*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 28 July 2014

သင် မည်သည့် ဘ၀ တွင် ရှိသနည်း

5298_676519709067773_1159911860593201925_n

ဘုရားသခင် က ပထမဆုံး အဖြစ် တိရစ္ဆာန် တစ်ကောင် အား ဖန်ဆင်းတော် မူသည်။ ထို့နောက် ထိုသတ္တ၀ါ အား “သင်ဟာ အခုချိန် မှ စ၍ မြက်ပင် တို့ကို စားသောက် ကာ သင် ဧ။်ကျောပေါ်တွင် ၀န်စည် စလယ်များ တင်ဆောင်ပြီး နေ၀င် မိုးချုပ် အလုပ်လုပ်စေ ခါ ထုံထိုင်းသော မြည်း အဖြစ်နှင့် သက်တမ်း နှစ် ၅၀ အထိ ရှင်သန်နေထိုင်စေ။”

ဒီ အခါမှာ မြည်းပုလေး က “ အရှင်….ကျွန်ုပ်က မြည်းတစ်ကောင် အဖြစ် နှစ်ပေါင်း ၅၀ အထိ နေထိုင်ရတာ များလွန်း ပါတယ်။ ဒါကြောင့် ကျွန်ုပ်အား နှစ်၂၀ ပဲပေးပါ” လို့ အသနားခံ လျှောက်လိုက်တယ်။
ဒီ အခါမှာ ဘုရားသခင် က သဘောတူ ခွင့်ပြုလိုက်လေသည်။


၁၉၄၇ ခုနှစ် ဇူလိုင် လ ၁၉ ရက်နေ့ တစ်နေ့တည်း မှာ တစ်ပြိုင်နက် နီးပါး ဖြစ်သွား ခဲ့တာတွေ ကို ရုပ်ရှင် ဖလင်ပြား များလို ဆက်စပ် ကြည့်လိုက်လျှင်… { ဇာဂနာ }


နံနက် ၉နာရီ မိနစ်၂၀ ၌ Strand Hotel (ယခု ကမ်းနား ဟိုတယ်) ၏ အခန်း အမှတ် ၁၀၁ တွင် ဗြိတိသျှ ကောင်စီ က မစ္စတာ ဘင်ဂလေ တစ်ယောက် ကော်ဖီ သောက်နေသည်။ တကယ်တော့ ဗြိတိသျှ ကောင်စီ ဆိုတာ အင်္ဂလိပ် ထောက်လှမ်းရေး လက်အောက်ခံ ပင်။ 

ယနေ့ခေတ် ဂျိမ်းစ်ဘွန်း တို့လို ထောက်လှမ်းရေးတွေ၊ သူလျှိုတွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် သတင်း စုဆောင်းဖို့၊ နောက်ကွယ် က ကြိုးကိုင် ဖို့ ဟန်ပြ ဖွဲ့ထား သည့် ကောင်စီဖြစ်၏။ မစ္စတာ ဘင်ဂလေ ကို နာမည်ပြောင် လန်ဘား ဟုခေါ်သည်။ Tall Man ဆိုပါတော့။ 

သူနှင့် ဦးစော က အဆက်အသွယ် ရှိသည်။ သူတို့ နှစ်ယောက်ကြား က လျှို့ဝှက် စကားက ငှက်ပျော သီး ဖြစ် သည်။ အဆက် အသွယ် လုပ်လျှင် Green Tea (ရေနွေးကြမ်း) ဟု ဦးစွာပြောရသည်။ 
 မစ္စတာ ဘင်ဂလေ တစ်ယောက် ကော်ဖီသောက်ရင်း ရေနွေးကြမ်း မျှော်နေလေသည်။


+959 ဖုန်းနံပါတ်များ သို့ ခေါ်ဆိုမှု တစ်မိနစ် တစ်ထောင်ကျပ်ဖြတ်နေခြင်း မဟုတ်ဟု ဆို

 
+959 နံပါတ်ဖြင့် ပေးပို့ ဆက်သွယ် ထားသည့် မက်ဆေ့ခ်ျ ပေးပို့ဆက်သွယ် မှု တစ်ခု ရန်ကုန် − မိုဘိုင်း ဖုန်းများ  သို့ ဖုန်း ခေါ်ဆိုမှု များတွင် +959 ဖြင့် ဝင်ရောက်နေ မှု များရှိပြီး ယင်း နံပါတ် အား ပြန် လည်ခေ
ဆို ပါက နိုင်ငံခြား သို့ ခေါ်ဆို ခနှုန်းထား ကဲ့သို့ တစ်မိနစ် လျှင် ကျပ် ၁,၀၀၀ ဝန်း ကျင်ကောက်ခံခြင်း မှာ မဟုတ်ကြောင်း သတင်း ရရှိသည်။

