*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 15 April 2014

ဘတ်စ်ကားကြီးပေါ်မှ အရေးပေါ်ထွက်ပေါက် Emergency Exit များ အကြောင်း

မြန်မာပြည်က express bus မီးလောင်မှုနဲ့ ပတ်သတ်ပြီးဖတ်လိုက်ရပါတယ်။ ရှေ့က ကားလေးကို ၀င်တိုက်မိပြီး မီးလောင်ရာမှာ နောက်က ကားကြီးထဲက ခရီးသည်တချို့ဟာ အချိန်မှီမထွက်နိုင်တာကြောင့် သေဆုံးရတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အရေးကြုံလာလျှင် အသုံးချနိုင်အောင် ဘတ်စ်ကားကြီးပေါ်မှ အရေးပေါ်ထွက်ပေါက် Emergency Exit များအကြောင်းကို သတိပေးရေးသားလိုက်ပါတယ်။

မြန်မာပြည်က ဘတ်စ်ကားကြီးအများစုဟာ နိုင်ငံခြားကပဲ တင်သွင်းတာကြောင့် ဒီလို မပါမဖြစ်ပါရတဲ့ အရေးပေါ်ထွက်ပေါက်တွေပါမယ်လို့ ယုံကြည်ရပါတယ်။ ကိုရီးယား၊ ဥရောပ၊ ဂျပန်၊ အမေရိကန် ထုတ် ဘတ်စ်တွေမှာ ဒီ ထွက်ပေါက်တွေ ထည့်သွင်းထားဖို့ ဥပဒေရှိပါတယ်။

အရေးပေါ်ထွက်ပေါက် ၃ မျိုးရှိပါတယ်။

၁။ မှန်ပြတင်းပေါက်ထွက်ပေါက်။ များသောအားဖြင့် ၂ ပေါက် ခန့်ပါဝင်ပါတယ်။ ထည့်သွင်းထားတဲ့ ပုံစံကတော့ ပုံမှာပြထားတဲ့ အတိုင်း ပြတင်းပေါက် ဘောင်ကို အသေတပ်မထားပဲ လက်ကိုင်တစ်ခု ဒါမှ မဟုတ် နှစ်ခုကို ဆွဲလိုက်ရင် အပြင်ကို ဖွင့်လို့ရအောင် လုပ်ထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရှေ့ ဘယ်ညာ နှစ်ပေါက်၊ အနောက် ဘယ်ညာ နှစ်ပေါက် ပါလေ့ရှိပါတယ်။ ဒီထွက်ပေါက်အမျိုးအစားဟာ မြို့တွင်းသွား ခရီးသည်တင် ဘတ်စ်ကားတွေမှာ ပါလေ့ရှိပါတယ်။ အလတ်စား ခရီးဝေးသွား ဘတ်စ်ကားတွေမှာပါလေ့ရှိပါတယ်။

၂။ ဒုတိယ အမျိုးအစားကတော့ နောက်ဖက်မှာ အရေးပေါ်ထွက်ပေါက် အသေးတစ်ခုကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ လက်ကိုင်ကို လှည့်ပြီး ဖွင့်လိုက်ရင် အရှေ့ဘက်က ထွက်ပေါက်လိုပဲ တခါးကို ဖွင့်လို့ရသွားပါတယ်။ အရှေ့က လူတက်တဲ့ တံခါးဟာလဲ အဲ့ဒီလိုပဲ စက်ခလုပ်နဲ့ ဖွင့်မှ မဟုတ်ပဲ လက်နဲ့ ဖွင့်လို့ရအောင် လုပ်ထားပါတယ်။ ဒီအမျိုးအစားဟာ ခရီးဝေးသွား Coach Bus လို့ခေါ်တဲ့ နှစ်ထပ်ကားကြီးတွေမှာ ပါလေ့ရှိပါတယ်။

