*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 23 June 2014

နောက်ကြောင်းပြန် အခွန် ဆောင်ခိုင်းခြင်း အပေါ် အိမ်ခြံမြေ လုပ်ငန်းများ ဝေဖန်


10462684_536431346462233_9099997479038835081_n
 ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး တွင် လွန်ခဲ့သည့် သုံးနှစ် အ တွင်း အခွန် မဆောင်သည့် အိမ်ခြံမြေ ရောင်း ၀ယ်ခြင်းနှင့် ငှား ရမ်းခြင်း များကို နောက်ကြောင်း ပြန် အခွန်ဆောင် ခိုင်းခြင်းမှာ စနစ် မှား ယွင်းနေပြီး ရောင်း ၀ယ် ငှား သ မားများ အခက် အခဲများဖြစ်ပေါ် နိုင်ကြောင်း အိမ်ခြံမြေ ငှားရမ်း သူများ ကပြောသည်။

‘‘အခွန်ကောက် တဲ့ စနစ် ကို က မှားနေတယ်။ ရာခိုင်နှုန်းမြှင့် ထားပြီး အခွန် ကို တိတိကျကျ ကောက်မယ် ဆိုရင် အမှန် တကယ်ရိုးရိုး သားသားလုပ် စားတဲ့သူတွေ ဘယ်သူ မှ ဆောင်နိုင်မှာ မဟုတ် ဘူး။ ဘယ်လို လူတွေက ဆောင် မှာလဲ ဆိုတော့ မဟုတ်တာ လုပ် ပြီး ရထားတဲ့ ငွေမည်း သမားတွေ က ငွေဖြူဖြစ်အောင် လုပ်ထား တဲ့ သူတွေပဲ ဆောင်နိုင်မှာ’’ ဟု နန်း တော်(၁) ဆောက်လုပ်ရေး အိမ် ခြံမြေ ပိုင်ရှင် ဦးခင်စိုးဦး က ပြော သည်။


ထို့ကြောင့် အစိုးရ က အခွန် ရှောင်နေသည့် သူများအား အခွန် ဆောင်စေ လိုပါက သတ်မှတ် ထားသည့် အခွန် ရာခိုင်နှုန်း ထားများ ကို လျှော့ချပေးစေလို ကြောင်းနှင့် ရပ်ကွက် တွင်း စစ် ဆေးမည် ဆိုပါ က ကျော သား ၊ ရင်သား မခွဲခြားဘဲ ထိရောက် စွာ အရေးယူစေ လိုကြောင်း ရပ်ကွက် အတွင်းမှ အိမ်ငှား ရမ်းထား သူ အချို့က ဆိုသည်။

‘‘ရပ်ကွက်ထဲ ဆင်းပြီး စစ် ဆေးမယ် ဆိုရင်လည်း သာမန်လူတွေ ဒုက္ခရောက်အောင် မလုပ်ဘဲ သူတို့ ပိုင်ရာ ဆိုင်ရာ သူတွေဆိုရင် လည်း မခွဲခြား ဘဲနဲ့ အရေးယူ အခွန်ဆောင်စေ ချင်တယ်။ တော်ကြာ အပေါ် က နိုင်ငံခြား သားတွေ ငှားပြီး ပိုက်ဆံ ရတဲ့သူတွေ မဆောင်ခိုင်း ဘဲနဲ့ အိမ်တစ်လုံး၊ နှစ်လုံး ရှိတဲ့ သူတွေ ပဲ ဆောင်ရမှာ စိုးလို့ပါ’’ဟု တောင်ဥက္ကလာပမြို့နယ် မှ အိမ်ရှင် တစ်ဦးက ဆိုသည်။

ဇွန်လ ကုန်ပိုင်းမှ စတင် ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း အခွန်ရှောင်နေ သည့် အိမ်ခြံမြေ ရောင်း ၀ယ်ခြင်းနှင့် ငှားရမ်းခြင်း များ ကို ရပ်ကွက် အလိုက်စစ်ဆေး ၍ လွန်ခဲ့ သည့် သုံးနှစ် အတွင်းက အခွန် မဆောင်ခြင်း များအား စည်းကြပ် သွားမည်ဖြစ်ပြီး လက်ရှိ တွင် ယင်း လုပ်ငန်းများ ရှိ အခွန်ဆောင် သူ ဦးရေမှာ ၂၀ ရာခိုင်နှုန်း သာရှိ သည်ဟု ဆိုသည်။

ထိုကဲ့သို့ အခွန် တိုးမြှင့်လိုက် ရခြင်း မှာ နိုင်ငံဖွံ့ဖြိုးမှု လုပ်ငန်း များဖြစ်သော ပညာရေး ကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍ တို့ တွင် ပိုမို သုံး စွဲလာနိုင် ရန်နှင့် အများပြည်သူ ၀န်ဆောင်မှု များ ပိုမိုကောင်းမွန် မြင့် မား စွာ ရရှိ ရန် အတွက် ဖြစ် ကြောင်း သိရသည်။

