*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 3 June 2014

ဇွန်လ အတွက် (၇) ရက် သားသမီး ဟောစာတမ်း


ဇွန်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း 








တနင်္ဂနွေသားသမီး ။ ။ 
 လုပ်ငန်းတူ လုပ်သူ (သို့ ) စပ်တူ လုပ်သူကြောင့် လုပ်ငန်းများ အဆင် မပြေ ဖြစ် တတ်သည် ။ မင်းမှုထမ်း အလုပ် ငွေကြေး ကျောက် ကား လုပ်ငန်းများ ဆုံးရှုံးမှု များကြုံတွေ့ ရတတ်ပါ သည် ။ 

အမွေကိစ္စ မြေကိစ္စ စကားများရမည် ။ ငယ်ရွယ်သူ များ အချစ်ရေးကံ ကောင်းသော်လည်း လက်ထပ်ခွင့် မရနိုင် သေးပါ ။ မိမိနှင့်အတူတူအလုပ်လုပ်သူ၏ မနာလို ဂုံးချော စကားကြောင့် အထက်လူကြီး အထင် လွဲမည် ။ ဖခင်ကျမ္မာ ရေးဂရုစိုက်ပေးရန် လိုပါသည် ။ ၀မ်းဗိုက်နှင့်ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားရ တတ်သည် ။
ယတြာ ။ ။ မွေးနံဘုရား၊ ထောင့်တွင် အုန်း(၆)ညွန့် ထီးအနီ တစ်လက်လှုပေးပါ ။


တနင်္လာသားသမီး ။ ။ 
 လုပ်ငန်း အသစ်များ လုပ်ကိုင်နိုင် ပါသည် ။ မိတ်ဆွေ များနှင့် စပ်တူ လုပ်ကိုင် သဖြင့်အောင်မြင်မှု များ ရရှိမည် ။ ငွေကြေး ကူညီမည့် မိတ်ဆွေကောင်း များနှင့် ဆုံတွေ့ မည် ။ ငယ်ရွယ် သူများ ခရီးသွားရင်း ချစ်သူ အသစ် ရရှိလိမ့်မည် ။ 

မမျှော်လင့်ပဲ ငွေဝင် လာပါက ၂ ၃ ၆ ဂဏန်းများ နှင့် ထီ ကံစမ်းပါ စက် ပစ္စည်း အသစ် ၀င်လာ လိမ့်မည် ဦးခေါင်း တွင် ထိခိုက် ဒဏ်ရာ ရတတ်ပါသည် ။ ငယ်သူငယ်ချင်း ဟောင်းနှင့်ပြန်လည် ဆုံတွေ့  မည် ။ မိခင် ဘက်မှ ဆွေမျိုး များကြောင့် စိတ်ညစ် စရာ ပေါ်တတ် ပါသည် ။
ယတြာ ။ ။ မိဘအရွယ် သက်ကြီး အဖိုးအဖွားများကို ငွေကြေးလှုပေးပါ ။

အင်္ဂါသားသမီး ။ ။ 
ဆန် စက် ဆေး လုပ်ငန်းများ အထူး အဆင်ပြေ ပါမည် ။ စပ်တူ လုပ်ကိုင်နိုင် ပါသည် ။ စိတ်ရင်း ကောင်းသော မိတ်ဆွေ သူငယ်ချင်း ကြောင့် စိတ်ချမ်း သာမှု ရရှိမည် ။ မမျှော်လင့်ပဲ အလှု အသေး စား လုပ်ခွင့်ရပါမည် ။ ပညာအသစ်များ သင်ယူခွင့်ရလိမ့်မည် ။ 

အဘိုး (သို့ ) အဖွားထံမှ လက်ဆောင် ပစ္စည်း ရရှိ လိမ့်မည် ။ မိမိ သူငယ်ချင်း စနေသား သမီးကြောင့် စိတ်ညစ် ရတတ်သည် ။ ငယ်ရွယ် သူများ မိမိကို အလို လိုက်သော ချစ်သူ မျိုးနှင့် ဖူးစာ ဆုံတွေ့ လိမ့်မည် ။ ဒူးတွင် ထိခိုက်ဒဏ်ရာ ရ တတ်ပါသည် ။
ယတြာ ။ ။ ဆန် ( ၃ ) လုံးကိုဆွမ်းချက်လောင်းပါ ။

ဗုဒ္မဟူးသားသမီး ။ ။ 
ညီအကို မောင်နှမ များကြောင့် စိတ်သော ကရောက်မည် ။ ရွှေထွက်ခြင်း ရွှေပေါင်ခြင်း ရွှေ ကျပျောက်ခြင်း များဖြစ်တတ် သည် ။ လှုပ်ရှားသော အလုပ်များ ခရီးသွား လုပ်ငန်း များ စိတ်ပင်ပန်းပြီး အကျိုး အမြတ်နဲမည် ။ 

 မိမိအပေါ် မကောင်းမြင် စိတ်ရှိ သူနှင့် အလုပ် အတူတူ တွဲလုပ်ရလိမ့်မည် ။ ငွေကြေး ပြသ နာရှိသော် လည်း သူငယ်ချင်းဟောင်း မှ ကူညီခြင်းဖြင့် စိတ်ချမ်း သာမှုရရှိမည် ။ မိခင် ဖက်မှ အမွေအနှစ်များ လက်ဆောင် များ ရလိမ့်မည် ။ ငယ်ရွယ်သူများ စိတ်ကောက် တတ်သောချစ်သူ နှင့် ဖူးစာဆုံမည် ။ သင်ချော့နိုင်လျှင် အိုကေပါသည် ။
ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင် အစိမ်းရောင် စက္ကူထီး (၄)လက်ကို အမြင့်တွင် လှုပေးပါ ။

ကြာသပတေးသားသမီး ။ ။ 
မိန်းမပြသနာ အမွေပြသနာ များကြုံတွေ့ ရမည် ။ ပညာရေးနှင့် ပတ်သက်သော လုပ်ငန်း များအခက် အခဲတွေ့ မည် ။ ခရီးသွား လုပ်ငန်း ရွှေလုပ်ငန်း ဟိုတယ်လုပ်ငန်း လုပ်သူများ စိတ်အနှောက်အယှက်ကြုံတွေ့ မည် ။ ငွေကြွေးတင်လိမ့်မည် ။ သောကြာ သမီးနှင့်သတိ ထားပေါင်းပါ ။ 

မိမိကို ဒုက္ခပေးလိမ့်မည်။ ယခုလ အတွင်း ခရီးသွားခြင်း ကိုရှောင်ပါ ။ မဖြစ်မနေ သွားရမည်ဆို လျှင် ပန်းသီး (၂)လုံးကို ခွဲစိပ်ကာ ကလေးများ အားဝေပေးပြီးမှ သွားပါ ငယ်ရွယ် သူများ ချစ်သူနှင့် အဆင် မပြေသော ကာလဖြစ်သည် ။ ညာဖက်လက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ မွေးနံဘုရား။ထောင့်တွင် မေမြို့ ပန်း (၁၉)ပွင့်လှုပေးပါ ။

သောကြာသားသမီး ။ ။ 
ခရီးသွားလျှင်ငွေ ၀င်မည် ။ လှုပ်ရှားသွားလာ ရသော အလုပ် များနှင့် အကျိုးပေးမည် ။ အင်္ဂါ ဗုဒ္မဟူး သားသမီးများနှင့် အလုပ် တွဲလုပ် ပါက စိတ်ချမ်း သာပြီး အကျိုးရှိမည် ။ ငွေချေး သူများကို ယခုလ အတွင်းရှောင်ပါ ။ဆုံးတတ်ပါသည် ။

ဂတိ မတည်သူ တစ် ဦးကြောင့် ပြသနာဖြေရှင်း ရတတ်ပါသည် ။ မျှော်လင့် ထားသော သတင်းကောင်း ကြားရ လိမ့်မည် ။ ပျော်ရွှင် စရာ ခရီး တစ်ခုသွားရ တတ်သည် ။ ငယ်ရွယ် သူများ ချစ်သူ အသစ်နှင့် ဖူးစာ ဆုံမည် ။ မျက်စိနှင့် ပတ်သက်သောရောဂါ ခံစားရတတ်သည် ။
ယတြာ ။ ။ သီလရှင် (၆) ပါးအား ဆွမ်းဆန်လှုပါ ။ 

စနေသားသမီး ။ ။ 
မင်းမှုထမ်း များ အထက် လူကြီးနှင့် အဆင် မပြေဖြစ်မည် ။ အပြစ်တင် ခံ ရခြင်း ရာထူး ချထား ခံရခြင်းများ ကြုံတွေ့ နိုင်သည် ။ စိတ်ဓါတ် ကျ စရာများ ဖြစ်ပေါ်နိုင်ပြီး စကားပြော မှားခြင်းကြောင့် မိမိ အခင်ရဆုံး သူငယ်ချင်းနှင့် စိတ်ဝမ်း ကွဲ လိမ့်မည် ။

 ငွေရလွယ် သော်လည်း ၀င်ငွေထွက်ငွေ မမျှပဲဖြစ်နေမည် ။ ငယ်ရွယ်သူများ အချစ်ရေးကံ ကောင်းနေ ပါသည် ။ ချစ်သူကို အမှတ်တရ လက် ဆောင်တခု ၀ယ်ပေးခြင်းဖြင့် စိတ်ချမ်း သာမှုရယူပါ ။ ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာ ခံစား ရတတ်သည် ။ 
ယတြာ ။ ။ အိမ်က ဘုရားတွင်မွေးနေ့ မနက်ပိုင်း နာနတ်သီး ( ရ) စိပ်လှုပေးပါ ။ 

ကိုမောင်မောင်(ဆန်းသုတေသီ)
From... ရိုးရာလေး 

No comments:

Post a Comment