*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 June 2014

လူ့ငရဲ အရပ် နဲ့ လူ့နိဗ္ဗာန် အရပ် ဆိုတာ



ဖတ်ဖူး သည့် ပုံပြင် တစ်ခု ကို မျှဝေ လိုပါသည်။ လူတစ်ယောက် ခရီး သွားနေတုန်း ရွာ နှစ်ရွာ ကို ဖြတ် ရတယ်။ တစ်ရွာ ကို ငရဲ ရွာလို့ အမည်ပေးပြီး နောက်တစ်ရွာ ကို သုခ ရွာလို့ အမည်ပေးထား ပါတယ်။

 

ပထမဆုံး ငရဲ ရွာကို ရောက်တော့ လက်တွေ ၁၀ ပေ မက ရှည်လျားတဲ့ လူတွေနဲ့ တွေ့ရပါတယ်။ အင်မတန် ရှည်လျား တဲ့ လက်တွေ့ကြောင့် အစား အသောက် စားလို့ မရအောင် ခက်ခဲကြ ပါတယ်။ အစား စားဖို့အတွက် နည်းလမ်း အမျိုးမျိုး နဲ့ ကြိုးစားကြပြီး တစ်ယောက် ကို တစ်ယောက် လုယက် နေကြ သတဲ့။



နောက်ထပ် တစ်ရွာ ဖြစ်တဲ့ သုခ ရွာကို ရောက်ရှိ ပါတယ်။ သူတို့တွေ လည်း ၁၀ ပေ မက ရှည်လျားတဲ့ လက်တွေ ပိုင်ဆိုင် တဲ့ သူတွေ ပါပဲ။ သို့ပေမယ့် ထူးခြား တာက သူတို့ ဟာ အဖွဲ့လိုက် အတူတူ ဝိုင်းထိုင်ပြီး တစ်ယောက် ကို တစ်ယောက် အစား ခွံ့ကျွေးကြပါတယ်တဲ့။ 

လုယက်စားသုံး မှု မရှိပဲ ကိုယ်တိုင် မစားရသည့် တိုင် အခြားသူ တစ်ပါး စားရစေ ဆိုတဲ့ စေတနာနဲ့ တစ်ယောက် ကို တစ်ယောက် ကူညီဖေး မနေတာကို တွေ့ရပါတယ်။ အဲ့ဒီ ရွာကို ဒါကြောင့် မို့ သုခ ရွာ လို့ ခေါ်သတဲ့။

လူ့ ငရဲ အရပ်၊ လူ့ နိဗ္ဗာန် အရပ် ဆိုတာ ယင်း လူသားများ ကသာ ဖန်တီးခြင်း ဖြစ်ပါတယ်။ အတ္တကိုယ်စီ နဲ့ တစ်ကိုယ်ကောင်းဆန်သူများ အတွက် ငရဲသာ နေ့တိုင်း ကြုံတွေ့ရမည် ဖြစ်ပြီး တစ်ဦး ကို တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အစ ရှိသည့် ဗြမ္မစိုရ် တရား များနဲ့ နေ့ထိုင်သည့် အရပ်က စင်စစ် လူ့နိဗ္ဗာန် အရပ် ဖြစ်ပါသည်။


အောင်ခမ်း (ရိုးရာလေး) 

No comments:

Post a Comment