‘‘ခုလကုန် ကစပြီး ကွင်း ဆင်း စစ်ဆေးမယ်။ ရပ်ကွက် အလိုက် စစ်မှာ။ ခေါ်မယ်။ ပြီးခဲ့တဲ့ သုံးနှစ် ကတည်းက အခွန်ရှောင် ခဲ့ တဲ့ သူတွေ ကို စစ်ဆေးပြီး သူတို့ အနေနဲ့ နောက်ကြောင်းပြန် အခွန် ဆောင် ရမှာပါ။ လူကိုတော့ အ ရေး မယူပါဘူး။ သတင်းစာထဲ က နေလည်း သတိပေးထားပြီး ပါပြီ။ 

မလိုက်နာဘူး ဆိုလို့ ၇ှိရင် ထိထိ ရောက်ရောက် အရေးယူဆောင် ရွက်သွားမှာပါ’’ဟု တိုင်းဒေသကြီး အခွန် ဦးစီးဌာန မှ တာဝန်ရှိ သူ တစ်ဦးကပြောသည်။

အိမ်ခြံမြေ ငှားရမ်းခြင်း အ ပြင် ၀ယ်ရောင်း သမားများ မှာ လည်း စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် အခွန်ပေးဆောင် ရမည် ဖြစ်ပြီး စစ်ဆေးရာ ၌ လွန်ခဲ့သော သုံးနှစ် အတွင်းက မှတ်ပုံတင်ပြီး လုပ်ငန်း စတင် မည် ဆိုပါက ပြည် တွင်း အခွန်အား အကြောင်းကြား ရန် လိုအပ်ပြီး ပျက်ကွက် ပါက ၁၀ ရာခိုင်နှုန်း၊ လုပ်ငန်း စတင် ကြောင်း အကြောင်းကြားစာ မပို့ ပါက ၁၀ ရာခိုင်နှုန်း၊ အခွန် ကျပြီး သတ်မှတ်ရက် အတွင်း အခွန်မ ဆောင်ပါက ၁၀ ရာခိုင်နှုန်း တို့ အပြင် လစဉ် အခွန်ပေးသွင်းရန် ပျက်ကွက် ပါကလည်း ၁၀ ရာခိုင် နှုန်းပေးဆောင်ရမည်ဖြစ်ကာ အိမ်ခြံမြေ ငှားရမ်းခြင်းအပြင် ၀ယ် ရောင်း သမားများ မှာလည်း စီးပွား ရေး လုပ်ငန်း တစ်ခု အနေဖြင့် အခွန်ပေးဆောင် ရမည်ဖြစ်သည်။

ထိုသို့ အခွန်နှုန်းထား များ ကြပ်မတ် လုပ်ဆောင် လိုပါက နိုင်ငံတွင်း အခွန်ထမ်း ဦးရေများ တိုးပွား လာနိုင် သကဲ့သို့ တစ်ဖက် တွင်လည်း အိမ်ခြံမြေ အရောင်း အ၀ယ်နှင့် ငှားရမ်း မှုများကို ထိ ခိုက် လာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးတော်ဆောင် အချို့က ဆို သည်။

‘‘သာမန် လူက ရှိတဲ့ ပိုက်ဆံ လေးနဲ့ ၀ယ်လိုက်မယ် ဆိုရင် ထပ် ပြီးတော့ အခွန်ဖိုး က ပေးရဦးမယ် လေ။ ပြီးတော့ လည်း ရောင်း၊ ၀ယ်၊ ငှားတဲ့ သူတွေအနေနဲ့ ကလည်း ငွေပမာဏ အမှန်နဲ့ အခွန်ဆောင်ကြ မှာ မဟုတ်ဘူး။ ပြည်သူတွေ အတွက် ကတော့ တကယ် ၀န်ထုပ် ၀န်ပိုးဖြစ်မှာ ပါပဲ။ အရောင်းအ၀ယ် ရပ် တန့် နိုင်တယ် လို့ထင်တယ်’’ဟု သိန်းတိုးအောင်အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ပိုင်ရှင် ဒေါ်ဝါ၀ါက ခန့်မှန်းပြော ဆိုသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် ၀န်ဆောင်မှု အမျိုးအစား အလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်း ကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန်ရရှိမှု ပမာဏ မှာ ငွေကျပ် ဘီလီယံ ၇၀၀ ၀န်းကျင်ခန့် ရရှိခဲ့ ကြောင်း သိရသည်။


ယမင်း၊ ရဲနိုင်
From...Search Myanmar

No comments:

Post a Comment