*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 June 2014

မိုဘိုင်း Call Recording Tools အချို့ တွင် အားနည်းချက်များ ရှိနေ



မိုဘိုင်း Call Recording Tools အချို့တွင် အားနည်းချက်များရှိနေ  
 
     လုံခြုံရေး ဆိုင်ရာ သုတေသီ များရဲ့ ထုတ်ပြန်ကြေငြာချက် အရ Call Recording ပြုလုပ်နိုင် သည့် မိုဘိုင်း Application အချို့ တွင် အားနည်းချက် များရှိနေပြီး ဟက်ကာ များမှ ၎င်းအားနည်းချက် များအပေါ် အခြေ ခံကာ အသံ သွင်းယူ ထားသည့် Data များကို ခိုးယူ သွားနိုင်ကြောင်း ပြောကြား သွားပါတယ်။ 

Call Recording Application ထုတ်လုပ် သည့် ကုမ္ပဏီများ အနေဖြင့် ၎င်း Application များ အတွင်းရှိ အားနည်းချက် များကို ပြန်လည်ပြင်ဆင်ပေး ရန် လိုအပ်ကြောင်း အကြံပြု တင်ပြ ထားပါတယ်။ 

မိုဘိုင်း ဖုန်းများ အတွင်း ဖုန်းပြော ဆိုမှုများ ကို အသံဖမ်း ယူထားနိုင် သည့် Nice Recording eXpress Application တွင်လည်း အားနည်း ချက် 5 ခု ပါဝင်ပြီး အစိုးရ ဌာနများမှ တာဝန်ရှိ သူများ အသုံးပြုရန် မသင့်တော်ကြောင်း၊ ဒီ Application အသုံးပြု မှုကို ရပ်နား သင့်ပြီ ဖြစ်ကြောင်း၊ သတင်းဌာန များမှတဆင့် အသိပေး ထုတ်ပြန် ခဲ့ပါတယ်။



 


     Nice Recording eXpress Application အနေဖြင့် ဒီလိုမျိုး အားနည်းချက် များကို ပြန်လည်ပြုပြင်ပေး ရန်လို အပ်ပြီး Call Center များ အနေဖြင့် အသုံးပြု ရန် မသင့်ကြောင်း၊ နောက်ဆုံး Version ဖြစ်သည့် Version 6.5 အတွက် လည်း အားနည်းချက် များ ရှိသေးကြောင်းသိရပါတယ်။ 

အထူး သတိထား ရမှာကတော့ ဒီ အားနည်းချက် များကြောင့် ဟက်ကာ များဟာ ဖုန်း အတွင်းရှိ User Account များ၊ Content များ အပြင် ဖုန်းခေါ်ဆိုမှု များကိုပါ ရယူ သွားနိုင်ပြီး ဒါဟာ SQL ရှိ အားနည်း ချက် များမှ တဆင့် ဖုန်း အတွင်း ၀င်ရောက် ကာ Hacking ပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား သွား ပါတယ်။


Written by S.N.O Published in

No comments:

Post a Comment