*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 16 June 2014

အပန်းဖြေခရီး ထွက်ဖို့ လိုအပ်နေပြီ ဆိုတာ သိသာစေတဲ့ အချက် (၁၀) ချက်



လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး ဟိုးအရင် တုန်းက ကမ်းခြေမှာ လမ်းလျှောက် ခဲ့တဲ့ အချိန်လေးတွေ ၊ တောင် ကုန်းပေါ်မှာ ရယ်မောပျော်ရွှင် ခဲ့ချိန်တွေကို တမ်းတနေရပြီလား။ အလုပ်က တစ်ရက်မှ အနားမရသလို အိမ်ရောက် ရင်လည်း လုပ်စရာတွေ ပုံနေပြီလား။ 


အားလုံးကို ချန်ထားပြီး အပန်းဖြေ ခရီးထွက်ဖို့ လိုကို လိုနေပြီ ဆိုတာ ဒီလို အချက် ကလေးတွေ ကိုကြည့် ပြီး သိသင့်ပြီပေါ့။

၁။ အိပ်ယာနိုးနိုးချင်း ပဲ ရေရွတ် မိတာက .. "အား..ဒီဘ၀ကြီး ကို စိတ်ကုန်လိုက်တာ" ဆိုတဲ့ အရာလား။ တစ်ရက် တစ်ရက် ဘယ်လိုတွေ ကုန်နေမှန်းတောင် မသိရဘူး။ အနားကို မရဘူးလို့ ခံစားနေရပြီ ဆိုရင်တော့ ခရီး တိုလေးဖြစ်ဖြစ် ထွက်သင့်နေပြီပေါ့။



၂။ အလုပ် နားရက်တွေ မှာတောင် အိမ်မှာ အလုပ်တွေ ယူပြီး လုပ်နေရတယ်။ အလုပ်တွေ မပြီးလို့ သူ များတွေ အလုပ်ပိတ် တဲ့နေ့တွေ၊ အချိန်တွေ မှာတောင် အလုပ် ကနေ မပြန် ရဘူးဆိုရင်တော့ ကြာရှည် ခံနိုင်ရည် စွမ်းတွေ လျော့ကျ လာပါလိမ့်မယ်။ ဒါဆိုလည်း ခရီးထွက်တာ အကောင်းဆုံးပါပဲ။

၃။ အလုပ်ကနေ နေ့လည်ဘက် ထမင်းထွက် စားဖို့တောင် မလွယ်တော့ဘူး။ ထမင်းတောင် ကွန်ပျူ တာရှေ့ယူစား ရတဲ့အဖြစ် ရောက်နေပြီ ဆိုရင်တော့ ခရီးစဉ် တစ်ခုအမြန် ဆွဲလိုက်ပါတော့။

၎။ အလုပ်ကနေ နေ့ခင်းဘက် ကော်ဖီလေး ဘာလေး အပြင်ထွက်သောက်တာ ၊ သူငယ်ချင်း နဲ့ ချိန်းထား လို့ ခဏ ထွက်တွေ့ ရတာကိုတောင် ကိုယ့်စိတ်ထဲ မှာ အပန်းဖြေ ခရီးထွက် ရသလို စိတ်ချမ်း သာမှုကို ပိုင်ဆိုင်နေ ရတယ်လို့ ခံစားမိတယ် ဆိုရင်တော့ အပန်းဖြေ ခရီးသာ ထွက်လိုက်ရရင် ဘယ်လိုနေမလဲ စဉ်းစား သာကြည့်လိုက်ပါတော့။

၅။ လုပ်ဖော် ကိုင်ဖက်တွေ ကို မြင်ချင်တွေ့ချင် စိတ် မရှိတော့ဘူး။ သူတို့ နဲ့ ပြဿ နာဖြစ်ထား တာမျိုးမရှိပဲ သူတို့ကို မြင်ချင် စိတ် မရှိတော့တာမျိုး ဆိုရင် သင်ဟာ အလုပ် ကိုငြီးငွေ့လွန်း တာကြောင့် ဒီလို ခံစားရ တာ မျိုးဆိုတာ သတိရပါ။

၆။ ခုတစ်လော စိမ်းစိမ်း စိုစို နေရာလေးတွေ ကို အင်တာနက် ကဖြစ်ဖြစ်၊ မဂ္ဂဇင်းတွေ ထဲက ဖြစ်ဖြစ် မြင် တာနဲ့ သွားချင် စိတ်တွေ ဖြစ်နေမိတယ်။ ကိုယ် မသွားရတဲ့ ကမ်းခြေလိုနေရာ မျိုးတွေ၊ တောင်ပေါ်ဒေ သတွေ ရဲ့ ရှုခင်း ဓာတ်ပုံလေးတွေကို ကွန်ပျူတာ desktop ပေါ်မှာ တင်ထားတဲ့ အထိဖြစ်နေပြီ ဆို ရင်တော့ မဖြစ်ဖြစ်တဲ့နည်း နဲ့ ခွင့်ယူပြီး အပန်းဖြေ ခရီးထွက်လိုက်ပါတော့။

၇။ ကြားရက်လေး တစ်ရက်လောက် ရုံးပိတ် သွားတာကို ပါးစပ် မစိနိုင်အောင် ပျော်နေရပြီ ဆိုရင်လည်း သင်ဟာ အလုပ်ကြောင့် စိတ်ပင်ပန်းပြီး အပန်းဖြေ ခရီးထွက်ဖို့ လိုအပ်နေသူ လို့ ယူဆနိုင်ပါတယ်။

၈။ အလုပ်ချိန် အတွင်း Gtalk မှာ သူငယ်ချင်းတွေ နဲ့ စကားပြောချင်စိတ်တောင် မရှိတော့ဘူး။ အရာရာဟာ ပျင်းဖို့ သိပ်ကောင်းတယ် လို့ ခံစားမိနေရင် လည်း ကိုယ့်ကိုယ်ကိုယ် ပြန်စမ်း စစ်ဖို့ လိုပြီပေါ့။

၉။ စနေ၊ တနင်္ဂနွေတွေ မှာလည်း အိမ် အလုပ်တွေနဲ့ ရှုပ်နေရတာ မို့ နားချိန် မရှိဘဲ တင်္နလာနေ့ပြန်ရောက် မှာ စိတ္တဇ လို ဖြစ်နေပြီ ဆိုရင် ဒါဟာ သင့် အတွက် စိတ်ဖိစီးမှုကြီး တစ်ရပ် ဖြစ်လာပါ လိမ့်မယ်။ ခရီးထွက် လိုက်တာဟာ စိတ်တွေ ပြန်လည် လန်းဆန်းစေဖို့ အတွက် အကောင်းဆုံး နည်းပါ။

၁၀။ ခရီးမထွက်ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ခရီးသွားရင်သုံးမယ့် ပိုက်ဆံတွေ ကို ဟိုဆိုင် သွားစားလိုက်၊ ဒီဆိုင် မှာ လိုချင်တာ ၀ယ်လိုက် လုပ်တာ နဲ့ ခရီးထွက် တာဟာ ဘယ်လိုမှ အရသာချင်း မတူနိုင်ပါဘူး။

Ref:cosmopolitan.com
မေသော် 
From...Trend Myanmar

No comments:

Post a Comment