*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 16 June 2014

မြန်မာ့ ရိုးရာ အိမ်မိုး ဓနိပင်နှင့် ဓနိ လုပ်ငန်း အကြောင်း သိကောင်း ဖွယ်ရာ



မြန်မာ့ ရိုးရာ အိမ်မိုး ဓနိပင်နှင့် ဓနိလုပ်ငန်း အကြောင်း သိကောင်း ဖွယ်ရာ


နွယ့်ဦးမွန် (ကျုံဒါး)

ဓနိပင် သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် စိုက်ပျိုးဖြစ်ထွန်း သည်။ ဓနိပင် စိုက်ပျိုး မည့် နေရာ သည် ဒီရေ အတက်အကျ ရှိသည့် သောင်ပေါ်ကမ်းစပ် မြေတွင် ဖြစ်ရမည်။ ထိုသောင်ပေါ်မြေ တွင် ကြိုးတန်း ဆွဲ၍ ဓနိစေ့ များကို တစ်ပင်နှင့် တစ်ပင်ခြောက်တောင်ခန့် ခွာပြီး ညီညာ စွာ စိုက်ရသည်။

ဓနိပင် သည် အကြီးမြန်သော အပင် မျိုးဖြစ် သည်။ သုံးနှစ် ဆိုလျှင် ဓနိကိုင်း ဆယ်ကိုင်း ခန့် ထွက် ပြီ ဖြစ်သောကြောင့် ဓား တင် ရသည်။ အောက်ဆုံး မှ ရင့်လာသော ကိုင်းများ ကိုစ၍  ခုတ်ယူသည် ကို ဓားတင် သည်ဟု ခေါ်ဆိုသည်။ 

ဓနိပင် မှာ တစ်နှစ်ထက် တစ်နှစ် ကြီးလာ သဖြင့် ဓနိပျစ် အရေ အတွက် သည် တိုး၍ ကြီးလာ သဖြင့် ဓနိပျစ် အရေအတွက်သည် တိုး၍ ရရှိလာသည်။ ဓနိပင်ကြီး တစ်ပင်လျှင် ဓနိလက် ၂၅ လက်ခန့် ထွက် သည်။ ဓနိတော သည် ဥယျာဉ်ခြံ မြေထဲ တွင် ပါဝင်သောကြောင့် ''ဓနိခြံ'' ဟုခေါ်သည။် 


 အကျယ် အဝန်း ကလည်း ဧကနှင့် သတ်မှတ်ကြသည်။ ဓနိပင် ၏ ပုံသဏ္ဍာန် မှာ ဆင်ခြေဖုံး မပေါ်သေးသည့် အုန်းပင်ပေါက်နှင့် ဆင်တူသည်။


အလက် အရွယ်အစား ကွာသည်။ ပင်လယ်သောင်ကမ်းစပ် ၌ ရှိသော ဓနိပင် ၏ အမြင့်သည် ၁၅ တောင်၊ ၁၆ တောင် ခန့်ရှိသည်။ ဓနိ ကိုင်းမှ ခုတ်ယူသော ဓနိ ရွက်၏ အရှည် သည် လူတစ်ရပ် ကျော်မြင့်သည်။

အရွက် ၏ဗြက် အကျယ်မှာ လက်တစ်ဝါး ခန့် ရှိသည် ။ ပင်လယ် ဒီရေ အရောက် နည်းသော နေရာ တွင်ပေါက်သော ဓနိပင်များ သည် အရွက်ပို၍ သေးသည်။

ထို့ကြောင့် ဓနိခြံ ကို ပင်လယ်ခြံနှင့် ကုန်းခြံ ဟူ၍ နှစ်မျိုး ခွဲ ထားကြသည်။ ဓနိ လုပ်ငန်းသည် လယ်ယာ လုပ်ငန်းကဲ့သို့ တစ်နှစ် လျှင် တစ်ကြိမ်သာ ငွေပေါ်သော ရာသီ ကုန် ဖြစ်သည်။ သို့သော် လယ်ယာ လုပ်ငန်း ကဲ့ နှစ်စဉ် အရင်း အနှီးမထည့် ရပေ။ 

တစ်မိုးတွင်း လုံး အလက် အရွက်မွေး၍ နွေရောက် လာလျှင် ခုတ်ယူ ရုံဖြင့် ငွေပေါ်သော လုပ်ငန်း ဖြစ်သည်။ ဓနိပင် သည် စိုက်ပျိုးရ လွယ်ကူသည်။အပင် ခွဲပြီ ဆိုသည်နှင့် နောက်ထပ် တစ်စုံ တစ်ရာ လုပ်စရာ မလိုတော့ပေ။ မြန်မာ့ ရိုးရာ အိမ်မိုး ဓနိပင်နှင့် ဓနိလုပ်ငန်း အကြောင်း သိကောင်း ဖွယ်ရာ လုပ်စရာ မလိုတော့ပေ။ 

