*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 14 April 2014

လေဒီဂါဂါ နုပျိုအောင် ဘာတွေ လုပ်ထားသလဲ

 
 
ဂါဂါ တစ်ယောက် သဘာဝ ကို အံတုပြီး ငယ်ရွယ်နုပျို ဖို့ အတွက် နေ့စဉ်နေ့တိုင်း Facelift tape သုံး ပါတယ်။
အသက် ၂၈နှစ်ရှိပြီ ဖြစ်တဲ့ ဂါဂါဟာ သူမရဲ့ မေးရိုးနဲ့ လည်ပင်း တစ်ဝိုက် က အရေပြား လျော့ရဲကျ မနေစေ ဖို့ အတွက်နဲ့  အသားအရေ တင်းရင်း လှပစေဖို့ အတွက်နဲ့ ပိုပြီး လူငယ် ဆန်ဖို့ အတွက် တိပ် သုံးနေတယ် လို့ ၀န်ခံခဲ့ပါတယ်။


 ဒီတိပ် ကပ်ခြင်းက သူမ ရဲ့ မနက်တိုင်း လုပ်ဆောင်လေ့ ရှိတဲ့  တာဝန် တစ်ခုဖြစ်နေပြီလို့  ပြောပါတယ်။ ဒါဟာ သူမ အတွက် ဆေး တစ်မျိုးဖြစ်တယ် လို့ ဒေးလီးမေးလ် သတင်းစာကို ပြောပြခဲ့ပါတယ်။

မျက်နှာ သစ်တယ်။ ပြီးတော့ ဆံပင် ကို နောက်မှာ လှန်ထားပြီး တိပ်ကပ် ဖို့ ကိုယ့်ကိုကိုယ်မေးကြည့်တယ်။ ဒီနေ့ တိပ်သုံးပြီးတော့ မျက်လုံး ပုံစံကို ဘယ်လိုပြင် ရမလဲ ၊ ဘယ်လိုပုံစံ လုပ်ရမလဲ။ နောက်ပြီးတော့ လည်ပင်း နားကိုရော တိပ်နဲ့ ဘယ်လို တင်းရင်းနေအောင် လုပ်ရမလဲ လို့ စဉ်းစားတယ်လို့ ပြောပါတယ်။

Poke Face စတားလို့ အမည် ရတဲ့ ဂါဂါ တစ်ယောက် သူမ ရဲ့ အပြင်အဆင် အတွက် ဖုံးကွယ်ခြင်း မရှိဘဲ ရိုးရိုးသားသား ၀န်ခံခဲ့ပါတယ်။ သူမက ပြင်ဆင်ထားတာ ကလည်း ရိုးသားမှု ပဲလေ။ လှတယ်၊ ကြည့်ကောင်း တယ် ဆိုတာ ကလည်း ကြည့်သူရဲ့ မျက်စိထဲမှာ ချစ်စရာကောင်းပြီး သဘာဝကျနေလို့ ပဲပေါ့လို့ သူမက ဆိုပါတယ်။


ဒါပေမယ့် အရေပြား ခွဲစိတ် ဆရာဝန် Jeya Prakash ကတော့ တိပ် သုံးခြင်းက အရေပြား မှာ မြဲမြံတဲ့ ထိ ခိုက်မှု ရစေနိုင်တယ် လို့ သတိပေးပြောကြားခဲ့ပါတယ်။ သူမက မျက်နှာကို တိပ်နဲ့ တင်းတင်း ကပ် လိုက်ခြင်းက သွေးလည်ပတ်မှု ကို လျော့စေတယ်။ 

ဆိုလိုတာက မျက်နှာပြင် အရေပြား အနှံ့ကို လိုအပ်တဲ့ အာဟာရတွေ မရောက်နိုင်တော့ဘူး။ ဒါကြောင့် ပုံမှန် မဟုတ်တဲ့ ဆိုးကျိုးတွေ ရလာနိင်တယ်။ ဒါက အရေပြား အတွင်းပိုင်းမှာ ဒဏ်ရာရခြင်းပဲလေ။ 

အရေပြား အတွက် များပြားတဲ့ ဆဲလ်တွေက လိုအပ်တဲ့ အာဟာရကို အညီအမျှ မရတဲ့ အတွက် ဖြစ်ပေါ် လာတဲ့ အမာရွတ် လို့လဲ ပြောလို့ရတယ်။ ရေရှည် မှာတော့ အရွယ်ကျခြင်း ကို ပိုမြန်စေတယ် လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

World-Myanmar
From...Search Myanmar
 

No comments:

Post a Comment