ရွှေဈေး၊ ငွေလဲနှုန်း၊ ထူးခြားစီးပွား

ငွေလဲနှုန်း

ဇူလိုင် ၂၈ ရက် အတွက် ငွေလဲလှယ်နှုန်းထားတွေ ကတော့ အမေရိကန် ၁ ဒေါ်လာ ကို မြန်မာ ကျပ်ငွေ ၉၇၄ ကျပ်၊ ဥရောပ ၁ ယူရို ကို မြန်မာငွေ ၁၃၀၈ ဒသမ ၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာ ကို ၇၈၄   ကျပ်၊ ထိုင်း ၁ ဘတ် ကို ၃၀ ဒသမ ၆ ကျပ် အသီး သီး ဈေးပေါက် ပါတယ်။

ရွှေဈေး

gold3

ရွှေဈေး ကတော့ အကယ်ဒမီ ရွှေ တစ်ကျပ်သား ကို ပြန်ရောင်း ရင်   ၆၇၄၃၀၀ ကျပ် ဈေးပေါက်ပြီး ၀ယ်ဈေး က ကျပ်ငွေ ၁၂၀၀ ပိုပါတယ်။ ဒီကနေ့ ကမ္ဘာ့ရွှေဈေး ကတော့ တအောင်စ ကို အမေရိကန်ဒေါ်လာ ၁၃၀၄  ဖြစ်ပါတယ်။

သဘာဝ ကို အပြည့် အ၀ စားသုံး ရခြင်း









နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီး သည်နှင့် လုပ်နေကျ အလု ပ်တစ်ခု က အိမ်ရှင်မ ပီပီ မီးဖိုခန်း သို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက် ရဲ့ တာဝန် ဆိုလျှင် ပိုမှန်မှာပါ။ 

အလုပ်တစ်ခု က လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန် မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ် ထား၍ ရသည်။ သည် အချက် အပြုတ် ဆိုသည့် တာဝန် မှာ ပုံမှန် စီစဉ် ထားလို့ မရ။ ယနေ့ ဝယ်ထားသော အသီး အနှံ များ မနက်ဖြန် ကောင်းချင် မှ ကောင်းမည်။ 

အသီး အနှံ အဆင်ပြေလျှင် ဟင်းရွက် များ နွမ်း ချင် နွမ်းနေ မည်။ အခြေ အနေ အရ ကြိုတင် စီစဉ်လို့ မရ။ သင့်တော် သလို အိမ်ရှင်မ ပီပီ ဉာဏ် ကစား၍ စီမံ ချက်ပြုတ် ရသည်။

ဆရာမ ကို စုန်းပြု စားသူ ဟု ပြောသော ကျောင်းသား ၄ ဦး အတိုင် ခံရ


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်)ရွာ၊ အခြေခံ ပညာ အလယ်တန်းကျောင်း ၌ စတုတ္ထတန်း  ကျောင်းသား (၄)ယောက် က ဆရာမ ကို စုန်းပြုစားတတ်သူ အဖြစ် ပြောခဲ့သည်ဟု ဆိုကာ ၎င်းကျောင်းသား (၄)ယောက် ကို အရေးယူပေးရန် မြို့နယ် ပညာရေးမှူးရုံး အထိ ဆရာမက တိုင်ကြားစာ 
 ပေးပို့ခဲ့ကြောင်းသိရသည်။

“တကယ်တော့ ကလေးတွေ က သူတို့ အချင်းချင်း နောက်ပြောင်ပြောဆိုနေကြတယ် လို့ပြောပါတယ်။ ဆရာမ အတန်းထဲ ကို ၀င်လာတဲ့ အချိန်နဲ့ တိုက်ဆိုင် သွားပြီး ဆရာမက သူ့ကို ပြုစားတတ်သူ လို့ပြော တယ်ဆိုပြီး ကလေးတွေ ကို ဒုတ်နဲ့ နှစ်ချက် ရိုက်ခဲ့ ပါတယ်။ 

ပြည်တွင်း မိုဘိုင်းဖုန်း အ၀င်-အထွက် ဖုန်းခေါ်မှု များ သတိထားနိုင်စေရန်

10527452_815066768512245_4057068237402559671_n

ပြည်တွင်း ဖုန်းနံပါတ် များကို ပုံမှန် အတိုင်း 01××× 02××× 09××× တွေ နဲ့ မဝင် လာပဲ မြန်မာနိုင်ငံ ဖုန်းနံပါတ်တွေ ရဲ့ Country Code +95××× နဲ့ msg or miss call တွေ ဝင်လာ ခဲ့ရင် အဲဒီ အတိုင်း ပြန် မခေါ်ကြ ပါပဲ 01××× 02××× 09××× သို့ edit ပြန်လုပ်ပြီး မှ သာ ခေါ်ဆိုကြ ပါဗျာ။

