*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 19 June 2014

လူ့ငရဲ အရပ် နဲ့ လူ့နိဗ္ဗာန် အရပ် ဆိုတာ


လူ့ငရဲ အရပ်နဲ့ လူ့နိဗ္ဗာန်အရပ် ဆိုတာ  








ဖတ်ဖူးသည့် ပုံပြင် တစ်ခုကို မျှဝေလိုပါသည်။ လူတစ်ယောက် ခရီးသွားနေတုန်း ရွာ နှစ်ရွာ ကို ဖြတ်ရ တယ်။ တစ်ရွာ ကို ငရဲရွာ လို့ အမည်ပေးပြီး နောက်တစ် ရွာကို သုခ ရွာလို့ အမည်ပေးထား ပါတယ်။ ပထမဆုံး ငရဲ ရွာကို ရောက်တော့ လက်တွေ ၁၀ ပေ မက ရှည်လျားတဲ့ လူတွေနဲ့ တွေ့ရပါတယ်။ 

အင်မတန် ရှည်လျားတဲ့ လက်တွေ့ကြောင့် အစားအသောက် စားလို့ မရအောင် ခက်ခဲကြ ပါတယ်။
အစား စားဖို့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားကြပြီး တစ်ယောက်ကို တစ်ယောက် လုယက် နေကြ သတဲ့။


 နောက်ထပ် တစ်ရွာ ဖြစ်တဲ့ သုခ ရွာကို ရောက်ရှိပါတယ်။ သူတို့တွေ လည်း ၁၀မက ရှည်လျားတဲ့ လက်တွေ ပိုင်ဆိုင် တဲ့ သူတွေ ပါပဲ။ သို့ပေမယ့် ထူးခြား တာက သူတို့ ဟာ အဖွဲ့ လိုက် အတူတူ ဝိုင်း ထိုင်ပြီး တစ်ယောက်ကို တစ်ယောက် အစားခွံ့ကျွေးကြ ပါတယ်တဲ့။

လုယက်စားသုံး မှု မရှိပဲ ကိုယ်တိုင် မစားရသည့် တိုင် အခြားသူ တစ်ပါး စားရစေဆိုတဲ့ စေတနာနဲ့ တစ်ယောက် ကို တစ်ယောက် ကူညီဖေးမနေတာကို တွေ့ရပါတယ်။ အဲ့ဒီ ရွာကို ဒါကြောင့်မို့ သုခ ရွာ လို့ ခေါ် သတဲ့။ 

လူ့ ငရဲ အရပ်၊ လူ့နိဗ္ဗာန် အရပ် ဆိုတာ ယင်း လူသားများ ကသာ ဖန်တီးခြင်း ဖြစ်ပါတယ်။
အတ္တ ကိုယ်စီနဲ့ တစ်ကိုယ်ကောင်းဆန်သူ များ အတွက် ငရဲသာ နေ့တိုင်း ကြုံတွေ့ ရမည် ဖြစ်ပြီး တစ်ဦး ကိုယ်တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အစရှိသည့် ဗြမ္မစိုရ် တရားများ နဲ့ နေ့ထိုင်သည့် အရပ်က စင်စစ် လူ့နိဗ္ဗာန် အရပ် ဖြစ်ပါသည်။  


From...အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment