*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 30 June 2014

အပေါင်ပစ္စည်း မရှိဘဲ ဘဏ်ချေးငွေ ရယူလိုသူများ အတွက် အကြွေး အာမခံ စတင်ရောင်းချ




ရန်ကုန်၊ ဇွန် ၂၈
အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရေး တွင် အထောက် အကူ ဖြစ်စေရန် အပေါင် ပစ္စည်း မရှိဘဲ ဘဏ်ချေးငွေ ရယူ လိုသော လုပ်ငန်းရှင် များကို မြန်မာ့ အာမခံလုပ်ငန်း က ကြားဝင် တာဝန် ယူမည့် အကြွေး အာမခံစနစ် (Credit Guarantee Insurance) ကို ဇွန်လ ၃၀ ရက်နေ့ တွင် စတင်ရောင်း ချမည် ဖြစ်ကြောင်း ဘဏ္ဏာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြော ကြား သည်။

ယင်း ကဲ့သို့ ရောင်းချ ရာတွင် အပေါင် ပစ္စည်း ရှိ သူနှင့် မရှိ သူ နှစ်မျိုး စလုံးကို ရောင်းချ သွားမည် ဖြစ်ပြီး အပေါင် ပစ္စည်း ရှိသူများ အတွက် ပရီမီယံနှုန်း မှာ ပထမ တစ်နှစ်စာ အတွက် နှစ်ရာခိုင်နှုန်း ဒုတိယနှစ် အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တတိယနှစ်နှင့် အထက် အတွက် အတိုးနှုန်း တစ်ရာ ခိုင်နှုန်း ကျသင့် မည် ဖြစ်ပြီး၊ 



အပေါင်ပစ္စည်း မရှိ သူများအတွက် ပထမ တစ်နှစ်စာ အတွက် ပရီမီယံကြေး သုံးရာခိုင်နှုန်း၊ ဒုတိယနှစ် အတွက် နှစ်ရာခိုင်နှုန်း၊ တတိယနှစ်နှင့် အထက် အတွက် တစ်ရာခိုင်နှုန်း ပေးဝယ် ရမည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့ က မြန်မာ့ အာမခံ ရုံးချုပ် တွင် ပြုလုပ်သည့် အကြွေး အာမခံ စတင်ရောင်းချခြင်း သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့သည်။

“အသေးစား အလတ်စား လုပ်ငန်းရှင်တွေ လတ်တလော ရင်ဆိုင်နေရတာ ဘဏ်တွေ က အပေါင်ပစ္စည်း မရှိရင် ငွေ မချေးဘူး။ ငွေ မရတော့ လုပ်ငန်း မတိုး ချဲ့နိုင်ဘူး။ အပေါင် ပစ္စည်း မရှိဘဲ တကယ် လိုအပ်နေ တဲ့ လုပ်ငန်းရှင်တွေ ကို ဘဏ်က ငွေထုတ်ချေးချင်တဲ့ အခါ ဘဏ်က အကြွေး အာမခံ စနစ်ကို ဝယ်ခိုင်း မယ်။ အကြွေး အာမခံ လာဝယ် သူရဲ့ လုပ်ငန်း ကိုလည်း ကျွန်တော် တို့ ကွင်းဆင်း စစ်ဆေးမယ်။ 

သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီရင် အကြွေး အာမခံ ရောင်းပေးမယ်” ဟု ၎င်းက ပြောကြားသည်။
ငွေကြေး ရလို၍ ယင်း အာမခံကို မရိုးသားစွာ လိမ်ညာ ဝယ်ယူခြင်းမှ တစ်ပါး အခြားသော အကြောင်း များကြောင့် ချေးငွေ ကို ပြန် မဆပ်နိုင် ပါက မြန်မာ့ အာမခံလုပ်ငန်း က ချေးငွေ ၏ ၆၀ ရာခိုင်နှုန်းကို ဘဏ်များ သို့ ပြန်လည် ပေးလျော် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ CGI စနစ် ပေါ်ပေါက် လာခြင်းက ဘဏ်များ အတွက် လုပ်ငန်း တွင်ကျယ် မှု ရှိကြောင်း အသေးစား အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှ အကြီးတန်း အကြံပေး ဦးစံသိန်း က ပြောကြားသည်။
 

“ဘဏ်တွေ က အလွန်ဆုံး အပေါင် ပစ္စည်း တန်ဖိုး ရဲ့ ၅၀ ရာခိုင်နှုန်း ကိုဘဲ လုပ်ငန်းရှင်တွေ ကို ချေးတာ။ ဥပမာ လုပ်ငန်းရှင် က အပေါင် ပစ္စည်း တန်ဖိုး ရဲ့ ၈၀ ရာခိုင်နှုန်း လိုချင်တယ် ဆိုရင် ကျန်တဲ့ ၃၀ ရာခိုင်နှုန်း အတွက် အကြွေး အာမခံ ဝယ်ခိုင်း လိုက်ရင် ဘဏ် ဘက်ကလဲ ဆုံးရှုံးနိုင်ချေ နည်းတဲ့ အတွက် ထုတ်ချေးကြ မှာ ဆိုတော့ အလုပ် ပိုဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဘဏ် များနှင့် အပေါင် ပစ္စည်း မရှိ ၍ ငွေချေး ချင်သူများ အကြား ကြားဝင် အာမခံ ပေးမှုမှာ အလွန်ကောင်းမွန်ကြောင်း အလှမွေး ငါးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဖက်တီး က ပြောကြားသည်။
“အလှမွေး ငါး ဆိုပေမယ့် ကျွန်တော် တို့က မြေကန် ထဲမှာ အကောင်ရေ သောင်းချီမွေးတာ။

 ပိုင်ဆိုင်မှု အနေ နဲ့ ပဲခူး မှာ သိန်း ၅၀၀ လောက် တန်တဲ့ မြေစလစ်တွေ ရှိတယ်။ ဂရမ် မရှိဘဲ စလစ်နဲ့ ဘယ်ဘဏ် မှ ငွေ မချေးဘူး။ ခုလို အပေါင် ပစ္စည်း မလို ဘဲ ချေးလို့ ရတယ် ဆိုတော့ လုပ်ငန်း တိုးချဲ့ နိုင်တာပေါ့” ဟု ၎င်းက ပြောကြားသည်။

အကြွေး အာမခံ စနစ် ကို ရန်ကုန်မြို့ တွင် ကနဦး စတင်ရောင်းချခြင်း (Pilot Project) ဖြစ်ပြီး မြန်မာ့ အာမခံ ရုံးချုပ် တွင် ဝယ်ယူနိုင်ကြောင်း၊ အောင်မြင် မှု ရရှိ ပါက အခြားမြို့များ တွင် ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်း မှ ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြော ကြား သည်။


the voice
From...Latest Myanmar News 

No comments:

Post a Comment