၃။ တတိယ ထွက်ပေါက်ကတော့ ကားတိုင်းမှာ မပါမဖြစ် ဖြစ်ပါတယ်။ ခေါင်မိုးပေါ်က ထွက်ပေါက်ဖြစ်ပါတယ်။ အဆင်မသင့်လို့ ကားတုန်းလုံးလဲရင် ဖွင့်ထွက်ဖို့ အဆင်ပြေပါတယ်။ ဒီအတိုင်းလဲ ကား ကားခေါင်မိုးပေါ်ထွက်ပြီး လွတ်နိုင်ပါတယ်။ ဖွင့်ရတဲ့ပုံစံအများစုကတော့ အတွင်းကိုဆွဲဖွင့်ရတဲ့ လက်ကိုင် ဒါမှမဟုတ်လှည့်ဖွင့်ရတဲ့ လက်ကိုင်တွေဖြစ်ပါတယ်။

မြန်မာပြည်မှာ လူအများဟာ ခရီးသည်တင် ဘတ်စ်ကားကြီးများကို အားထားလာတဲ့အတွက် ဒီအချက်လေးကို လူတိုင်း သိသင့်သလို၊ ယဉ်လိုင်းများကလဲ ကားပေါ်မတက်မှီမှာ ခရီးသည်များကို ကြိုတင် ပြသထားသင့်ပါတယ်။ ဒီ လုံခြုံရေးပတ်သတ်တဲ့ အချက်တွေကို လဲ စတစ်ကာလေး ရိုက်ပြီး ထိုင်ခုံတိုင်းမှာကပ်ထားသင့်ပါတယ်။ စစ်ဆေးရေးအဖွဲ့တွေကလဲ ဒါမျိုးတွေကို အဓိကထား စစ်ဆေးသင့်ပါတယ်။ ခရီးသည်များအနေနဲ့လဲ အသက်ကို ဥာဏ်စောင့်ဆိုသလို ခရီးရှည်သွားမည့် ကားပေါ် ကြိုရောက်ထားပြီး လေ့လာထားသင့်ပါတယ်။

ဘေးကင်းကြပါစေ။

Aron Mg 

 
မြန်မာပြည်ကexpressbus မီးလောင်မှုနဲ့ ပတ်သတ်ပြီး ဖတ်လိုက် ရပါတယ် ။ ရှေ့က ကားလေး ကို ၀င် တိုက် မိပြီး မီးလောင်ရာမှာ နောက်က ကားကြီး ထဲက ခရီးသည် တချို့ဟာ အချိန်မှီ မထွက်နိုင် တာကြောင့် သေဆုံး ရတယ်လို့သိရပါတယ်။



ဒါနဲ့ ပတ်သတ်ပြီး အရေးကြုံ လာလျှင် အသုံး ချနိုင်အောင် ဘတ်စ် ကားကြီးပေါ် မှ အရေးပေါ် ထွက်ပေါက် Emergency Exit များအကြောင်းကို သတိပေးရေးသား လိုက်ပါတယ်။

မြန်မာပြည် က ဘတ်စ်ကားကြီး အများစု ဟာ   တင်သွင်း တာကြောင့် ဒီလို မပါ မဖြစ်ပါ ရတဲ့ အရေးပေါ် ထွက်ပေါက်တွေ ပါမယ်လို့ ယုံကြည်ရပါတယ်။ 

ကိုရီးယား၊ ဥရောပ၊ ဂျပန်၊ အမေရိကန် ထုတ် ဘတ်စ်တွေ မှာ ဒီ ထွက်ပေါက်တွေ ထည့်သွင်းထား ဖို့ ဥပဒေရှိပါတယ်။

အရေးပေါ် ထွက်ပေါက် ၃ မျိုးရှိပါတယ်။

၁။ မှန်ပြ တင်းပေါက် ထွက်ပေါက်။ 
များသော အားဖြင့် ၂ ပေါက် ခန့် ပါဝင်ပါတယ်။ ထည့်သွင်း ထားတဲ့ ပုံစံ ကတော့ ပုံ မှာပြထား တဲ့ အတိုင်း ပြတင်းပေါက် ဘောင်ကို အသေ တပ် မထားပဲ လက်ကိုင် တစ်ခု ဒါမှ မဟုတ် နှစ်ခု ကို ဆွဲလိုက် ရင် အပြင်ကို ဖွင့်လို့ ရအောင် လုပ်ထား တာဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် အရှေ့ ဘယ် ညာ နှစ်ပေါက်၊ အနောက် ဘယ်ညာ နှစ်ပေါက် ပါလေ့ ရှိပါတယ်။ ဒီ ထွက်ပေါက် အမျိုးအစား ဟာ မြို့တွင်း သွား ခရီးသည် တင် ဘတ်စ် ကားတွေ မှာ ပါလေ့ရှိ ပါတယ်။ အလတ် စား ခရီးဝေးသွား ဘတ်စ်ကားတွေ မှာပါလေ့ ရှိပါတယ်။

၂။ ဒုတိယ အမျိုးအစားကတော့  
 နောက်ဖက် မှာ အရေးပေါ်ထွက်ပေါက် အသေး တစ်ခုကို ထည့်သွင်း ထား တာ ပဲဖြစ်ပါတယ်။ လက်ကိုင် ကို လှည့်ပြီး ဖွင့်လိုက် ရင် အရှေ့ဘက်က ထွက်ပေါက် လိုပဲ တံခါး ကို ဖွင့်လို့ ရသွားပါတယ်။ အရှေ့ က လူတက် တဲ့ တံခါး ဟာလဲ အဲ့ဒီ လိုပဲ စက်ခလုပ်နဲ့ ဖွင့်မှ မဟုတ် ပဲ လက်နဲ့ ဖွင့်လို့ရအောင် လုပ်ထားပါတယ်။ ဒီအမျိုးအစား ဟာ ခရီးဝေးသွား Coach Bus လို့ခေါ် တဲ့ နှစ် ထပ်ကားကြီးတွေ မှာ ပါလေ့ရှိပါတယ်။

၃။ တတိယ ထွက်ပေါက်ကတော့ 
ကားတိုင်း မှာ မပါမဖြစ် ဖြစ်ပါတယ်။ ခေါင်မိုးပေါ် က ထွက်ပေါက်ဖြစ် ပါတယ် ။ အဆင် မသင့်လို့ ကားတုန်းလုံး လဲရင် ဖွင့်ထွက်ဖို့ အဆင်ပြေ ပါတယ်။ ဒီအတိုင်းလဲ ကား ကားခေါင်မိုးပေါ် ထွက်ပြီး လွတ်နိုင်ပါတယ်။ ဖွင့်ရတဲ့ ပုံစံအများစု ကတော့ အတွင်းကို ဆွဲဖွင့်ရတဲ့ လက်ကိုင် ဒါမှမဟုတ် လှည့်ဖွင့် ရတဲ့ လက်ကိုင်တွေဖြစ်ပါတယ်။

မြန်မာပြည် မှာ လူအများ ဟာ ခရီးသည် တင် ဘတ်စ်ကားကြီးများ ကို အားထား လာတဲ့ အတွက် ဒီအချက်လေး ကို လူတိုင်း သိသင့်သလို၊ ယဉ်လိုင်း များ ကလဲ ကားပေါ် မတက်မှီ မှာ ခရီးသည် များကို ကြိုတင် ပြသ ထားသင့်ပါတယ်။ ဒီ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အချက်တွေကို လဲ စတစ် ကာလေး ရိုက်ပြီး ထိုင်ခုံ တိုင်းမှာကပ်ထား သင့်ပါတယ်။ 

စစ်ဆေးရေး အဖွဲ့တွေ ကလဲ ဒါမျိုးတွေ ကို အဓိကထား စစ်ဆေးသင့်ပါတယ်။ ခရီးသည်များ အနေနဲ့လဲ အသက် ကို ဥာဏ်စောင့် ဆိုသလို ခရီးရှည် သွားမည့် ကားပေါ် ကြိုရောက် ထားပြီး လေ့လာထား သင့်ပါတယ်။

ဘေးကင်းကြပါစေ။
Aron Mg

No comments:

Post a Comment