*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 24 June 2014

ကိုယ်ရဲ့လက်သည်းလေးတွေ က ဘယ်လို ပုံဖြစ်မှာလဲ။

ကိုယ်ရဲ့လက်သည်းလေးတွေက ဘယ်လိုပုံဖြစ်မှာလဲ။

၀၁. ကဗျာဆန်တဲ့သူ

ရှည်တဲ့လက်သည်းလေးကို ပိုင်ဆိုင်တဲ့သူကတော့ ညာဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် အတွေးအခေါ်ကောင်းတဲ့သူတယောက်ဖြစ်မှာပါ။ဘာမဆို စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပင်မဲ့ သဘောကောင်းသူဖြစ်တဲ့အတွက် သူတပါးရဲ့ လိမ်ညာတာကို ခံရတတ်တဲ့အတွက် အထူးသတိထားစေချင်ပါတယ်။ဘယ်ဘက်ဦးနှောက်က ဖွံ့ဖြိုးတဲ့သူနဲ့ အဆင်မပြေနိုင်ပါ။

၀၂. စိတ်မရှည်တဲ့သူ

အလျားရှည်တဲ့လက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ ဘယ်ဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် စကားအပြောကောင်းတဲ့သူတယောက်ဖြစ်မှာပါ။စိတ်ထဲထင်တာကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ်တဲ့အတွက် အမြဲတမ်း လန်းဆမ်းနေတဲ့ပုံပါ။စိတ်မရှည်တဲ့
အတွက် ချက်ချင်းစိတ်တိုတတ်တဲ့အတွက် နည်းနည်းသည်းခံဖို့တော့လိုမှာပါ။စိတ်ခံစားမှုကိုအလေးထားပြီး အလုပ်လုပ်တဲ့ညာဘက်ဦးနှောက်ကို ပိုင်ဆိုင်တဲ့သူတွေနဲ့တော့ အဆင်မပြေနိုင်ပါ။

၀၃. အေးအေးဆေဆေးနေချင်တဲ့ ငြိမ်းချမ်းရေးသမား

စက်ဝိုင်းပုံ(သို့)ဘဲဥလက်သည်းပုံ ပိုင်ဆိုင်တဲ့သူကတော့ ကိုယ်အချိန်ကို တန်ဖိုးထားပြီး အေးအေးဆေးဆေးနေချင်တဲ့သူပါ။လူမူဆက်ဆံရေးအပိုင်းမှာတော့အားလုံးနဲ့အဆင်ပြေအောင်နေတတ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရန်ဖြစ်ရင်ပထမဆုံးဝင်ပြီးဖြေရှင်းပေးမဲ့သူပါ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်သူတပါးရဲ့လေးစားမူယုံကြည်မူကိုခံရပင်မဲ့တခါတလေတကိုယ်ကောင်းဆန်တတ်တဲ့အတွက်သတိထားပါ။ဘာပဲပြောပြောသူကတော့ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတတ်တဲ့သူဖြစ်မှာပါ။

၀၄. ရိုးသားသောသူ

လေးထောင့်ပုံလက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူးသဖြင့် ယောင်္ကျားလေးတွေက များပါတယ်။ရိုးသားပင်မဲ့ ခေါင်းမာတဲ့အတွက် ပြောရခက်တဲ့သူဖြစ်မှာပါ။ခေါင်းမာတာလေးကို နည်းနည်းလျော့ရင်တော့ ပတ်ဝန်းကျင်နဲ့
အဆင်ပြေသွားမှာပါ။

၀၅.၀၆. အသေးစိတ်သော လူတော်

တြိဂံ(သို့)ပြောင်းပြန်တြိဂံလက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ လူတွေမမြင်တဲ့နေရာအထိ သေသေချာချာမြင်ပြီး အတွေးအခေါ်အသစ်တွေကို ပေးစွမ်းနိုင်တဲ့သူဖြစ်မှာပါ။ပြောင်းပြန်တြိဂံကို ပိုင်ဆိုင်တဲ့သူကတော့ အပြောအဆိုပိုင်းမှာတော်တဲ့သူဖြစ်မှာပါ။
ဒါပင်မဲ့ တြိဂံလက်သည်းကို ပိုင်ဆိုင်သူကတော့ အသေးစိတ်စဉ်းစားတတ်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ အပြောအဆိုကြမ်းပြီးအားမနာတတ်တဲ့သူရှိရင်တော့ မနေတတ်ပါ။