ဘာကြောင့်လည်း ဆိုတော့ +95××× လို Country Code နံပါတ်တွေ နဲ့ ဝင်လာ တာကို edit မလုပ်ပဲ အဲဒီ အတိုင်းပြန်ခေါ် မိရင် ပြည်တွင်း 1 မိနစ် ပုံမှန်နှုန်း 50 ကျပ် အစား နိုင်ငံတကာနှုန်း 1 မိနစ် 1000 ကျပ်နီးပါး bill ဖြတ်ခံ ရမှာဖြစ်ပါတယ် ။
(ကျွန်နော်တော့ 1 min – 1000 Kyats အဖြတ်ခံလိုက် ရပြီးပြီ)


Sunday 27 July 2014

နှလုံးသား နှင့် ပြုံးပါ

http://www.mrwallpaper.com/wallpapers/Cute-Girl-Smile-1920x1200.jpg
အရှုံးလည်း မပေး ရသည့် အပြင် အမြတ်လည်း ရသော ရင်းနှီး ရသော အလုပ် ဟူသည် ပြုံးပြခြင်း ပင် ဖြစ် သည်။ မိမိ၏ မျက်နှာလေးနှင့် မျက်လုံးလေးများ ကို အပြုံးများဖြင့် တန်ဆာ ဆင်ပါက လွန်စွာ ကျက်သ ရေ ရှိသည် ကို မိမိတို့ ကိုယ်တိုင် သိချင်မှ သိပေမည်။ မိမိ ၏ မျက်နှာ ကို မြင်တွေ့ ရသူများ ကတော့ သိကြ ပေသည်။

အချို့သော သူများသည် ပြုံးရသော အလုပ်ကို ပင် အလွန် ခက်ခဲသော အလုပ်ကြီး လုပ်ရသည့် ပမာဖြစ် နေ ကြ သည်။ အချို့များ ကတော့ ‘ပြုံးချင်စိတ်ကို မရှိတာ ပြုံးလို့ ဘာရမှာလဲ။ အာညောင်းရုံ နဲ့ အာပြဲရုံ ပဲရှိ မှာပေါ့’ ဟု ဘု ကျကျ ပြန်ပြောသည်များလည်း ရှိသည်။ ‘ပြုံးရင်ပေါတယ် ထင်မှာစိုးလို့’ ဟု ဆိုသူများ လည်း ရှိသည်။

အသက် သုံးဆယ် အရွယ် မှာ သန်းကြွယ် သူဌေးဖြစ်အောင် ဘယ်လို လုပ်မလဲ?


 

စာဖတ် ပရိသတ်များ အတွက် ကျွန်တော် Mr. Guy မှ အကျိုးရှိ အားတက် စေမယ့် သတင်းဆောင်းပါးလေး ကို ဆီလျှော်အောင် ဘာသာပြန်ကာ ပြန်လည်မျှဝေလိုက် ပါတယ်။

သတင်းလေးရဲ့ ခေါင်းစဉ် ကတော့ အသက်သုံးဆယ် အရွယ်မှာ သန်းကြွယ် သူဌေးဖြစ်အောင် ဘယ်လို လုပ် မလဲတဲ့။ မူရင်းရေးသားသူ ကတော့ သူ့ဘ၀ရဲ့ အတွေ့ အကြုံနဲ့ ဘယ်လိုဖြစ်အောင် လုပ်ဆောင်ခဲ့လည်း ဆိုတာ သင်ခန်းစာ ယူနိုင်ရန်နှင့် အများသိစေရန် ထုတ်ဖော်ပြောဆို ခဲ့တာပါ။

အသက်သုံးဆယ် အရွယ်မှာ သန်းကြွယ် သူဌေးဖြစ်ဖို့ ဆိုတာ စိတ်ကူးယဉ် ဆန်ရာ ကျတယ်လို့ ထင် ရက်နိုင် စရာရှိပေမဲ့ မဖြစ်နိုင် စရာမရှိ။ ကြိုးစားရင် ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ် အရွယ် မှာ ကျောင်းက ထွက်ပြီး အကြွေးပတ်လည် ၀ိုင်းကာ အလွန်တရာ မွဲနေခဲ့ပါတယ်။ 

ပဋ္ဌာန်း ရွတ်ရင် ခိုက်တတ်တယ် ဆိုတာ တကယ် ဟုတ်ရဲ့လား (ဗုဒ္ဓဘာသာဝင် တိုင်း ဖတ်သင့် ပါသည်)

10271519_620531041357756_5358903033938957277_n

ပဋ္ဌာန်း မရွတ်ကောင်းဘူး ဆိုတာ ဟုတ်ရဲ့ လား
တစ်လောက တရားပွဲ တစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေး တစ်ယောက်က အမေးတစ်ခု မေးလျှောက် လာပါတယ်။ 

