*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 18 June 2014

ကွာလာလမ်ပူ တွင် ၂၄ နာရီ အတွင်း အလုပ်ရှင် လာမခေါ်ရင် ပြန်ပို့ခံရမည်



index

မလေးရှားနိုင်ငံ အပြည်ပြည် ဆိုင်ရာ လေဆိပ် ကို ရောက်လာ တဲ့ မြန်မာ အပါအ၀င် နိုင်ငံတကာ အလုပ် သမားသစ်တွေကို သက်ဆိုင်ရာ အလုပ်ရှင်က ၂၄ နာရီအတွင်း လာရောက် ခေါ်ယူ ရမှာ ဖြစ်ပြီး လာမခေါ် တဲ့ သူတွေကို တင်ဆောင် ခဲ့တဲ့ လေကြောင်းလိုင်း နဲ့ သက်ဆိုင်ရာ နိုင်ငံ ပြန်ပို့မယ်လို့ မလေးရှား အာဏာ ပိုင်တွေက အမိန့် ထုတ်ပြန်ထားပါတယ်။



ဒီအချက် မှန်ကန်ကြောင်း နဲ့ လေကြောင်း လိုင်းတွေ ဟာလည်း အလုပ် သမားတွေ အတွက် အသွား အပြန် လေယာဉ် လက်မှတ် ၀ယ်ယူထားသူတွေကို မှ တင်ဆောင်ကြောင်း နယူး စတား မလေးရှား အလုပ်အ ကိုင်အေဂျင်စီ ရုံးရဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောဆိုပါတယ်။

မလေးရှား အာဏာပိုင်တွေ ဟာ အလုပ်သမားတွေ၊ စာရွက်စာတမ်း အတု ကိုင်ဆောင်မှုတွေ ကိုလည်း ထိထိရောက်ရောက် အရေးယူ သွားမှာ ဖြစ်တဲ့ အတွက် ကိုယ်ပို့ဆောင် တဲ့ အလုပ်သမားတွေ ကိုလည်း ကိုယ်တိုင် အပြည့် အ၀ တာဝန် ယူဖို့ အလုပ်သမား ၀န်ကြီးဌာန က ညွှန်ကြားထားကြောင်း သူက ရှင်းပြ ပါတယ်။


Credit : DVB
From...Myanamar Latest News

No comments:

Post a Comment