*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 1 April 2014

အမှုန် အမွှားတို့ ဝင်လာ ဖို့ မျက်စိ ဖွင့်ထားတယ် { ကဗျာ }





ကူပါ ကယ်ပါ လို့အော်ပြီး
ပြေးဝင်လာတဲ့ အလောင်းကောက် ကာ
းက
လမ်းအသေကြီးကို ထားခဲ့......

သံဝေဂ ရမယ်ဆို ရလောက်စရာ
အသက်ရှူနေတဲ့လေမှာ
အားမသန် လို့လျှော့လိုက်ရတဲ့ မာန်တွေ.....



အနူ ဝဲစားရဲ့လက်နဲ့ ပျိုးတဲ့ပန်း
နန်းတော် အတွက် ခမ်းနားရင်ကိုပဲ
ဘာလို့ ရင်နာနေဦးမှာလဲ...........

မတူညီခြင်းကိုက ဘဝဖြစ်နေမှတော့
တန်းတူအောင် ဘာလို့ ညှိနေမှာလ
ရက် လ နှစ် နာရီ မိနစ် စက္ကန့်
သူတို့ သူတို့တွေဟာ
ငါတို့စိတ်နောက်ကို လိုက်မလာနိုင်တဲ့
ပြယုဂ် အသေထဲ ကဒုက္ခိတတွေ.............

ကြိုးစားပါဆိုတဲ့ အသံနောက်
ကျိုးနေတဲ့ ဘဝတွေ အစားခံရတာ
ရိုးသားပါ ဆိုတဲ့ညွှန်းဖွဲ့မှုတွေအောက်
ယိုးမယ် ဖွဲ့မရတဲ့ ကံသာ
ငါတို့ စိတ်ကိုရိုင်းစိုင်းစေခဲ့........

မှုတ်ထုတ် လိုက်တဲ့လေပူ တစ်ချက်မှာ
သစ်ရွက်တွေကြွေသွားပါ့မယ် ဆိုတာ
ငါ့ရဲ့စာနာခြင်း သက်သက်ပါ......။

လေသွေးညို

၂၃.၃.၂၀၁၄
၀၉၄၀၂၆၆၆၈၁၄

No comments:

Post a Comment