*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 25 June 2014

အချိုရည် အများအပြားသောက်သုံး သူများ တွင် အဖြစ် အများ ဆုံး သားအိမ် ကင်ဆာ ၇၈% ပိုဖြစ်ပွားနိုင်


512x512_20140623_045036_952.jpg
 

လေ့လာမှု အသစ် တစ်ခု အရ  သွေးဆုံးပြီးသူ အမျိုးသမီး များတွင် အချိုရည် များသောက်သုံးခြင်း က သားအိမ် ကင်ဆာ ပိုဖြစ်နိုင်ကြောင်း သတိပေးခဲ့ သည်။ 

ယင်းလေ့လာမှု အား University of Minnesota  မှ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး  အမျိုးသမီး ၂၃၀၃၉ဦး ၏ ပြီးခဲ့သော ၁၂လ အတွင်း စားခဲ့သည့် အစားအစာ ၁၂၇ မျိုးအား စစ်တမ်းကောက်ယူ ၍ ရလဒ် များအား အသုံးပြု ၍ ယင်း အချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။ 



ရလဒ်များ အရ သွေးဆုံးပြီးချိန် ၌ ယင်း အချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။ ရလဒ်များ အရ သွေးဆုံးပြီး ချိန်၌ အချို လွန်ကဲသည့် ဖျော်ရည် များသောက်သုံးခြင်း က အီစထရိုဂျင်ပေါ် မူတည်၍ ဖြစ်ပွား သည့် အမျိုး အစား(၁) သားအိမ် ကင်ဆာ (Oestrogen -dependent type I endometrial cancer) ၇၈% ပိုမိုဖြစ်ပွားကြောင်း တွေ့ရသည်။ 


ဆက်လက် ၍ လေ့လာ ချက်များအရ အ၀ လွန်သည့် အမျိုးသမီး များတွင်လည်း အင်ဆူလင်နှင့် အီစထရိုဂျင် ပမာဏ သာမန်သူများ ထက် ပိုများနေတတ်ပြီး ယင်း အချက်များ ကလည်း အထက် တွင်ဖော်ပြ ခဲ့သည့် သားအိမ် ကင်ဆာ ပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။



အ၀င်း
ref:Netdoctor.co.uk

health Update Journal

From...LY's HealthCare Collection

No comments:

Post a Comment