*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 3 June 2014

နယူးယောက် လမ်းများပေါ်တွင် စိန်ရှာ သည့် အလုပ်ဖြင့် တစ်ရက် ကို ဒေါ်လာ ၁၁၀ မက ရရှိ


နယူးယောက် လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ 









နယူးယောက် လမ်းများပေါ် တွင် စိန်ရှာ သည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ ပုံမှာ မြင်တွေ့ ရတဲ့ သူဟာ Stepanian အမည် ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့ အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ် က စိန်ရှာ သမား ဖြစ်ပါတယ်။ သူ့ကိုမြင်တော့ မြန်မာပြည် မှာက ပလပ်စတစ် အိပ်ကောက်တဲ့ ကလေးတွေ ကို သွား သတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။

သူ့ဝင်ငွေ က တစ်ပတ် ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက် ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၁၁၀ မက ပါဘူး။ အလုပ်က နည်းနည်းတော့ ပင်ပန်း ပါတယ်။ နယူးယောက်မြို့ ကြီး လမ်းမပေါ်က ရေအိုင်မှာ ပါမကျန် ကြားတွေ ကြားတွေ ထဲ အထိတောင် လိုက်လံ ရှာဖွေ ရတာ ဖြစ်ပါတယ်။


  စိန်၊ရွှေ တင်မက အခြားသော အဖိုးတန် ရတနာ များကို တွေ့ရှိ ပါတယ်။ တကယ် တွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စု က နယူးယောက်မြို့ ကြီးက လူတွေဟာ အလုပ်တွေ ရှုပ်ပြီး လမ်းမကြီးကို ငုံ့ကြည့် ဖို့တောင် အချိန် မရကြပါဘူး။ ဒါကြောင့် Stepanian လိုပဲ စိန် ရှာတဲ့သူ အနည်းစု အတွက် အလုပ်ဖြစ် ပါတယ်။ ပျောက်တာတွေရော၊ ပဲ့ကျ ထားတာတွေရော အဖိုးတန် ရတနာ အားလုံးကို သူတို့ ပိုင်သွား ပါတယ်။

နှစ်ပေါင်း ၆၀ မက တဲ့ အချိန်တွေ ကတည်း က တည်ရှိ နေတဲ့ စိန်ခဲ၊ ရွှေခဲတွေ ကိုတောင် တွေ့ရ တတ် တယ် လို့ ဆိုပါတယ်။ အကြောင်း ကတော့ နယူးယောက်မြို့ မှာ နေထိုင်သူ၊ သွားလာ သူများ ဟာ ရွှေငွေ အဖိုးတန် ရတနာ များ နေ့စဉ် ပျောက်ကျ ပျောက်ဆုံး တာ ကလည်း အဓိက အကြောင်း အရင်း တစ်ခု ဖြစ် ပါတယ်။ 

 ဒါကြောင့် တစ်ပတ် တစ်ပတ် ရှာဖွေ ထားတာတွေ ကို ပြန်ရောင်းရင် အနည်း ဆုံး ဒေါ်လာ ၈၂၀ လောက်တော့ ဝင်ငွေ ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယူးယောက်မြို့ က စိန်ရှာတဲ့ အလုပ်ဟာ လည်း ဝင်ငွေ မဆိုး တဲ့ အလုပ်မို့ စိတ်ဝင်စား သူ များပြားကြောင်း သိရပါတယ်။ -- 

အောင်ခမ်း (ရိုးရာလေး)

ရိုးရာလေး

No comments:

Post a Comment