*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 22 June 2014

အမျိုးသမီး အလုပ်သမားနှစ်ဦးရှေ့ တွင် ဝတ်လစ် စားလစ် ကပြ ခဲ့သည့် အဝတ်အစား ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် အလုပ် ထုတ်ပယ် ခံရ



Vidd.me ဗီဒီယိုမှ ရယူထားသောပုံ

အမျိုးသမီး အလုပ် သမားနှစ်ဦးရှေ့ တွင် ကခုန်စဉ် အဝတ် အစား ဝတ်ဆင် ထားခြင်းမရှိခဲ့သည့် အတွက် အမေရိကန် အဝတ်အစား ကုမ္ပဏီ တည်ထောင် သူ အမှုဆောင် အရာရှိချုပ် ဒို့ဗ်ချာနေ ကို ဘုတ် အဖွဲ့ဝင် ဒါရိုက်တာ များက အလုပ်ဖြုတ်လိုက် သည်။
 

ဗီဒီယိုဖိုင် များ ဝေမျှနိုင် သည့် Vidd.me ဝက်ဘ်ဆိုက် တွင် ဝတ်လစ် စားလစ် ကခုန်နေပုံ ကို တင်ခဲ့သည့် အသက်(၄၅)နှစ် အရွယ် ကနေဒါနိုင်ငံ သား အမှုဆောင် အရာရှိချုပ် အတွက် အခြေအနေ များ ပိုမိုဆိုး ရွားစေခြင်း မှာ ယင်း ဗီဒီယိုဖိုင် ကို တစ်စုံ တစ်ဦးက တွေ့ရှိ သွားပြီး အတင်းအဖျင်း သတင်း များကို အွန်လိုင်း မှ ဖော်ပြ သည့် နယူးယောက်မြို့ အခြေစိုက် Gawker ဝက်ဘ်ဆိုက်သို့ ပေးပို့ခဲ့ ပြီး ယင်း ဝက်ဘ် ဆိုက် က ၁ မိနစ် ၁၅ စက္ကန့်ကြာ ဗီဒီယို ဖိုင် ပြသ ခဲ့၍ ဖြစ်သည်။

  
ဒို့ဗ်ချာနေ မှာ ယင်းသို့ ဝိုင်း ပတ် ကခုန်နေစဉ် လက်ကိုင်ဖုန်း ဖြင့် လည်း စကားပြောနေသေး သည်။
ယင်းဗီဒီယို ဖိုင် တွင် မွေးနေ့ ဝတ်စုံနှင့် အမျိုးသား မှာ ချာနေ ဖြစ်ကြောင်း အမေရိကန် အပယ် ရယ် ကုမ္ပဏီ ၏ မော်ဒယ်ဟောင်း တစ်ဦး ကို ကိုးကား ၍ အဆိုပါ သတင်းဌာန က ဖော်ပြပြီး ၎င်းနှင့် အတူ ယင်း ဗီဒီယို ဖိုင်၌ ပါဝင်သော အမျိုးသမီးနှစ်ဦး မှာ အပယ်ရယ် ကုမ္ပဏီနှင့် ဆက်နွှယ်မှု ရှိကြောင်း  အလုပ် သမားဟောင်း တစ်ဦးက အတည်ပြုပြောကြားသည်။

လိင်ပိုင်း ဆိုင်ရာ မလျော်မ ကန် ပြုလုပ်သည် ဟု ယခင်က အမျိုးသမီး အလုပ်သမားများ စွာ ၏ တိုင်ကြားခြင်း ခံထား ရသော ချာနေ ကို ယင်း ကဲ့သို့ ဝတ်လစ် စားလစ် ကခုန်ခြင်း အတွက် အလုပ် မှ ထုတ် ပယ်လိုက်သည် ဟု အမေ ရိကန် အပယ်ရယ် ကုမ္ပဏီ ဘုတ် အဖွဲ့၏ ကြေညာ ချက်တွင် ဖော် ပြ ထားသည်။

ယခင် တိုင်ကြားမှု များနှင့် ပတ်သက် ၍ ဘုတ် အဖွဲ့က ၎င်း အပေါ် တိုင်ကြားမှု များကို ဖြေ ရှင်းခြင်း (သို့မဟုတ်) ပယ် ချခြင်း ဖြင့် ချာနေဘက် က ရပ်တည်ခဲ့ သည်။
ယင်း ကုမ္ပဏီ က ဘဏ္ဍာရေး အရာရှိ ဂျွန်လူသရယ် အား ယာယီ အမှုဆောင် အရာရှိချုပ် အဖြစ် ရွေးချယ် ခန့်အပ်ထားသည်။


Ref: Reuters
7day
From.... Myanmar Latest News

No comments:

Post a Comment