*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 28 July 2014

+959 ဖုန်းနံပါတ်များ သို့ ခေါ်ဆိုမှု တစ်မိနစ် တစ်ထောင်ကျပ်ဖြတ်နေခြင်း မဟုတ်ဟု ဆို

 
+959 နံပါတ်ဖြင့် ပေးပို့ ဆက်သွယ် ထားသည့် မက်ဆေ့ခ်ျ ပေးပို့ဆက်သွယ် မှု တစ်ခု ရန်ကုန် − မိုဘိုင်း ဖုန်းများ  သို့ ဖုန်း ခေါ်ဆိုမှု များတွင် +959 ဖြင့် ဝင်ရောက်နေ မှု များရှိပြီး ယင်း နံပါတ် အား ပြန် လည်ခေ
ဆို ပါက နိုင်ငံခြား သို့ ခေါ်ဆို ခနှုန်းထား ကဲ့သို့ တစ်မိနစ် လျှင် ကျပ် ၁,၀၀၀ ဝန်း ကျင်ကောက်ခံခြင်း မှာ မဟုတ်ကြောင်း သတင်း ရရှိသည်။


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ နိုင်ငံတကာ ကဲ့သို့ ဖုန်းခေါ်ဆိုသည့် စနစ်ဆောင် ရွက်ရန် စမ်းသပ်ရန် အတွက် ပြောင်းလဲ မှုများ ပြုလုပ်နေခြင်း များကြောင့် ဖုန်းခေါ်ဆို မှုများနှင့် SMS များ ဝင်ရာတွင် +959 နံပါတ် များဖြင့် ဝင်ရောက်မှုများ ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် မူ အွန်လိုင်းပေါ် တွင် ယင်းကိစ္စနှင့် ပတ်သက် ၍ ခေါ်ဆိုသူ အချို့က ငွေကျပ် တစ်ထောင်ဖြတ်တောက် ခံရသည်ဟု ရေးသားမှု များ ပျံ့နှံ့နေပြီး သတိပေးမှု များပြုလုပ်ကြသည်။
‘‘Internation ပုံစံ လုပ်မလို့ စမ်းသပ်နေတာ ပါ။ 

+959 နဲ့ ပြန်ခေါ်ခေါ် အရင် ဖုန်းနံပါတ် 09 ဆိုပြီး ပဲပြန်ခေါ်ခေါ် အရင်နှုန်း တစ်မိနစ် ၅၀ ပဲဖြစ်တာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်း အဝင်ခေါ်ဆိုမှု များနှင့် SMS အဝင် များတွင် +959 နံပါတ်ဖြင့် မိုဘိုင်းဖုန်း အားလုံးတွင် ဝင်ရောက်ခြင်း မဟုတ်ဘဲ ပြန်လည်ခေါ်ဆိုခြင်းနှင့် SMS ပြန်လည်ပေးပို့ခြင်း များကို ယခင် မြန်မာ့ ဆက်သွယ်ရေး ၏ နှုန်းထားဖြင့် သာ အသုံးပြုနိုင်ခြင်းဖြစ် ကြောင်းသိရသည်။

လက်ရှိ တွင် ဖုန်းနံပါတ် အချို့ အား 09 အစား +959 ဖြင့် စမ်းသပ်ခေါ် ဆိုကြည့်နိုင်ပြီး လက်ရှိခေါ် ဆိုထား သူ အချို့ ယင်း သို့ဖြတ်တောက်ခံရမှု မရှိကြောင်း စုံစမ်း သိရှိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ် ငန်းများမှ နိုင်ငံတကာ သို့ ယူဆောင် သွားသည့် မိုဘိုင်းဖုန်းများ တွင် SMS စနစ် အသုံးမပြုနိုင် သေးကြောင်း လက်ရှိ +959 များဖြင့် စမ်းသပ်နေခြင်း သာဖြစ်ပြီး လက်ရှိပြည်တွင်း   ရှိ ပြည်ပအော် ပရေတာများ မှလည်း စမ်းသပ်မှု များဆောင်ရွက်နေခြင်းကြောင့် SMS အများစု တွင် +959 ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

7day daily
From...Latest Myanmar News
 

No comments:

Post a Comment