သူက “အရှင် ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာ နဲ့ ပတ်သက်ပြီး လူတွေ အနေနဲ့ ကိုယ့်အိမ်တွေ ဆိုင်တွေမှာ ပဋ္ဌာန်း မရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်း ရွတ်ရင် အစောင့် နတ်တွေ က မနေနိုင်ကြဘဲ ဖြစ်တဲ့ အပြင် ကိုယ့်ကို လည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ 

ပဋ္ဌာန်း က အရမ်းမြင့် တဲ့ အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့ သတ္တဝါတွေ မှာ ဒုက္ခဖြစ် တတ်ကြောင်း ပြောဆိုကြ ပါတယ်ဘုရား၊ တပည့်တော် ကတော့ အဲဒီ အယူအဆ အပေါ်မှာ ယုံကြည်မှု မရှိတဲ့ အတွက် ရွတ်မြဲ အတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့ မသိတဲ့သူတွေ က ဟုတ်များ ဟုတ်လေ မလား ဆိုတဲ့ သံသယတွေ ဝင်သွား တတ်ကြပါတယ် ဘုရား၊

တောင် ကိုဖြို ပြီး လမ်းဖောက် ခဲ့တဲ့ အံ့ဖွယ် လူသား


 တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့တဲ့ အံ့ဖွယ်လူသား

Dashrath Majhi လို့ ခေါ်ဝေါ်တဲ့ အိန္ဒိယနိုင်ငံမှ အမျိုးသားဟာ တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့ပါတယ်။တောင်ကို ဖြိုရတဲ့ အကြောင်းကတော့ သူတို့နေထိုင်ရာ ရွာဟာ ၎င်းတောင်ကြီးကြောင့် ဆက်သွယ်ရေး အလွန် မကောင်းပါဘူး။ နာမကျန်းဖြစ်တဲ့ အခါ ရွာသူရွာသားများ ဆေးရုံသို့ လွယ်ကူစွာ မသွားနိုင်ပါဘူး။ 

ဒီထက် ဆိုဝါးတာက သူ၏ ဇနီးသည်ဟာ ရောဂါတစ်ခု ခံစားရပြီး ဆေးရုံနှင့် ဝေးကွာသည့် အတွက် အချိန်မှီ မကုသနိုင်ခြင်းကြောင့် သေဆုံး သွားခဲ့ ရပါတယ်လို့ Dashrath Majhi သူက ပြောပါတယ်။

ဒီအတွက်ကြောင့် သူဟာ တောင်ကိုဖြိုပြီး လမ်းဖောက်လိုက်ပါတယ်။ ၁၉၆၀ မှ ၁၉၈၂ 
ခုနှစ် ၂၂ နှစ် ကြာမြင်ခဲ့ပြီး နေ့ည မပြတ်ကြိုးစား ခဲ့ရကြောင့် ၎င်းက ဆိုပါတယ်။ ယခင်က ၇၀ ကီလိုမီတာ ဝေးကွာပြီး ယခု အခါမှာတော့ ၁ ကီလိုမီတာသာ သွားရတော့ကြောင်း သိရပါတယ်။ ဒါ့အပြင် သွားလာရေး လွယ်ကူပြီး ဆေးရုံသို့ လွယ်ကူစွာ သွားလာနိုင်ကြောင်း သိရပါတယ်။

Dashrath Majhi ဟာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ သေဆုံးသွား ခဲ့သော်လည်း ယခုထိ သူ၏ နာမည် ကတော့ အသက်ရှင် ကျန်ရစ် နေကြောင်း သိရပါတယ်။ ဒါကြောင့် အများကောင်း ကျိုးကို တတ်နိုင် သလောက် သယ်ပိုး သွားခဲ့တဲ့ Dashrath Majhi အကြောင်းကို ဗဟုသုတ အနေဖြင့်ရေးသားပေး လိုက်ရပါတယ်။ 

Ref - theunknownbutnothidden
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Dashrath Majhi လို့ ခေါ်ဝေါ်တဲ့ အိန္ဒိယနိုင်ငံ မှ အမျိုးသား ဟာ တောင် ကိုဖြိုပြီး လမ်းဖောက် ခဲ့ပါ တယ်။တောင် ကို ဖြိုရ တဲ့ အကြောင်း ကတော့ သူတို့နေထိုင် ရာ ရွာဟာ ၎င်းတောင်ကြီးကြောင့် ဆက်သွယ်ရေး အလွန် မကောင်း ပါဘူး။ နာမကျန်းဖြစ် တဲ့ အခါ ရွာသူရွာသား များ ဆေးရုံ သို့ လွယ်ကူစွာ မသွားနိုင်ပါဘူး။

ဒီထက် ဆိုဝါး တာက သူ ၏ ဇနီးသည် ဟာ ရောဂါ တစ်ခု ခံစားရပြီး ဆေးရုံနှင့် ဝေးကွာ သည့် အတွက် အချိန် မှီ မကုသနိုင်ခြင်းကြောင့် သေဆုံး သွားခဲ့ ရပါတယ် လို့ Dashrath Majhi သူက ပြောပါတယ်။

ဂျပန်နိုင်ငံ က အရုပ် ရွာ


 YoYarLay's photo.

