*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 10 June 2014

အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း (၅)မျိုး


512x512_20140608_181855_428.jpg
 

အမျိုးသား အများစုက ကျန်းမာရေး မကောင်း တဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြ ပါတယ်။ နောက်ပိုင်း ရောဂါ ရင့်လာတဲ့ အခြေအနေ ကျမှ ကုသရ ခက်ခဲ တာမျိုး ဖြစ်လာ တတ်တာကြောင့် အခုက စပြီး မိမိ ဘာသာ အလွယ် တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေ ကို သိရှိ လိုက်နာသင့်ပါတယ်။

စစ်ဆေးပါ – ဆံပင်
ဆံပင် အကွက်လိုက် ကျွတ်နေလျှင်
ဆံပင်တွေ က ဦးရေပြား တစ်နေရာ တည်း ကနေ အထွေး လိုက် ကျွတ်နေရင် စိတ်ဖိ စီးမှုကြောင့် ဖြစ်နိုင် ပါတယ်။ စိတ်ဖိစီး မှု ဟော်မုန်းတွေ က သွေးဖြူဥတွေ ကို လှုံ့ဆော် တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေး လိုက် ကျွတ်လာတာပါ။

 ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေ က စိတ်အနှောင့် အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေ ရင်တော့ သတိပြု သင့် နေပါပြီ။ နာတာရှည် စိတ် ဖိစီးမှုကြောင့် နှလုံးရောဂါ ကနေ မှတ်ဉာဏ် ချို့တဲ့မှု အထိ ဖြစ်စေနိုင်ပါတယ်။



လိုက်နာပါ- စိတ် ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ် ထဲမှာ တုံ့ပြန် မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိ စီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာ တို့လို စိတ်ဖိ စီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေ ကို လိုက်နာပါ။ 

တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ် ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီး အက်စစ် နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေ ကို မှီဝဲပါ။ ဆယ်လ်မွန်ငါး နဲ့ ပန်းဂေါ်ဖီစိမ်း ဟာ ဆံပင်သား ကျန်းမာရေး အတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။

စစ်ဆေးပါ – ရင်သား
ရင်သားတစ်ဖက်က ကြီးလာလျှင်
အမျိုးသားတွေ ရဲ့ ရင်သား တစ်သျှူး က အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုး လာရင် ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ် လို့ ခန့်မှန်း ထားပါတယ်။ အမျိုးသားတွေ က တစ်နှစ်မှာ ရင်သား ကင်ဆာ ဖြစ် သူ ၂၁၄၀ ဦးလောက် ရှိကြောင်း သိရပါတယ်။ 

အမျိုးသားတွေ အနေနဲ့ ရင်သား ကင်ဆာ ကာကွယ်နိုင် ဖို့ မိမိ ဘာသာ စစ်ဆေးတဲ့ နည်းကို သုံးသင့် ပါ တယ်။ ရေချိုးတဲ့ အခါ ရင်သား အရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံး အဖု ဖြစ်နေ သလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေး ဖို့ လိုပါတယ်။
လိုက်နာပါ- ရင်သား မှာ တစ်ခုခု ပြောင်းလဲနေတယ် လို့ ယူဆရင် ဆရာဝန် နဲ့ပြပါ။ အမျိုးသားတွေ ကလည်း ရင်သား ကင်ဆာ ဖြစ်နိုင်တယ် ဆိုတာကို မေ့ မထားပါနဲ့။ ရင်သား ကင်ဆာ မျိုးရိုး ရှိတဲ့ အမျိုးသား ငါးယောက် မှာ တစ်ယောက်နှုန်း ဟာ ရင်သား ကင်ဆာ ဖြစ်တတ် တယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။

စစ်ဆေးပါ – ဆီးသွားခြင်း
ဆီးသွားရ ခက်ခဲနေလျှင်
ဆီးသွားရ ခက်ခဲ တာဟာ ဆီးကျိတ် ဂလင်း ကြီးတာကြောင့် ဖြစ်နိုင် သလို ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် လည်း ဖြစ်နိုင် ပါတယ်။ ဆီးကျိတ် ဂလင်းက အမျိုးသား ဆီးပြွန်ချောင်း ရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ် ကြီးလာရင်၊ ရောင် လာရင် ဆီးသွား ရ ခက်ခဲတတ်ပါတယ်။
လိုက်နာပါ- ဆီးကျိတ် စစ်ဆေးမှု ပြုလုပ် ဖို့ အချိန်တန် ပါပြီ။ အမျိုးသား ခြောက်ဦး အနက် တစ်ဦးဟာ ဆီးကျိတ် ကင်ဆာဖြစ်တတ်တယ် လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါ ကို စောစော စစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

စစ်ဆေးပါ – ခံတွင်း
ခံတွင်း ထဲ မပျောက်နိုင်သော အနာဖြစ်နေ လျှင် စိတ်ဖိစီး မှုကြောင့် ဖြစ်တဲ့ ခံတွင်း အနာလို့ မထင် ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့ အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ 

တစ်နှစ် မှာ ခံတွင်း ကင်ဆာဖြစ် သူ လေးသောင်းကျော် အနက် အများစု က အမျိုးသားတွေ ဖြစ်ကြတယ် လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။
လိုက်နာပါ- ဆရာဝန် ဒါမှ မဟုတ် သွားဆရာဝန် နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယ ရှိဖွယ် တစ်စုံ တစ်ရာ ပြောင်း လဲမှု ခံစား ရရင် အထူး ဆိုးဆေး သုံးပြီး စစ်ဆေးပါ ။ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

စစ်ဆေးပါ – ခါး
ခါးအတိုင်း အတာ ၃၇ လက်မ ကျော်လျှင် ဒါ ဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ် အစား ကြီးမားပြီး ဗိုက်နာတာ က ဆီးချိုရောဂါ နဲ့ နှလုံးသွေးကြော ဆိုင်ရာ ရောဂါ တို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ 

အမျိုးသား သုံးယောက် မှာ တစ်ယောက်ကျော် ဟာ နှလုံးရောဂါ အမျိုးအစား တစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေ တတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်း ရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုက စပြီး ခါးကို သေချာ တိုင်းတာ ကြည့် လိုက်ပါ။
လိုက်နာပါ- ဗိုက်ပူနေရင် ခါး အရွယ် အစားလျှော့ ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ် အစား ကို လျှော့ ချနိုင် တာက နှလုံးရောဂါ နဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ကို သိသိ သာသာ လျှော့ချနိုင် တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီ အအိမ့် များတဲ့ အစားအသောက်တွေ ကို ရှောင်ပြီး လေ့ကျင့်ခန်း ကို တစ်နေ့ နာရီဝက် ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။


ကေအမ်
BY GOOD HEALTH


From...Search Myanmar

No comments:

Post a Comment