*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 June 2014

ဆေးသိပ္ပံ ပညာမှတွေ့ရှိသော ဆင်တုံးမနွယ်




http://api.ning.com/files/80CPV5YULh18XVR13FJfiqDdrEPoaCwhvIiEKGccirfGDnOdSUoOBx3cKrxnNKttPEyat6nmi1EYlqtmMOGZE0q6-iaFp7pi/Giloy02.JPG


၁၉၇၀ ပြည့်နှစ် အစောပိုင်း ကာလတွေက စပြီး အနောက်တိုင်းဆေးပညာ နယ်ပယ်မှာ စတီးရွိုက် မပါတဲ့ အကိုက် အခဲပျောက်ဆေးတွေ အသုံးများ တွင်ကျယ် လာတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ် ကိုပါ ဥပဒ်ပေး လာတယ် ဆိုတာကိုပါ ဆေးပညာ ရှင်တွေ သတိပြုလာမိခဲ့ကြတယ်။

တစ်ချိန်တည်း မှာပဲ ရိုးရာဆေးပညာ မှာ ရှိတဲ့ အကိုက်အခဲ နဲ့အရောင် ကျစေတဲ့ ဆေးပင်တွေ ကိုလည်း သိပ္ပံပညာရှင်တွေ က စိတ်ဝင်စား လာခဲ့ကြတယ်၊ ဒီလို နဲ့ သူတို့ဟာ ဆေးဘက်ဝင် တဲ့အပင်တွေ ကို ရှာဖွေရင်း နဲ့ ဆင်တုံးမနွယ် အပင် ကို ရှာဖွေတွေ့ရှိ ခဲ့ကြတယ်။ 

လက်တင် ဘာသာ စကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ 


အိန္ဒိယနိုင်ငံ ကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ် လို ကတော့ heartleaf moonseed လို့ခေါ်တယ်။
နိုင်ငံတကာ မှ ဆေးသိပ္ပံ ပညာရှင်တွေ ဟာ ဆင်တုံးမနွယ် မှာ ပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေ က ရောင်ရမ်း တာကိုဖြစ်ပေါ်စေတဲ့ Enyzme တွေကို ဟန့်တားနိုင်စွမ်း ရှိတာကို သိခဲ့ကြတယ်။ 

အဆစ် အမျက်ရောင် ရောဂါ အမျိုးမျိုးကို သက်သာစေတယ်၊ အထူး သဖြင့် rheumatoid arthritis ရော ဂါတွေ မှာဖြစ်ပေါ်လေ့ရှိတဲ့ morning stiffness ကိုလျော့ ကျစေတယ်၊ ဒါတင် မကပါဘူး။ အာသီး ရောင် တာ၊ အစာအိမ်ရောင် တာ၊ အသည်းရောင် တာ၊ ဆီးအိမ်ရောင် တာတို့ ကို လျော့နည်း သက်သာစေ နိုင် တာ ကို လေ့လာ မိခဲ့ကြတယ်။

ဆင်တုံးမနွယ် မှာ ပါဝင်တဲ့ antioxidant တွေက အခြားအရေး ပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ ကိုများပြားအောင် အကူ အညီပေးတယ်၊ အသက်ကြီးတဲ့ သူတွေ Antioxidant ကို သုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့် လည်း အသက်ကြီးရင် ဆင်စီးပါ လို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါ ဆိုတာက အသက်ကြီး လာရင် ဆင်တုံးမနွယ် ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။

ဆေးပညာ လက်တွေ့ နယ်ပယ် မှာတော့ ဆင်တုံးမနွယ် ရဲ့ ပင်စည် ဟာ အသည်းရောင် အသားဝါရောဂါ အတွက် အလွန် အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်း ကို လျော့ကျစေ သလို အသား ဝါတာကို လည်းမြန်မြန် သက်သာစေတာတွေ့ရတယ်။ 

ဆင်တုံးမနွယ် ဟာ ခုခံအား စနစ်ရဲ့ အဓိကဖြစ်တဲ့ သွေးဖြူဥတွေ ပုံမှန် ထုတ်လုပ်ခြင်း ကို အားပေးတာ ကို တွေ့ရတယ်။ ရိုးရာဆေးပညာရှင်တွေ နဲ့ (Indian ayuedic medicine) ဆေးပညာရှင်တွေ က ဆင်းတုံးမနွယ် ကို ဆီးချိုရောဂါ မှာ ကျယ်ကျယ် ပြန့်ပြန့်သုံးတာ တွေ့ရတယ်။ 

ဆီးချိုရောဂါ သိပ် မရင့်သေးတဲ့ သူတွေနဲ့ အစောပိုင်း ကာလ ဆီးချိုဝေဒနာ ရှင်တွေ အတွက် အသုံးပြုနိုင် ပါတယ်။ သွေးတွင်း သကြားဓာတ်  ထိန်းနိုင်တဲ့ သတ္တိ ရှိလို့ ဆီးချိုဝေဒနာ ရှင်တွေ အတွက် သတင်းကောင်း တစ်ခုပါ။

ဆင်တုံးမနွယ် ပင်စည် ၁ ဒသမ ၅ ဂရမ် ကို လူကြီး တစ်ယောက် အတွက် တစ်နေ့ကို သုံးကြိမ် ကနေ လေးကြိမ် အထိ သောက်နိုင်တယ်၊ ဒါပေမယ့် အရက်နဲ့တော့ တွဲ မသောက်ရ ပါကြောင်း တင်ပြ အပ်ပါ တယ်။


မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment