*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 1 April 2014

ကျွန်တော်တို့ စင်္ကာပူ မှာ နာရေး ကူညီတော့ ......

 

ကျွန်တော်တို့ စင်္ကာပူမှာ နာရေး ကူညီတော့ သွားနှင့်သူ (ကွယ်လွန်သူ) အများစု ဟာ သက်ကြီးရွယ်အို ဆိုတာ နဲပါတယ်။

လူလတ်ပိုင်း၊ ကျွန်တော် တို့ နဲ့ ၇ွယ်တူ ငယ်သူများ သာ များပါတယ်။ အလုပ် လုပ်နိုင်တဲ့ အရွယ် တိုင်းတပါးမှာ အလုပ် လာလုပ်နေကြတာကိုး။


အဲဒီလိုနဲ့ ကျွန်တော် ကိုယ်တိုင် ပါဝင် ကူညီတဲ့ နာရေး (၉)လောင်း မြောက် မှာတော့ ဖြတ်ခနဲ ကျွန်တော့ စိတ်က သွားလေသူ နေရာ အခေါင်းထဲကို ခဏ ရောက် သွားတယ်။ ကျွန်တော် စိုးရိမ် စိတ်နဲ့ အတူ ပြန် ဆင်ခြင် မိတယ်။




ကျွန်တော်တို့ တိုင်းတပါး မှာ အလုပ်လုပ်နေသူတွေက မြန်မာပြည်ထက် လစာကောင်း လို့ ပိုစု နိုင်အောင်၊ ကိုယ့် မိသားစု သားသမီး မိဘတွေကို လူတန်းစေ့ သုံးနိုင် စားနိုင်အောင် နောင်ရေး စိတ်အေးရအောင် စုမိအောင် ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ လုပ်ကြတာလေ။

ဆုံးရှုံးမှုတွေ ကတော့ နေတဲ့နှစ် ကြာရင် ကြာ သလောက် မိသားစု တွေနဲ့ အတူရှိနေ တဲ့ မိသားစု ဘ၀တွေကို ဆုံးရှုံးတယ်။ ကလေး ယူထားရင် အတူ မနေရ ပြန်မရနိုင် တဲ့ အဲဒီ ကလေးရဲ့ တီတီ တာတာ ငယ်ဘ၀လေးတွေ ကို ဖခင် မိခင်တွေ အနေနဲ့ မိသာစု ဘ၀ ဆုံးရှုံး ရတော့တယ်။

ကိုယ်လဲ ငွေကြေးတောင့်တင်း လို့ ပြန်တော့ ကလေးက ကိုယ် ရင်က ခွဲထွက် မဲ့အချိန်ရောက်နေပြန်ရော။ လူဘ၀ရဲ့ အဓိပ္ပါယ် ပျောက်နေတယ်။

မြန်မာပြည် မှာ ရရာ လစာ နဲ့ လုပ်ရင် မိသားစု အတူနေ ချိုးချံ ချွေတာပြီး အလုပ် လုပ်နေသူတွေ ကျတော့ ငွေးရေး ကြေးရေး အရ ကျပ်တည်းမှု ရှိနိုင်ပေ မယ့်။ မိုးလင်း မျက်စိ ၂လုံးပွင့်တာ နဲ့ မိသားစု နဲ့ ရုံးသွားလဲ အိမ်ထမင်း အိမ်ဟင်း နဲ့ ညနေပြန်လာ ရင် ဇနီးသား သမီး မိဘတွေနဲ့ ငို ရယ် ပြုံး တည်ထောင် ထားတဲ့ မိသားစု ဘ၀ကို တစ်ကယ် ရကြတယ်လေ။

မသေချာ တဲ့ နေ့မြင် ညပျောက် လူ့ ဘ၀ကြီး မှာ ပညာတတ် လူငယ် တစ်ယောက် အဖို့ နိုင်ငံခြား မှာ မိသားစုနဲ့ ခွဲ ငွေရှာသူ တစ်ယောက် နဲ့ ပြည်တွင်းမှာ ရတာ ရောင့်ရဲပြီး ငွေရှာ သူတစ်ယောက်ရဲ့ မိသားစုဘ၀ အဓိပ္ပါယ် ရပုံ ခြင်း ဘယ်သူ ပိုသာတယ် ဆိုတာကို တရားအသိစိတ် ရယ် ခောတ်ပညာ မသိစိတ်ရယ် က လွန်ဆွဲနေတယ်။

ဒါပေမယ့် ဖြစ်ချင် စိတ်နဲ. ကြိုးစားလို. လိုချင် တာတစ်ခု ရလာ အောင်မြင် တိုင်း လောဘ မတက်အောင် ကိုယ့်ကိုယ်ကို ကြိုးစား ဆင်ခြင် တယ်။

သိပ်လိုချင် စိတ်များပြီး မဖြစ်လာသေးလို. စိတ်ဖိစီးနေရင် လဲ ကိုယ့်လောက် မရ သေး သူတွေကို လှည့်ကြည့် ဖြေသိမ့်တယ်။

နေ တတ် အောင်။ ရှိတာ မျှဝေ လှူ ကူညီတတ် အောင် ကြိုးစားနေတယ်။
အသုဘ တွေ ကူခွင့် ရလို့ သေသူ အ လောင်းကို မြင် တိုင်း သူတို.လို သွားချိန် မှာ လက်ခံနိုင် အောငိ စိတ်ကို သွန်သင် တယ်။

ခုအချိန် ထိတော့ ဘယ်အရာမှ Perfect မဖြစ် သေးပါဘူး။ ဒါပေမယ့်........ခုလက် ရှိ က တော့ ဘ၀ ကိုနေ ပျော် ပျော် သေ  ပျော်ပျော် ဖြစ်အောင် ကြိုးစားနေတဲ့......

 


 မောင်သီဟ

From....{ FB }


No comments:

Post a Comment