အရုပ်တွေ ချည်း စုပြီး လူနေရာ အစားထိုး ထားတဲ့ ရွာ ဂျပန်နိုင်ငံ မှာ ရှိပါတယ်။ ဂျပန်နိုင်ငံ ရဲ့ လူဦးရေ အနည်း ဆုံး ကျွန်း ဖြစ်တဲ့ Shikoku မှာ ရှိပြီး Nagoru လို့ အမည် ရတဲ့ ရွာ ဖြစ်ပါတယ်။ တစ်ချိန် တုန်းက လူဦးရေ များပြား တဲ့ စည်ကား သိုက်မြိုက် တဲ့ ရွာလေးပါ။

နောက်တော့ အိုစာကာ သို့မဟုတ် တိုကျို သို့ သွားပြီး ရွှေ့ပြောင်း အလုပ်လုပ် ကြ တာကြောင့် ရွာဟာ တဖြည်းဖြည်း နဲ့ လူနည်း သွားပါတယ်။ နောက်ဆုံးတော့ လူဦးရေ ၁၀ ယောက်ကျော်သာ ကျန်ရှိတော့တဲ့ အထိ ဖြစ်သွား ပါတယ်။ 

Wondershare Video Converter Ultimate 6.8.0 + Crack (Full Version)


 
 
ရုပ်ရှင် ကားတွေကို အခွေ လုပ်ချင်သူတွေ အတွက် 10 DVD menu နဲ့ templates တွေပါတဲ့အပြင် 158 formats ပါဝင်ပြီး DVD folder, or ISO files များကိုမိမိအလိုရှိသလိုထုတ်ယူနိုင်ပါတယ်။
 
အားလုံးသိပြီးဆော့စ်ဝဲ တစ်ခုဖြစ်တဲ့ အတွက်မရှင်းပြတော့ ပါဘူး။အပိုင်းပိုင်းတွေ ကိုပြန်ဆက် ၊ ဆက်နေ တာ ကိုပြန်ပိုင်း ကြိုက်သလိုရောသမမွှေ လို့ ရပါတယ်။ ဖိုင်ဆိုဒ် ကတော့ 42Mb ရှိပါတယ်။ 
 
ဝင်းဒိုး အားလုံးမှာ အသုံးပြုနိုင်ပြီး Full Version ဖြစ်စေဖို့ အတွက်ဒေါင်းလော့စ်ဖို င် ထဲမှာ Crack ဖိုင်လေး ပါ ထည့်သွင်းပေးထား ပါတယ်။

Hack ခံရခြင်း မှ ကင်းဝေးအောင် Password ဘယ်လိုပေးမလဲ


ကျနော် တို့ အိုင်တီခေတ်ကြီး ထဲမှာ လူ တစ်ယောက်မှာ Facebook Account, Gmail Account, Apple ID Account စတာတွေ အများကြီး ပိုင်ဆိုင် လာကြပါပြီ။ အခုလို ပိုင်ဆိုင် လာမူတွေ အပေါ်မှာ ကာကွယ် မူတွေ လည်း ပါလာ ပါပြီ။

ကို့ယ့် အကောင့်တွေ ကို သူများ လက်ထဲ မရောက်အောင် Password များဖြင့် ကာကွယ်ကြရ မှာပါ။ ဒီလို Password  တွေ ထားတဲ့နေရာ မှာ လွယ်လွယ် ကူကူလေးတွေ သာ ထားမယ် ဆိုလျှင် အကောင့် ကိုဖောက် ထွင်းဖို့ အတွက် တခြားလူ အတွက် လွယ်ကူစေမှာပါ။ 


ဥပမာ.... မွေးနေ့ရက် ကို ထားတာမျိုး ဆိုလျှင် ကိုနဲ့ ရင်းနှီးနေတဲ့ သူတစ်ယောက် အဖို့ တစ်ခေါက် နှစ်ခေါက်လောက် စမ်းကြည့် တာနဲ့ ပွင့် သွားမှာပါ။ 


Server အကြောင်း ပြောရအောင်

 
 
