*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 5 May 2014

ရှေးမြန်မာ သိပ္ပံနဲ့ နည်းပညာ



ပုဂံခေတ်က ထွန်းကားခဲ့တဲ့ ဆောက်လုပ်ရေးနည်းပညာ Arch in Bagan, an ancient city of Myanmar. (AP Photo/Khin Maung Win)
ပုဂံခေတ်က ထွန်းကားခဲ့တဲ့ ဆောက်လုပ်ရေး နည်းပညာ Arch in Bagan, an ancient city of Myanmar. (AP Photo/Khin Maung Win)

ပုဂံခေတ် အနော်ရထာမင်း လက်ထက် မှာ ဂဏန်းသင်္ချာ နဲ့တကွ မြေတိုင်းပညာ ထွန်းကားခဲ့ တာကို လယ်တွင်းကိုးခရိုင် က ဆည်မြောင်းတာတမံတွေ ကို ကြည့်ရင် သိနိုင်ပါတယ်။

ဆောက်လုပ်ရေး ဆိုင်ရာ အင်ဂျင်နီယာ ပညာ ထွန်းကားတဲ့ အထောက်အထားတွေ ကိုတော့ ပုဂံဘုရား ပုထိုးတွေ နဲ့ ကျောင်းကန် အဆောက်အဦးတွေ မှာ တွေ့နိုင်ပါတယ်။  အထူးသဖြင့် Arch လို့ခေါ် တဲ့ ပေါင်းကူး ဂုံးတွေ တည်ဆောက် တဲ့ အတတ် ပညာမျိုး  ထွန်းကား ခဲ့တာပါ။


ဒါ့အပြင် ပုဂံခေတ် ဆောက်လုပ်ရေးမှာ ပါးပါး လွှာလွှာနဲ့  အင်မတန် ခိုင်ခန့်တဲ့ အင်္ဂတေ တွေ သုံးလာနိုင် တာက ထင်ရှား တဲ့ အထောက် အထားတခုဖြစ်ပါတယ်။

နက္ခတ္တဗေဒ ပညာ ထွန်းကား တာ အပြင် စိုက်ပျိုးရေး ကဏ္ဍမှာ ကိုင်းကူး ကိုင်းဆက် နည်းပညာတွေ၊  Horticulture လို့ခေါ်တဲ့ စိုက်ပျိုးနည်း ပညာတွေ ထွန်းကားခဲ့တယ် လို့ ဆိုပါတယ်။

တခြား ပညာရပ်တွေမှာ လည်း ခေတ်အလျှောက် ထွန်းကားမှု ရှိနိုင်ပေမယ့် အတိ အကျ မှတ်တမ်းတင် တာမျိုးတွေ လက်ဆင့် ကမ်းတာတွေ လုပ်ကြဖို့ လိုအပ်နေသေး သလို ဆရာစား ချန်တာမျိုးတွေ ရှိနေ တယ်လို့ ဆရာ ဦးဝင်းဖေက ပြောပါတယ်။ 





No comments:

Post a Comment