*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 June 2014

စမတ်ဖုန်း၊ laptop နှင့် Tablet မှ အလင်းရောင် တစ်မျိုးကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်



စမတ်ဖုန်း၊ laptop နှင့် Tablet မှ အလင်းရောင် တစ်မျိုးကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်

စမတ်ဖုန်း များ၊ Tablet နှင့် laptop ကွန်ပျူတာ များ မှ ထွက်ရှိ သည့် အလင်း ရောင် တစ်မျိုးသည် လူ အများ ကိုယ်အလေးချိန် တိုးပွားမှုနှင့် သွယ်ဝိုက် ဆက်နွယ်နေ ကြောင်း သိရှိရသည်။

သုတေသီ များက စမတ်ဖုန်း ကဲ့သို့ ကိရိယာများ မှ ထွက်ရှိ လာသည့် အပြာရောင် အလင်း များသည် နာရီပေါင်း အတော် များများ ဆက်တိုက် ထိတွေ့သည့် အခါ လူ တစ်ဦး ၏ ဆာလောင်စိတ် ကို လှုံ့ဆော်ပေး လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
 

လူတစ်ဦး သည် အစာရေစာ လုံလောက်စွာ စားသောက်ထားသည့် တိုင် ယင်းအပြာ ရောင် အလင်းနှင့် ရေ ရှည်ထိတွေ့ချိန် ၌ သာမန် ထက်မြန်ဆန် စွာပြန်လည် ဆာလောင် လာတတ်ကြောင်း သိရသည်။ 


ထို အခြေအနေက သာမန်ထက် အစာ ပိုစားပြီး ကိုယ် အလေးချိန် တိုးပွား လာစေရန် တွန်းအား တစ်ရပ် သဖွယ်ဖြစ် လာသည်။ အမေရိကန် မှ ပညာရှင် များသည် စမတ်ဖုန်း များမှထွက်ရှိ သည့် အလင်းရောင်က ဆာလောင် မှုကို လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိ ထားသည့် တိုင် အဘယ်ကြောင့် ယင်း ကဲ့သို့ ဆက်စပ် မှု မျိုး ဖြစ်ပေါ်နေသည် ဆိုခြင်းကိုမူ မဝေခွဲနိုင်သေးချေ။ 

အပြာရောင် အသားပေးထား သည့် အလင်းရောင် ထုတ်လွှင့်မှုနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှင့် မှုများ နှိုင်းယှဉ် စမ်းသပ်ချက် အရ လူတစ်ဦး၏ ဆာလောင် စိတ်မှာ အပြောင်း အလဲဖြစ်ပေါ် တတ်ကြောင်း ပညာရှင် များကတွေ့ရှိခဲ့သည်။ 

၁၅ မိနစ်မျှ ကြာအောင် အပြာရောင် အလင်းနှင့် ထိတွေ့နေပြီးနောက် ယင်း သက်ရောက်မှု စတင်ဖြစ်ပေါ် လာ ပြီး ၂ နာရီ မျှထိ ဆက်လက် တည်မြဲနေတတ်ကြောင်း သုတေသီ များက ယုံကြည်ထား သည်။
ချီကာဂို ရှိ အနောက်မြောက်ပိုင်း တက္ကသိုလ်မှ ဦးဆောင် သုတေသီ အိုင်ဗီချောင်က “အပြာရောင် အဓိက ပါဝင်တဲ့ အလင်းတွေ က ခန္ဓာဗေဒ စနစ်တွေမှာ ဆာလောင် မွတ်သိပ်မှု ကို လှုံ့ဆော်ပေးတာ အမှန်ပါပဲ။ 

ဒီတွေ့ရှိချက် က အရေးကြီးပါတယ်။ ဒါ ဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က အလင်းရောင် ရင်းမြစ်တွေနဲ့ ကိုယ်အလေးချိန် တိုးပွားမှု ဆက်နွယ်နေတာ ကို ခြေရာ ခံမိစေတဲ့ အခြေအနေ တစ်ရပ်ပါပဲ။ ဒီလို ဘာကြောင့်ဖြစ် ရတယ်ဆိုတာတော့ မသိနိုင်သေးဘူး။ 

ဒါပေမဲ့ အပြာရောင် အလင်း တွေ နဲ့ ရေရှည် ထိတွေ့နေရင် ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲ လာမယ်။ ပိုပြီး ဆာလာ မယ်၊ ပိုပြီး စားသောက်မယ်၊ အဲဒီတော့ ပိုပြီး ဝလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

သုတေသီ များသည် ယခု စစ်တမ်းအတွက် ကျန်းမာသန်စွမ်း သူ ၁၀ ဦးကို အသုံး ပြုစစ်ဆေး ခဲ့ခြင်းဖြစ် သည်။ ၄ ရက်ကြာ စမ်းသပ်မှုများ အတွင်း မှိန်ဖျော့ဖျော့ အလင်း ရောင်နှင့် ပုံမှန် ထိတွေ့သူများထက် အပြာရောင် အလင်းနှင့် ပိုမို ထိတွေ့ဖြစ်သူများ က ယခင်ထက် အစားအသောက်  ပိုများလာကာ ကိုယ်အလေးချိန် လည်း အတန်ငယ် တိုးလာကြောင်း သိရှိရသည်။


From...Planet

No comments:

Post a Comment