ဆာဗာ၊ ဆာဗာ နဲ့ ပြောနေ လိုက်ကြတာ တော်တော် များများ စိတ်ဝင်စား ကြမှာ အမှန် ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့ အခါ လူ တစ်ယောက် သွားမေးတော့ “အဲဒါ ဆာဗာဒေါင်းနေတယ် ကွာ” လို့ဖြေ တယ်လေ။ နား မလည်တဲ့ အချိန် တုန်းက ဆာဗာ ဒေါင်းတယ် ဆိုတာ နား ထဲကို ကန့်လန့် လိုက် ဝင်ပါတယ်။ 

ကဲ တည့်ကြရအောင်။ အင်တာနက် အသုံးပြု တဲ့ လူတိုင်း နားလည်အောင် အလွယ်ကူ ဆုံး နည်းနဲ့ ရှင်းပြ ပါမယ်။  အဲဒီ ဆိုဒ် တစ်ခု ဖွင့် မရ ဆာဗာ ဒေါင်းတယ် ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။

"Server အဓိပ္ပါယ်"
ကွန်ပြူတာ ကွန်ရက်များ အား ချိတ်ဆက် ၍ သတင်း အချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်း ထားပေးခြင်း တို့ ပြုလုပ်ပေးသူ ကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူ ဆုံး ပြောပြပါမယ်။ ခုနေ ရုံး အကြီး စား တစ်ခုကို သွားရင် သူ့မှာ စာရွက် စာတန်းတွေ ထိမ်းထား တဲ့ နေရာ တစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင် တစ်ခုနဲ့ ကို သီးသန့်တောင် ထားကြပါတယ်။



အသုံးဝင် Windows Run Command များ

 
Windows ရဲ့  Run Command မှာ အသုံးဝင် မယ့် Command စာများ ကို မျှဝေ ပေးလိုက် ရပါတယ်။

[A]

Add/Remove Programs = appwiz.cpl
Administrative Tools = control admintools
Authorization Manager= azman.msc "New"
 

[C]

Calculator = calc
Certificate Manager = certmgr.msc
Character Map = charmap
Check Disk Utility = chkdsk
Control Panel = control "New"
Command Prompt = cmd.exe
Component Services = dcomcnfg
Computer Management = compmgmt.msc = CompMgmtLauncher "New"



Windows တွေကို Manage ပြုလုပ်နိုင် တဲ့ Tricks များ


1
Windows Computer မှာ Windows တွေကို စီမံ ခန့်ခွဲနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိ ပါတယ်။ ၀င်းဒိုးတွေ ကို ဘေးချင်း ယှဉ်ပြီး အသုံးပြုနိုင် တဲ့ စွမ်းဆောင် ချက်တွေ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင် ချက်တွေ ကို လူတော်တော် များများ က မသိကြပါဘူး။ 


အဲဒီ စွမ်းဆောင်ချက်တွေ က Multitasking ပြုလုပ်ဖို့ကောင်းမွန် တဲ့ အတွက် ရေးသား တင်ပြလိုက်ပါတယ်။ ဒီဆောင်းပါး မှာ Windows 7 ကို အသုံးပြု ထားပေမယ့် Windows 8 များလည်း အသုံးပြုနိုင်ပါတယ်။ အရင် ၀င်းဒိုးတွေ မှာလည်း အသုံးပြုနိုင် ပါတယ်။

ဝင်းဒိုးနှစ်ခု ကို ဘေးချင်းယှဉ် အသုံးပြု ခြင်း။

Microsoft က Windows 8 မှာ Aero ကို ဖြုတ်လိုက်ပေမယ့် Aero Snap အပါ အ၀င် အခြား Aero ရဲ့ စွမ်းဆောင်ချက် အချို့ ကို အသုံးပြုနိုင် ပါသေးတယ်။ Aero Snap က စကရင် ရဲ့ တစ်ဝက် မှာ ၀င်းဒိုး တစ်ခု ကို ပြပေး မှာဖြစ်ပြီး နောက်ဝင်းဒိုး တစ်ခု ကို စကရင် ရဲ့ အခြား တစ်ဝက် မှာ ဘေးချင်း ယှဉ် ပြသပေး မှာဖြစ် ပါတယ်။ အဲဒီ အတွက် ၀င်းဒိုးတွေ ကို ကိုယ်တိုင် Resize လုပ်စရာ မလိုတဲ့ အတွက် အလုပ် ရှုပ် သက်သာစေပါတယ်။



Saturday 26 July 2014

အင်တာနက် သာ မရှိတော့ရင်



၂၁ ရာစုနှောင်းပိုင်း မှာ လူတွေကြားထဲ ရေပန်းစားလာ ခဲ့တဲ့ စကားလုံး တစ်လုံးရှိပါတယ်။ အဲဒါ ကတော့ တခြား မဟုတ်ပါဘူး။ အင်တာနက်လိုင်း မကောင်းဘူး ပဲဖြစ်ပါတယ်။ အခုချိန် မှာ အင်တာနက် ရဲ့ အရေး ပါမှု ကလည်း တဖြည်းဖြည်း တွင်ကျယ်လာတဲ့ အခါမှာ အင်တာနက် ကို အားကိုး ရတဲ့ ပမာဏ ကလည်း များပြားလာပါတယ်။ 

