*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 17 June 2014

ခွေးကိုက် ဒဏ်ရာနှင့် ကလေးငယ် ကို KFC ကြက်ကြော်ဆိုင် မှ မောင်းထုတ်

http://www.myanmarlatestnews.com/wp-content/uploads/2014/06/10489987_898540986828364_741626989138699469_n.jpg

ခွေးဘီလူး ကိုက်ခံရ ၍ မျက်နှာဒဏ်ရာနှင့် မျက်စိကာ တစ်ဖက်တပ် ထားသော ၃ နှစ် သမီးတစ်ဦးကို အခြား စားသုံးသူများ အနှောက် အယှက်ဖြစ်နေ၍ KFC ကြက်ကြော်ဆိုင် မှ ထွက်ခွာပေးရန်ပြော ဆိုခဲ့ သည် ဆိုသောကြောင့် လူမှုကွန်ယက် မီဒီယာတွင် KFC ကိုဒေါသ တကြီးဖြင့် ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့ ကြသည်။
 

လူမှုကွန်ယက် မီဒီယာ အသုံးပြုသူများ မှ KFC ဆိုင်ကို သပိတ်မှောက် ဆန့်ကျင် ရန် ပြောဆို လှုံ့ဆော်ကြ ပြီး သည့်အခါ KFC က မဆိုင်း မတွတောင်းပန် ခဲ့သည်။



ယင်း ကလေးငယ် ၏ ဆေးကုသ စရိတ်အတွက် ဒေါ်လာ ၃ သောင်း လှူဒါန်း ပါမည်ဟု လည်း KFC က ပြော ဆိုခဲ့သည်။ လွန်ခဲ့သော လ အနည်းအငယ် က ခွေးဘီလူး ကိုက်ခံရသည့် ဗစ်တိုးရီးယား ဝီချာ သည် ပုံမှန်ဆေးကုသ ခံနေရကာ အဖွားဖြစ်သူ ကယ်လီမူလန် က မြေးဖြစ်သူ ကို မစ္စစပီပြည်နယ် ဂျက်တန်မြို့ ရှိ KFC ကြက်ကြော် ဆိုင် သို့ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

 

လက်ဖက်ရည် အချို တစ်ခွက်နှင့် အာလူးနှပ် စွပ်ပြုပ် မှာယူပြီးသည့် အခါ သူရဲ့ မျက်နှာဟာ အခြားစားသုံး သူတွေ ကို အနှောက် အယှက်ဖြစ် လို့ ဆိုင်ထဲက ထွက်ခွာပေးပါ ဟု KFC ပြောဆိုခဲ့သည့် အကြောင်း အဖွားဖြစ် သူက မီဒီယာ သို့ပြောသည်။ မျက်နှာ ခွဲစိတ်မှုကြိမ်ဖန် များစွာ ခံယူနေရ သည့် ဗစ်တိုးရီးယား သည် အိမ် အပြန်လမ်းတစ်လျှောက် လုံး ငိုယို ခဲ့ကာ မှန်ကိုပင် မကြည့်တော့ကြောင်း မိသားစုဝင် များ က ပြောသည်။
 

” ဒီ မျက်နှာက သင်တို့ကို ကြောက်ရွံ့ စရာဖြစ်နေလား ” ဆိုသည့် မေးခွန်းနှင့် အဆိုပါဖြစ်စဉ်ကို ဗစ်တိုးရီးယား မိသားစု Facebook မှ တင်ပြခဲ့ပြီးနောက် လူမှုကွန်ယက် မိဒီယာ အသုံးပြုသူများ အကြား KFC အပေါ်မကျေနပ်မှု များ ကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည်။ တနင်္လာမနက် ထိ ၎င်း ဖေ့ဘုစ်ခ် စာမျက်နှာတွင် ” Like ” ပေါင်း ၄၉၀၀၀ နီးပါး ရရှိခဲ့သည်။
 


LYT Popular Journal  


No comments:

Post a Comment