*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 15 May 2014

လူသိနည်းသော သိသင့်တာလေးများ

index
ဒါလေးတွေ ကတော့ အင်တာနက်ပေါ် ကနေ ဖတ်မိ တာလေးတွေပါ။ ဘယ်သူ စုဆောင်းထားတာလဲ ဆိုတာ သေချာတော့ မသိပါဘူး…။ အားလုံး သိစေဖို့ ပြန်ရှယ်လိုက် ပါတယ်…။

၁) သင့်ရဲ့ ဖိနပ်တွေဟာ လူတွေက သင့်ကို မသိလိုက် မသိဘာသာ သတိပြု မိစေမယ့် ပထမဆုံး အရာတွေဖြစ်ပါတယ်… ဒါကြောင့် သင့်တင့်ကောင်းမွန် တဲ့ ဖိနပ်ကို ဝတ်ဆင်ဖို့ လိုပါတယ်…

၂) အကယ်လို့ သင်က တစ်နေ့ ကို ၁၁ နာရီထက် ပိုထိုင်နေရမယ် ဆိုရင် နောက် ၃ နှစ် အတွင်း အသက်သေ ဆုံးဖို့ ၅၀% ရှိပါတယ်….


 
၃) ဒီ ကမ္ဘာပေါ်မှာ သင်နဲ့ ရုပ်ချင်းတူတဲ့ သူ အနည်း ဆုံး ၆ ယောက်လောက် ရှိနေပါတယ်… သင့်ဘဝ တစ်လျှောက်လုံး မှာ သူတို့ ထဲက တစ်ယောက်နဲ့ ဆုံစည်းဖို့ ၉% အခွင့်အရေး ရှိပါတယ်…

၎) ခေါင်းအုံး မပါဘဲ အိပ်တာဟာ နောက်ကျော နာကျင်မှုဝေဒနာ ကို သက်သာစေပြီး သင့်ကျောရိုး ကို လည်း ပိုပြီး သန်မာစေပါတယ်…

၅) လူ့ဦးနှောက် က သတိ မပြုဘဲ မနေနိုင်တဲ့ အရာသုံးမျိုး ရှိတယ်... အဲ့ဒါတွေ ကတော့ အစားအစာ… ဆွဲဆောင်မှု ရှိတဲ့သူတွေ နဲ့ ဘေးအန္တရာယ် တို့ပဲဖြစ်တယ်…

၆) ညာသန်တွေဟာ အစားအစာ ကို ညာဘက် မှာ ဝါးတာများတယ်….

၇) လက်ဘက်ခြောက် ကို အိတ်နဲ့ ထည့်ပြီးအနံ့ဆိုး တဲ့နေရာတွေမှာ ထားရင် အဲ့ဒီ အနံ့ဆိုးတွေ ကို လက်ဘက်ခြောက် က စုပ်ယူ သွားလိမ့်မယ်…

၈) အိုင်းစတိုင်းရဲ့ အဆိုအရ ပျားရည် ထုတ်ယူနိုင် တဲ့ ပျားမျိုးတွေ ဒီ ကမ္ဘာမြေပြင်ပေါ် က ပျောက်ကွယ် သွားမယ် ဆိုရင် လူသားတွေ လည်း ၄ နှစ် အတွင်း သေဆုံး သွားကြလိမ့်မယ်…

၉) ပန်းသီး မျိုးကွဲပေါင်း အများအပြား ရှိတယ်… တစ်နေ့ကို တစ်မျိုးစား မယ်ဆိုရင် အမျိုး အစား အားလုံး ကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်…

၁၀) အစာ မစားဘဲနေမယ် ဆိုရင် ရက်သတ္တပတ်နဲ့ ချီပြီး သင် အသက်ရှင်နေနိုင်မယ်… မအိပ် ဘဲနေမယ် ဆိုရင်တော့ ၁၁ ရက် ပဲ သင် အသက်ရှင်နေနိုင်မယ်…

၁၁) အားပါးတရ ရယ်တဲ့သူတွေ ဟာ သိပ် မရယ်တဲ့သူတွေ ထက် ကျန်းမာရေး ပိုကောင်းတယ်…

၁၂) ပျင်းရိခြင်း နဲ့ လှုပ်ရှား တက်ကြွမှု မရှိခြင်းကြောင့် သေဆုံးရ သူတွေ ဟာ ဆေးလိပ်သောက် လို့ သေ ဆုံးရသူ အရေ အတွက် လောက်ရှိတယ်…

၁၃) လူသားရဲ့ ဦးနှောက်ရဲ့ သိုမှီးနိုင်မှု ပမာဏ ဟာ Wikipedia ထဲမှာ ပါတဲ့ အချက်အလက် ရဲ့ ၅ ဆရှိ တယ်…

၁၄) ကျွန်တော်တို့ ဦးနှောက်က အသုံးပြု တဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီး က သုံးတဲ့ စွမ်းအင်နဲ့ တူတယ်….

၁၅) ကျွန်တော်တို့ ခန္ဓာကိုယ် က ထုတ်ပေးနိုင်တဲ့ အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲ ရှိတဲ့ ရေကို ဆူနိုင်တဲ့ အထိရှိတယ်…

၁၆) သားဥဟာ လူသား ရဲ့ အကြီးဆုံး ဆဲလ်ဖြစ်ပြီး သုတ်ကောင် ဟာ အသေးဆုံး ဆဲလ်ဖြစ်တယ်…

၁၇) အစာချေ ရည်ဟာ သင်တုံး ဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်…

၁၈) ပြုံးပါ… အပြုံး ဟာ အထိရောက်ဆုံး စိတ်ကျရောဂါ ကာကွယ်ဆေးဖြစ်တယ်… 
        
-သုတကမ္ဘာ-
Latest Myanmar News
From...Search Myanmar
 

No comments:

Post a Comment