အင်တာနက် ဆိုတာ ကလည်း မိမိ တို့ သိလို၊ တတ်လို တဲ့ အသိပညာ အတတ်ပညာ မှန်သမျှကို စိတ်ရှိ လက်ရှိ မွှေနှောက်နိုင် တဲ့ ဗိမာန်ကြီး တစ်ခုလိုဖြစ်နေတော့ ဒီလိုမျိုး အင်တာနက် ကို အလွန်တရာ အားကိုး လာတာကို အပြစ်လို့ မဆို သာတော့ပါဘူး။
 

Wednesday 23 July 2014

မြန်မာနိုင်ငံ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ က လွတ်မြောက် ရန် ဆောင်ရွက်မည် ဟု ဒုသမ္မတပြော


မြန်မာနိုင်ငံ ကမ္ဘာ့ အဆင်းရဲဆုံးနိုင် ငံအဖြစ် ကနေ လွတ်မြောက် ဖို့ အချိန် ဇယားရေး ဆွဲပြီး အစိုးရ၊ သာ မက ပုဂ္ဂလိက ပြည်သူ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ် လို့ ဒုသမ္မတ ဦးဉာဏ်ထွန်း က ပြောကြား လိုက်ပါတယ်။


ဒုသမ္မတ ဦးဉာဏ်ထွန်း
ဒုသမ္မတ ဦးဉာဏ်ထွန်း


မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး အကောင် အထည်ဖော် ဆောင် ရွက်ရေးကော် မတီ အစည်း အဝေး မှာ ဒီကော်မတီ ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဒုသမ္မတ လည်း ဖြစ်တဲ့ ဦးဉာဏ်ထွန်း က ပြောကြား လိုက်တာပါ။


ဖုန်းကြည့် လမ်းလျှောက် သူများ


ဂျပန် သည် စမတ် ဖုန်းနှင့်ပတ်သက်လျှင် နောက်ကျ မှ စခဲ့သော နိုင်ငံဟု ဆို နိုင်သည်။ အခြားနိုင်ငံ များ တွင် အိုင်ဖုန်း အန်းဒရွိုက် ဖုန်း များ အတော်တွင်ကျယ် စွာ သုံးလာ ချိန် ထိတိုင် ဂျပန်နိုင်ငံ တွင်ကား ပြည် တွင်း ဆက်သွယ်ရေး လုပ်ငန်းများ ထံက ၀ယ်ယူနိုင်သော သမားရိုးကျ ဖုန်းများ ကိုသာ အသုံး များနေ ကြဆဲ ဖြစ်သည်။ 

ဂျပန် ကား အထ နှေးပေမယ့် အလှမ်း သွက်သော နိုင်ငံဖြစ်သည်။ ယခု အခါ ဂျပန်နိုင်ငံ သား ထက် ၀က်ကျော် စမတ် ဖုန်း ကိုင်နေကြပြီ။ တိုကျို မြို့ကြီး ကား ကမ္ဘာ့ လူဦးရေ အများဆုံး မြို့ကြီး တစ်မြို့ ဖြစ် သည်။


တန်ဇန်နီးယား တွင် လူ့ခန္ဓာ အစိတ်အပိုင်း များ စွန့်ပစ် ထားသည့် အမှိုက်ပုံ တစ်ခု တွေ့ရှိ

tanzania

တန်ဇန်နီးယား နိုင်ငံ ၏ အကြီးဆုံး မြို့ကြီးဖြစ်သည့် ဒါအဲ့စ်ဆာလမ် တွင် လူသား များ၏ ခန္ဓာကိုယ် အစိတ် အပိုင်း များကို ထုပ်ပိုး စွန့်ပစ် ထားသည့် အမှိုက်ပုံ တစ်ခုကို ရဲများ က ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် နိုင်ငံ ၏ ဆေး ပညာအသင်းမှ လူရှစ်ဦး ကို ထိန်းသိမ်း လိုက်ကြောင်း သိရသည်။

လူ တို့၏ ခြေလက် အရိုးများ၊ နံရိုးများ၊ လက်ချောင်းများ၊ ဦးခေါင်းခွံ များ ပါဝင်သည့် အိတ်ပေါင်း ၈၅ အိတ်ကို တန်ဇန်နီးယား နိုင်ငံ ၏ အချမ်းသာ ဆုံး မြို့ဖြစ်သည့် ဒါအဲ့စ်ဆာလမ် ၏ ဆင်ခြေဖုံး ရှိ ဘွန်ဂျူ  အရပ်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ များက ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။


