*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 2 June 2014

အောင်မြင်နိုင်ဖို့ ခရု လို လုံ့လ ရှိရန်လို


snail

ရိုးရာလေး စာဖတ်သူ တို့ ငယ်စဉ်က သင်ဖူးတဲ့ အကြောင်း အရာလေး တစ်ခု ကို မှတ်မိကြ အုံးမယ် ထင်ပါ တယ်။ စာကျက်ဖို့ အင်မတန် ခက်ခဲပြီး ညံထိုင်း တယ်လို့ အသိမှတ်ပြု ခံထားရတဲ့ ကလေးဟာ စာ မကျက်နိုင် တဲ့ အဆုံး ခရုလေး တစ်ရွေ့ရွေ့ နဲ့ သွားတာ ကို ထိုင်ကြည့် ပါတော့တယ်။

ခရုဟာ နံရံပေါ် တွယ်တက်ပြီး အပေါ် ရင်ပြင် တစ်ခု ရောက်အောင် ကြိုးစား တာ အင်မတန် နှေးပါတယ်။ တက်နေရင်းနဲ့ လည်း ပြန်ကျ ပါတယ်။ နောက်တစ်ခါ ပြန်တက် ရောက်လု နီးနီးမှာ ထပ်ကျပြန်ပါတယ်။ 

ဒီလို နဲ့ နှေးလည်းနှေး ကျလဲ ကျ ရာ ကနေ ကြိုးစား တက်ခဲ့ တာကြောင့် နောက် ဆုံးတော့ အပေါ် ကို ရောက် ရှိ သွားပါတယ်။ ဒါနဲ့ ကလေးငယ်လေး ဟာ မှတ်သားရ ခက်ခဲနေပေမယ့် စာ ပိုဒ် များကို အချိန် အတော်ကြာ ပေးပြီး ကျက်မှတ် လိုက်တာ နောက်နေ့တော့ အတန်း မှာ အတော်ဆုံး ကလေး ဖြစ်သွား ပါတယ်။

လူ့ ဘဝ မှာလည်း ဒီလို ပါပဲ။ အောင်မြင်မှု ပန်းတိုင် တစ်ခု ဆိုတာ လွယ်လွယ် နဲ့ မရနိုင်ပါဘူး။

၁။ အချိန်ကာလ တစ်ခု ကြာမြင့်တယ်။
၂။ ကျရှုံး တဲ့ အကြိမ် အရေ အတွက် များစွာ နဲ့ အရင် ပေးဆပ်ရတယ်။


ယင်း အချက် နှစ်ခု မှာ အချို့က အချိန်ကြာတာ နဲ့ပဲ လက်လျော့ သွားကြ ပါတယ်။ အချို့ ကျတော့ လည်း ပြန်ပြန် ကျရှုံး သွားတဲ့ ဒဏ်ကို မခံနိုင် လို့ လက်လျှော့ သွားကြ ပါတယ်။ အချို့ ကျတော့လည်း အချိန်ကြာပြီး အောင်မြင် ခါနီးမှ လက်လျော့ သွားကြ ပါတယ်။ နောက်ဆုံးတော့ ရလဒ်က အရှုံးပါပဲ။

အကယ်၍ ကိုယ့် ဆီမှာ-
၁။ စိတ်ရှည် သီးခံနိုင်တဲ့ အရည်အချင်း ရှိတယ်။
၂။ ရှည်လျား ကြာမြင့် တဲ့ အာရုံ စူးစိုက်မှု (သမာဓိ) ရှိတယ်။
၃။ ကျရှုံး တိုင်းလည်း ပတ်ဝန်းကျင် တိုက်ခိုက် မှု (လောကဓံ) ကို ခံနိုင် တဲ့ အရည်အချင်း ရှိတယ်။


အထက်ပါ သုံးချက် နဲ့ ပြည့်စုံ နေတယ် ဆိုရင် အောင်မြင် မှု ဆိုတာ တစ်နေ့တော့ ကြိမ်းသေ ရရှိ မှာ ဖြစ်ပါတယ်။



အောင်ခမ်း (ရိုးရာလေး)
From...Search Myanamar

No comments:

Post a Comment