*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 June 2014

အားကစား သမားကြီးများ က သက်လုံကောင်းစေရန် မိခင် နို့ ကို ၀ယ်ယူသောက်သုံး




သို့သော် သောက်သုံး သူ အားကစားသမားများ က ၎င်းတို့သောက်သုံး သည့် အားဖြည့်ရည် ကို ယခုတိုင် လူရှေ့သူရှေ့တွင် ထုတ်ဖော် မပြောကြပေ။ 


ထိုအားဖြည့် အရည်သည် တရားမ၀င် ဖြစ်နေသောကြောင့် ၎င်းတို့က လျှို့ဝှက် ထားခြင်း မဟုတ်ပေ။ ထိုအရည် သည် မိခင်နို့ဖြစ်နေသောကြောင့်သာ ၎င်းတို့က ထုတ် မပြောကြခြင်း ဖြစ်သည်။

မိခင်နို့ရည် သည် အကောင်းဆုံး အာဟာရ ဟု အများက လက်ခံကြမည် ဟု ယူဆ ရသည်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ မှ အားကစား သမား တစ်ဦး ဖြစ်သူ အန်တိုနီ က မိတ်ဆွေ တစ်ဦး ၏ အကြံပေးချက်ကြောင့် မိခင်နို့ ကို စတင်သောက်သုံးခဲ့သည်ဟု ပြောပြခဲ့သည်။ 



အားကစား ခန်းမ များတွင် သွားကစား ရာ ထိုမှ မိတ်ဆွေ များနှင့် စကားစမြည် ပြောရင်း ၎င်းတို့လည်း သက်လုံကောင်းစေရန် မိခင်နို့ ကို သောက်သုံး လာကြသည်ဟု အန်တိုနီ က ဆိုသည်။
အန်တိုနီ သည် မိခင်နို့ရည် ကို အွန်လိုင်း မှ ၀ယ်ယူခြင်း ဖြစ်သည်။ 

မိခင်နို့ရည် သည် သဘာဝ ပစ္စည်း ဖြစ်သည့် အပြင် အင်အားလည်း ဖြစ်စေသည် ဟု ၎င်းက ဆိုသည်။ မိခင်နို့်ဖြင့် လုပ်သည့် ရေခဲမုန့်၊ ဒိန်ခဲ၊ ဆပ်ပြာ ဟူ၍လည်း ရှိကြောင်း သိရသည်။


From...World Myanmar News






No comments:

Post a Comment