*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 23 April 2014

ဦးဝင်းတင် အသုဘ အကြောင်းပြု ၍ အမြတ်ထုတ် မှုများကြောင့် တင်းမာမှုများ မြင့်တက်

10246401_573601662737669_4569341679179930464_n
 

Wednesday, April 23, 2014
ယနေ့ ပြုလုပ်သည့် ရေဝေးသုဿာန် ဦးဝင်းတင် ၏ အသုဘ တွင် နာမည်ကြီးလို သူများ၊ လုပ်စားကြသူ များနှင့် တင်းမာမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဦးဝင်းတင် ၏ ဈာပန ကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးသည့် နာရေး ကူညီမှု အသင်းဥက္ကဌ၊ ရုပ်ရှင် သရုပ်ဆောင်ဟောင်း ဦးကျော်သူ က ကြိုတင်၍ အတန်တန် သတိပေးခဲ့သည့် ကြားမှ နိုင်ငံရေး လုပ်စား များ၊ နာမည်ကြီး လို၍ ၀င်ရောက် စွက်ဖက်သူများ ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရှိ ရသည်။


“မြင့်မြတ်သူ တစ်ဦးရဲ့ နောက်ဆုံး ခရီးကို ငြိမ်းချမ်း၊ သိမ်မွေ့  ၊နူးညံ့၊နွေးထွေး၊ လွမ်းဆွတ်စွာဖြင့် အားလုံး စည်းလုံးညီညွတ်စွာ ပို့ ဆောင်ပါရစေဗျာ ။

အခု မြင်နေရပြီ…ပွဲဆူအောင်၊ ပွဲပျက်အောင်၊သွေးထိုးလှုံ့ ဆော်မယ့် သူတွေ… သူတို့ ကို ငါတို့ တွေ ဦးအောင် ၀ိုင်းအုပ် ထားကြ! ရန်သူနဲ့ မတိုက်ရ ဘဲ မင်းတို့ နဲ့ တိုက်ရမယ် ဆိုလည်း ငါ ကတော့ လျှော့ တိုက် မယ် လို့ တော့ မထင်လိုက်နဲ့ ဟေ့။ အသေရရ အရှင်ရရဘဲကွ။ 

ဒီနေရာမှာဗြဟ္မစိုရ် တရားတွေ ဘာတွေ ငါမသိတော့ဘူး ဆိုတာ မင်းတို့ နားလည်ထား” ဟူ၍ ဦးကျော်သူ က စိန်ခေါ်ပြောကြား ခဲ့သည်။

ဦးဝင်းတင် ၏ ရုပ်အလောင်း ကို သန့်စင်ပေးရာ တွင်လည်း မိမိ ဓါတ်ပုံပါအောင် ရိုက်ခိုင်းပြီး အများပြည်သူ သိရှိစေရန် ဖြန့်ဝေခဲ့သော မိုးသီးဇွန်နှင့် ယင်း ဓါတ်ပုံကို ထပ်ဆင့်ဖြန့်ဖြူးပေးကြသော NLD ပါတီထောက်ခံ သူများ အပေါ် တွင်လည်း အချင်းချင်း အချင်းများ လျက် ရှိကြောင်း သိရှိရသည်။

ဦးဝင်းတင် ၏ အသုဘ တွင် နေရာ ရလိုသူများ၊ အခေါင်း လုထမ်းသူများ၊ ယခင်က နီးစပ်ခဲ့ခြင်း မရှိခဲ့ဘဲ အသုဘရောက် မှ အရေးပါ အရာရောက်လိုသူများ စသည် တို့မှာလည်း အသုဘ အကြောင်းပြ ဆူပူ လှုပ်ရှား လိုသူများနှင့် ရောထွေးကာ ဦးသန့် ဈာပနကဲ့သို့ လူထု အုံကြွမှု ဖြစ်ပေါ် လာစေရန် ကြိုးပမ်း မှုများ ရှိလာခဲ့သည်။

“သေတဲ့သူက သေသွားပြီ။ ဒါတွေ သိလို့လည်း ဦးဝင်းတင် က မသေခင် မှာ ကြီးကြီးကျယ်ကျယ် မလုပ်နဲ့ အကြာကြီး မထားနဲ့ ချက်ချင်း အကျဉ်းရုံးပြီး အလောင်းမြေချဖို့ မှာသွားခဲ့တာ လို့ ထင်ပါတယ်။ အခုတော့ သူ ကြိုတင် စိုးရိမ် ခဲ့သလို ဖြစ်လာခဲ့ပြီ လို့ ပြောရမှာပေါ့။

 နေကလည်း အရမ်းပူတယ်။ လူတွေ ကလည်း များတယ်။ တောကြောင်တွေ ကလည်း လက်ခမောင်းတွေ ခတ်တယ်။ ပြဿနာ မဖြစ်ဘဲ ပြီးသွားရင်ပဲ ကံကောင်းလှပြီ” ဟု ဦးဝင်းတင် အား လေးစား၍ နယ်မှ လာရောက် သူတစ်ဦးက ပြောကြားသည်။

အဓိက အချက်မှာ မျက်နှာ ၇လိုသူများ၊ နေရာ လိုချင်သူများ၊ ဓါတ်ပုံများ တွင် ပါဝင်စေရန် လုပ်စားလို သူများ များပြား လွန်းနေပြီး တမင် သက်သက် ဆူပူမှု ဖြစ်စေရန် လုပ်ဆောင်နေသူများ ရှိနေကြောင်း၊ ဦးဝင်းတင် သေတဲ့ အထိ ပြဿ နာများ ကျန်ရစ် ခဲ့သည် ဟု ပြောဆို ခံရခြင်းမျိုး မဖြစ်စေလိုကြောင်း၊ ပရိဒေ၀တောက်လောင်နေသည့်  ဦးဝင်းတင် ၏ မိသားစု အသိုင်းအ၀ိုင်း ကိုလည်း အားနာရန် လို အပ်ကြောင်း ၄င်းက ပြောဆိုသည်။

“အခု ဟာက ဦးဝင်းတင် ဆန္ဒ သာမက သူ့ မိသားစုရဲ့ ဆန္ဒတွေပါ ဘေးရောက်နေ တယ်။ နိုင်ငံရေး သမားတွေ ကတော့ နိုင်ငံရေး အမြတ်ထုတ် ဖို့ပဲ စဉ်းစားကြ မှာပေါ့။ အသုဘ မှာလည်း မိသားစုက နေရာ မရဘူး။ နိုင်ငံရေးသမားတွေ က ပရိုမိုးရှင်း လုပ်နေသလား အောက်မေ့ရတယ်။ 

အသုဘကို အမြတ်ထုတ်ကြတဲ့ သူတွေကတော့ အော့နှလုံး နာစရာ သိပ်ကောင်းပါတယ်။ ၈၈ တွေရော NLD တွေရော အကုန်လုံး ပါပဲ။ ကြည့်ရတာက ဦးဝင်းတင် ဈာပနက အဓိက မဟုတ်ဘဲ သူတို့ ပုံရိပ်မြှင့် တင်ရေး အတွက် အသုံးချနေကြတာ လို့ပဲ ယူဆမိပါတယ်။

 နိုင်ငံရေးသမား ဆိုတာ အသုဘတောင် မချန်ကြ ပါဘူး ဆိုတာ မှန်တယ်” ဟု အခြားနိုင်ငံရေး ပါတီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက် ပေးသည်။

MWD
Credit...Search Myanmar
 

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete