*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 3 May 2014

မိဘ ကို လောကုတ္တရာ နည်းနဲ့ ကျေးဇူးဆပ်ပုံ

 
၁။ သဒ္ဓါတရား မရှိသေး တဲ့ မိဘတွေ သဒ္ဓါတရား ရှိလာအောင်။

၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။


၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။


၎။ တရား အားမထုတ်ဖြစ်သေး တဲ့ မိဘတွေ တရား အားထုတ် ဖြစ်လာအောင် ပရိယာယ် နဲ့ပဲ
    ဖြစ်ဖြစ်၊ တိုက်ရိုက် ပဲဖြစ်ဖြစ်၊ ဖန်တီး စီစဉ်ပေးရပါမယ်။ 


 
မိဘကို နည်းမျိုးစုံနဲ့ ကျေးဇူးဆပ် နေတဲ့ သားသမီး ကို မင်္ဂလာတရားက သူရဲ့ကြောင်းကျိုး အားလျော် စွာ ကျေးဇူးပြုသွား မှာပါ။
 

 တကယ်လို့ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံခဲ့ ရင်တောင်မှ ကိုယ်ပြု ခဲ့တဲ့ မာတာ ပိတု ဥပဌာန မင်္ဂလာ ကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့ ရပါတယ်။ ။

{ရဝေနွယ်(အင်းမ)၏ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲမှ ကောက်နုတ်ရေးသားပူဇော်ပါသည်}


From... မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် ဗုဒ္ဓစေတီတော်များ

No comments:

Post a Comment