အခြား သီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံးဝ လုပ်စရာ မလိုသော လုပ်ငန်းဖြစ်သည်။ တက်လာသော ဒီရေ များနှင့် ပါလာသော နုန်း မြေ များသည် ဓနိခြံ အတွင်းတွင် တင်ကျန်နေ ခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့် ဓနိပင် များ ကို ကြီးထွားစေသည်။

 နှစ်စဉ်ပြာသို လဆန်း သည်နှင့် ဓနိ ခုတ်ရန် ပြင်ဆင် ရသည့် လဖြစ်သည်။  ဓနိခြံ အတွင်း ဓနိပင်များ အကြားတွင် ပေါက်နေသော မလိုအပ် သည့် ဆူးပင် များကို ခုတ်ထွင် ရှင်းလင်းရသည်။ သို့မှသာလျှင် ဓနိခုတ် ရာ၌ လွယ်ကူပေမည်။

ဓနိခြံ ပိုင်ရှင် များသည် ဓနိခုတ် လုပ်သား များကို ငှားရမ်း၍ ခုတ်ကြ ရသည။် ဓနိခြံကြီး လျှင် လုပ်သား များများ ငှား ရသည့်ခြံပိုင်ရှင် များ ရှိသကဲ့သို့ ငါးဆယ် ငှား ရသည့် ခြံပိုင်ရှင် ကြီး များလည်း ရှိကြသည်။
ဓနိခုတ် ရာတွင် တွေ့ရာ ဓားဖြင့် ခုတ်ယူ၍ မရပေ။ အထူးပြုလုပ် ထားသော ဓနိခုတ် ဓား သက်သက်ကို အသုံးပြုရသည။် 

ဓားရိုး အရှည် ၁ မိုက် ခန့် အပါအဝင် အရှည် ၁ တောင် ကျော် ရှိပြီး ဓားသွားဗြက် အကျယ် လက်လေးသစ် ခန့် ရှိသည်။ ဓနိခြံပိုင်ရှင် များသည် ဓနိလက် များကို လှည်း၊ လှေ စသည်တို့ဖြင့် ရေလမ်း၊ ကုန်းလမ်း အဆင် ပြေ သည့် အားလျော် စွာ သယ်ယူကြရပြီး အိမ်သို့ ရောက်သည့်အခါ ဓနိလက် များကို စီ၍ အတန်း လိုက် ထပ်ပြီး ရက်သတ္တ ပတ်ခန့် နှပ် ရသည်။ ဤသို့ လုပ်သည် ကို ဖက်စင် တိုက်သည် ဟု ခေါ်သည်။

ဓနိ များ နပ်သော အခါ ဓနိ ထိုးလုပ်သား အမျိုးသမီးများ ကိုငှား၍ ထိုးရသည်။ ဝါးကို စိတ်ထားသော နှစ်တောင့်ထွာ ရှိသည့် ဓနိ တံနှင့် ထိုးရသည်။ဓနိထိုး ခမှာ ဓနိပျစ် ၁၀၀လျှင် ငွေကျပ် ၅ဝဝ ရသည်။ အမျိုးသမီး တစ်ဦး ဓနိထိုးလျှင် ဓနိပျစ် ၄၀၀မှ ၅၀၀ကြား ပြီးစီးသည်။ 

ပင်လယ် ဒီရေ ရောက်သော နေရာ များ၌ နှစ်ပေါင်း ၅ဝ ခန့် ရှင်သန် ပေါက်ရောက်နိုင်သည်။ ဒီရေ မရောက်သည့် နေရာတွင် မဖြစ်ထွန်းပေ။ ပင်လယ်ဆား ငန်ရေကို သောက်ရမှ သာလျှင် နှစ်ရှည် ခံ၍ ဖြစ်ထွန်းသည်။

ဧရာဝတီ တိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် သည် ကျေးရွာ အုပ်စု ၉၃စုဖြင့် ဖွဲ့စည်း ထားသည။် ထို အထဲမှ ကျုံဓားကျေးရွာ အုပ်စု သည် ဓနိ အထွက်ဆုံး အုပ်စုဖြစ်သည်။

ဓနိခြံမြေ ဧက ၅ဝဝ ကျော် ရှိသည်။ စိုက်ပျိုးရန်မြေသစ် များလည်း ဧက ၅ဝဝ ခန့်ကျန် ရှိ နေသေး သည။် နှစ် စဉ် ဓနိပျစ် သိန်း၃ဝကျော် ထွက်ရှိသည်။ ရန်ကုန်၊ ပဲခူး၊ ကွမ်းခြံကုန်း ၊ ဒေးဒရဲ စသောမြို့များ သို့ တင်ပို့ရောင်းချသည်။

ပြည်သူ လူထု အများစု သည် သွပ် ဝယ်၍ အိမ် များကို မမိုးနိုင်ကြသေး သမျှ ဓနိသည် အိမ်ခေါင်မိုး များအပေါ်၌ အခန့်သား နေရာ ယူနေမည့် ဖြစ်သောကြောင့် ဓနိ လုပ်ငန်းသည် ရှင်သန် ဖွံ့ဖြိုး နေဦး မည်သာ ဖြစ်တော့သည်။ ။


 Written by  စကားဝါ
From...Myawady

No comments:

Post a Comment