ့သူ ဖြစ်နေလို့ပါဘဲ" လို့ ပြောသွားခဲ့တာပါ။

 တစ်ကယ်ကို ကျွန်တော့်ရဲ့ အသက်သခင်လို့ ပြောရမယ် မေမေရေ. အဲဒီပေါင်မုန့်သာ ကျွန်တော် မစားရရင် ဒီကိုတောင် ရောက်အောင် လာနိုင်ဖို့ မမြင်တော့ပါဘူး။ ကျွန်တော်ဟာ အစာငတ်ပြီး သေ ရုံ သာ ရှိပါတော့တယ် လို့ ပြောပြလိုက်ပါတယ်။

သားရဲ့ စကားကို ကြားရတော့ မိခင်ဖြစ်သူက အံ့သြထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မူးမေ့လဲကျမတတ် ခံစားလိုက်ရတဲ့အတွက် တံခါးဘောင်ကို လှမ်းထိန်းလိုက်ရပါတယ်။ သူမဟာ ဒီမနက်မှာ ပေါင်မုန့်ထဲကို အဆိပ်ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါသေးတယ်။ 

ဒီမနက်မှာ အဲဒီပေါင်မုန့် ကို ခါးကုန်းကြီးကသာ ယူသွားမိခဲ့ရင် အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို စားမိသူက သူမရဲ့ အချစ်ဆုံး သားလေးဖြစ်မှာ အသေအချာပါ။ အဲဒီလိုသာဆိုရင် သူမ သားလေးကို လည်း ဆုံးရှုံးရဖို့ သေချာသလောက် ရှိပါတယ်။ 

အဲဒီတော့မှခါးကုန်းကြီး ပြောပြောသွားတဲ့"မကောင်းတာလုပ်ရင်မကောင်းသလိုခံစားရမယ်။ ကောင်း တာ လုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် နားလည် မိရပါတော့တယ်။

 ခါးကုန်းကြီးကို အဆိပ်မိစေချင်စိတ်နဲ့သာ ပေါင်မုန့်ထဲ အဆိပ်ထည့်ပြီးသာ ဖုတ်ခဲ့မိရင်အဲဒီ မကောင်း တဲ့ စိတ်ထားရဲ့ အကျိုးဆက်ဟာ သူမသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်း တဲ့စိတ်ရိုင်းကို ဖယ်ပြီး စိတ်ကောင်းကောင်းဖြင့် ပေါင်မုန့်အကောင်းကိုသာ ဖုတ်ဖြစ်ခဲ့တဲ့အတွက် သူမသားလေး ပြန်ရောက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သူမပြူတင်းပေါက်မှာ နေ့စဉ်ထားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကလေးက သူမသားအသက်ကို ကယ်လိုက် တာသာ ဖြစ်ပါတော့တယ်။ မိခင်ဖြစ်သူဟာ သူမရဲ့ တစ်သက်တာမှာ မကောင်းမှုကိုလုပ်ဖို့ ဘယ်တော့ မှ ကြံစည်ဖြစ်တော့မှာ မဟုတ်တာ သေချာပါတယ်။

 ကောင်းမှုတစ်ခုခု(သို့မဟုတ်) ကောင်းသည်၊ မှန်သည်ဟု မိမိလေးနက်စွာ ယုံကြည်ထားသည့် အရာတစ်ခုခုကို ပြုလုပ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ အသိပြုသည် ဖြစ်စေ၊ မပြု သည် ဖြစ်စေ၊ ချီးကျူးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မိမိလုပ်လက် စ ကောင်းမှုဟု မိမိယုံကြည်သော အလုပ်ကို ပြုလုပ်မြဲ ဆက်ပြုလုပ်ပါ။ ထိုကောင်းမှုနှင့် ထိုက် တန်သော ကောင်းကျိုးကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင်ကိုယ်တိုင် သေချာပေါက် ပြန် လည် ခံစားရမည်ဖြစ်သည်။


Credit- အစိမ်းရောင်လွင်ပြင်
(ဖတ်ပြီးရင်တော့ Shareပေးဖို့မမေ့ပါနဲ့)
ကိုယ်ဖတ်ပြီးလို့ ကောင်းတာလေးတွေကို မျှဝေပေးတာကလည်း မေတ္တာ တစ်မျိုးပါ။

 

@@@သာသနာနွယ်
ရသစုံ စာကြည့်တိုက်

  https://www.facebook.com/pages/%E1%80%9B%E1%80%9E%E1%80%85%E1%80%B6%E1%80%AF-%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/269040973241076?ref=hl

No comments:

Post a Comment