*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 14 April 2014

နေရာရွှေ့ပြောင်း သည့် လေယာဉ် မှ ရပ်ထားသော လေယာဉ် ကို တိုက်မိ

ရန်ကုန်၊ ဧပြီ ၁၄
 

၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံ မြို့နယ် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေယာဉ် ကွင်း အတွင်း Golden Myanmar Air Way (GMA) လေကြောင်း မှ လေယာဉ် အမှတ် XY-AGT ၊ လေယာဉ် အမျိုးအစား A-320 သည် Push Back ယာဉ်ဖြင့် တွန်း၍ နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့် သွားပြီး လေယာဉ် ဦးပိုင်းဖြင့် အနီးတွင် ရပ်ထား သည့် အပြည်ပြည် ဆိုင် ရာ မြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ် အမျိုးအစား A-319 လေယာဉ် ၏ ယာဘက်နောက်ပိုင်း တံခါးနေရာ အား ၀င်ရောက် တိုက်မိခဲ့ပါသည်။



အဆိုပါ လေယာဉ် တိုက်မိမှုကြောင့် GMA လေယာဉ် ၏ ဦးပိုင်းနှင့် MAI လေယာဉ်၏ ယာဘက် နောက် ပိုင်း တံခါး တို့ပျက်စီးသွား ခဲ့ကြောင်း သတင်းရရှိပါသည်။





 
 
 Yangon Police
From...Search Myanmar
 
 

No comments:

Post a Comment