၀၇. သန့်ရှင်းစင်ကြယ်သောသူ

နေကြာစေ့ပုံလက်သည်းကိုပိုင်ဆိုင်တဲ့သူကတော့အရာရာကိုသေသေချာချာစဉ်းစားပေးနိုင်တဲ့သူဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ရိုသေလေးစားမူကို ခံရမှာပါ။လူတွေကို ရိုရိုသေသေ ဆက်ဆံနိုင်ပင်မဲ့ မဟုတ်မခံဆိုတဲ့စိတ်ဓာတ်လေးကရှိတဲ့အတွက်သတိထားစေချင်ပါတယ်။

၀၈. ကြိုးစားချင်စိတ်ရှိတဲ့သူ

ဓားပုံလက်သည်းကိုပိုင်ဆိုင်တဲ့သူကတော့ဇွဲရှိပြီးရည်မှန်းချက်ကိုအာင်မြင်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်။ကိုယ်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးရှိပြီး ပတ်ဝန်းကျင်ကို မမြင်တော့ပဲ ဇွတ်လုပ်တဲ့အတွက် လူမုန်းတာကိုခံရတတ်ပါတယ်။

ကဲကိုယ်ရဲ့လက်သည်းလေးကတော့ ဘယ်လိုဖြစ်မလဲဆိုတာကို သေသေချာချာ အဖြေရှာပြီး အသုံးချနိုင်ပါစေလို့ ဆုတောင်းလျက်

×××××××××××××××××××××××××××

Happiness Is To You

၀၁. ကဗျာဆန်တဲ့သူ
****************
ရှည်တဲ့ လက်သည်းလေး ကို ပိုင်ဆိုင်တဲ့ သူကတော့ ညာဘက် ဦးနှောက်က ပိုပြီး ဖွံ့ဖြိုးတာကြောင့် အတွေး အခေါ်ကောင်းတဲ့ သူတယောက်ဖြစ် မှာပါ။ ဘာမဆို စနစ် တကျလုပ် တတ်တဲ့သူဖြစ် ပေမဲ့ သဘောကောင်း သူဖြစ်တယ် ။ သူတပါး ရဲ့ လိမ်ညာ တာကို ခံရတတ်တဲ့ အတွက် အထူးသတိထားစေချင် ပါတယ်။ ဘယ်ဘက်ဦးနှောက် က ဖွံ့ဖြိုးတဲ့ သူနဲ့ အဆင် မပြေနိုင်ပါ။

၀၂. စိတ် မရှည်တဲ့သူ
******************
အလျား ရှည်တဲ့ လက်သည်း ကို ပိုင်ဆိုင်တဲ့ သူကတော့ ဘယ်ဘက် ဦးနှောက်က ပိုပြီး ဖွံ့ဖြိုးတာကြောင့် စကား အပြောကောင်းတဲ့ သူတယောက်ဖြစ်မှာပါ။ စိတ်ထဲ ထင်တာ ကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ် တယ် ။ အမြဲတမ်း လန်းဆန်း နေတဲ့ပုံပါ ။ 


စိတ်မရှည်ဘဲ  ချက်ချင်း စိတ်တို တတ်တဲ့ အတွက် နည်းနည်း သည်းခံဖို့တော့ လိုမှာပါ။ စိတ်ခံစားမှုကို အလေး ထားပြီး အလုပ်လုပ် တဲ့ ညာဘက်ဦးနှောက် ကို ပိုင်ဆိုင်တဲ့ သူတွေ နဲ့တော့ အဆင် မပြေနိုင်ပါ။

၀၃. အေးအေး  ဆေးဆေးနေချင် တဲ့ ငြိမ်းချမ်းရေး သမား
*******************************************
စက်ဝိုင်းပုံ (သို့) ဘဲဥလက်သည်း ပုံ ပိုင်ဆိုင်တဲ့ သူကတော့ ကိုယ့် အချိန်ကို တန်ဖိုးထားပြီး အေးအေး   ဆေးဆေး နေ ချင်တဲ့ သူပါ။ လူမူဆက်ဆံရေး အပိုင်းမှာတော့ အားလုံးနဲ့
အဆင်ပြေအောင်နေတတ် ပါတယ်။ ကိုယ့် ပတ်ဝန်းကျင်မှာ ရန်ဖြစ်ရင် ပထမဆုံး ဝင်ပြီးဖြေရှင်းပေးမဲ့ သူပါ။

အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အတွက် သူတပါးရဲ့လေးစားမူ ယုံကြည်မူကို ခံရပေမဲ့ တခါတလေ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့ အတွက် သတိထားပါ။ ဘာပဲပြောပြော သူကတော့ဘယ်သူနဲ့ မဆို
အဆင်ပြေအောင်နေတတ်တဲ့ သူဖြစ်မှာပါ။

၀၄. ရိုးသားသော သူ
*****************
လေးထောင့်ပုံ လက်သည်း ကို ပိုင်ဆိုင်တဲ့ သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူး သဖြင့် ယောင်္ကျားလေးတွေ က များပါတယ်။ ရိုးသားပေမဲ့ ခေါင်းမာတဲ့ အတွက် ပြောရခက်တဲ့ သူဖြစ်မှာ ပါ။ခေါင်းမာတာလေး ကို နည်းနည်းလျော့ ရင်တော့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေသွား မှာပါ။

၀၅.၀၆. အသေးစိတ်သော လူတော်
***************************
တြိဂံ (သို့)ပြောင်းပြန်တြိဂံလက်သည်း ကို ပိုင်ဆိုင်တဲ့ သူကတော့ လူတွေ မမြင်တဲ့နေရာ အထိ သေသေ ချာချာမြင်ပြီး အတွေးအခေါ် အသစ်တွေ ကို ပေးစွမ်းနိုင်တဲ့ သူဖြစ်မှာပါ။ပြောင်းပြန်တြိဂံ ကို ပိုင်ဆိုင်တဲ့ သူကတော့ အပြော အဆိုပိုင်း မှာတော်တဲ့သူဖြစ်မှာပါ။
 

ဒါပေမဲ့ တြိဂံ လက်သည်း ကို ပိုင်ဆိုင်သူ ကတော့ အသေးစိတ် စဉ်းစားတတ်တဲ့ အတွက် သူ့ပတ်ဝန်းကျင် မှာ အပြော အဆိုကြမ်းပြီး အားမနာတတ်တဲ့ သူ ရှိရင်တော့ မနေတတ်ပါ။

၀၇. သန့်ရှင်း စင်ကြယ်သောသူ
*************************
နေကြာစေ့ပုံ လက်သည်း ကိုပိုင်ဆိုင်တဲ့ သူကတော့ အရာရာ ကိုသေသေချာချာ စဉ်းစားပေးနိုင်တဲ့ သူဖြစ်တဲ့ အတွက် ပတ်ဝန်းကျင် ရဲ့ရိုသေလေးစားမူ ကို ခံရမှာပါ ။လူတွေ ကို ရိုရိုသေသေ ဆက်ဆံနိုင်ပေ မဲ့ မဟုတ်မခံ ဆိုတဲ့စိတ်ဓာတ်လေး က ရှိတဲ့ အတွက်သတိထားစေချင် ပါတယ်။

၀၈. ကြိုးစားချင်စိတ် ရှိတဲ့သူ
************************
ဓားပုံ လက်သည်းကို ပိုင်ဆိုင်တဲ့သူ ကတော့ဇွဲရှိပြီး ရည်မှန်းချက် ကိုအောင်မြင်အောင် လုပ်နိုင်တဲ့သူ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ အတွက် ဆိုရင် ဘာမဆို လုပ်မယ် ဆိုတဲ့အတွေး ရှိပြီး ပတ်ဝန်းကျင် ကို မမြင်တော့ ပဲ ဇွတ်လုပ်တဲ့ အတွက် လူမုန်း တာကို ခံရတတ်ပါတယ်။

ကဲ....ကိုယ်ရဲ့ လက်သည်းလေး ကတော့ ဘယ်လိုဖြစ်မလဲ ဆိုတာကို သေသေချာချာ အဖြေရှာပြီး အသုံး ချနိုင်ပါစေလို့ ဆုတောင်းလျက်........


Happiness Is To You
From...Facebook

No comments:

Post a Comment