မသန်စွမ်းများ ခန့်ထားသည့် ကုမ္ပဏီ ကို အခွန်လျှော့ခြင်းနှင့် အခြား အခွင့် အရေးပေးမည်




ရွှေဂုံတိုင် ရှိ အိတ်ဇဲလ် ဟိုတယ်တွင် ပြုလုပ် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အမျိုးသမီး ဖိုရမ်သို့ တက်ရောက် လာသော မသန်စွမ်း အမျိုးသမီးတစ်ဦး ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဘိုဘို

မသန်စွမ်း သူများ ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်း အရ ကုမ္ပဏီ များက မသန်စွမ်းသူ တစ်ရာ ခိုင်နှုန်း ကို မခန့် မနေရ ခန့်အပ် ရမည်ဖြစ်သည့် အတွက် အစိုးရ က အခွန်လျှော့ချပေးခြင်းနှင့် အခြား အခွင့် အရေး များ ပေးအပ် သွားမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး အဖွဲ့ ညွှန်ကြားရေး မှူးးချုပ် ဦးယုလွင်အောင် က ဇူလိုင် ၂၂ ရက် က ပြောကြား လိုက်သည်။ 


 ထိုပြဋ္ဌာန်းချက် ကို ဥပဒေ အတည်မပြုမီ အချိန်ကပင် စတင်ကျင့်သုံးရန် အတွက်လည်း အလုပ် သမား ၀န်ကြီး ဌာန၊ လုပ်ငန်းရှင် များ၊ မသန်စွမ်း သူများရှေ့ဆောင် အဖွဲ့နှင့် အလုပ် သမား အရေး ကူညီပေးနေ သည့် အပြည်ပြည်ဆိုင် ရာ အလုပ် သမားရေးရာ အဖွဲ့ချုပ် ILO တို့ဆွေးနွေး သွားကြမည်ဖြစ်သည်။


Monday 21 July 2014

ငှက်သိုက် Bird’s Nest ၏ ကျန်းမာရေး အတွက် ကောင်းကျိုး များ

 ငှက်သိုက် Bird’s Nest ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

နို့စို့ကလေး

-ပါဝင်သော Sialic acid ကြောင့် အာရုံကြောနှင့် ဦးနှောက်ကို ကောင်းစေသည်။

ကလေး

-immune system ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာ သန်စွမ်း စေသည်။ အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်နိုင်ချေမှ ကာကွယ် ပေးသည်။

မိန်းမ

-အရေပြားကို ကောင်းမွန် စေသည်။ ငယ်ရွယ် နုပျိုစေသည်။ အသားအရေကို ကြည်လင် ၀င်းပစေပြီး အိုမင်းခြင်းကို နှောင့်နှေး စေသည်။

ယောကျာ်း

-မောပန်းခြင်းကို သက်သာစေသည်။ ဖိအားကို လျော့စေသည်။ ခန္ဓာကိုယ်ကို ခွန်အား ပြန်လည်ပြည့် ဖြိုးစေသည်။

ကိုယ်ဝန်ဆောင်

-အမေနှင့် ကလေး၏ immune function ကိုယ်ခံအားကို တက်စေသောကြောင့် မွေးပြီး မြန်မြန် နာလန်ထစေသည်။

သက်ကြီးရွယ်အို

-ချွဲသလိပ်ကို ပျော်စေသည်။ အဆုတ်၊ ကျောက်ကပ်၊ သရက်ရွက်နှင့် ခံတွင်းကို ကောင်းစေသည်။

လူနာ

-ခွဲစိတ်ပြီး လူနာများ မြန်မြန် နာလန် ထစေသည်။ ခွဲစိတ်ပြီးနောက် ဆဲလ်များ ပျက်စီးမှုကို ပြန်လည် ကောင်းမွန်စေသည်။

ဆေးလိပ်သောက်သူ

-တုပ်ကွေး၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ရောဂါနှင့် အခြားအဆုတ်နှင့် ဆက်စပ်နေသော ရောဂါများကို ကာကွယ် ပေးသည်။

အလှအပ

- အဆီ၏ ဇီဝရုပ် ဖြစ်ပျက်မှု ဖြစ်စဉ်ကို မြန်စေသဖြင့် အဆီကို ကျစေသည်။

ကံ့ကော်

credit to Health Updates Journal

နို့စို့ ကလေး
-ပါဝင်သော Sialic acid ကြောင့် အာရုံကြောနှင့် ဦးနှောက်ကို ကောင်းစေသည်။

ကလေး
-immune system ကိုယ်ခံအား စနစ်ကို ကောင်းစေခြင်းဖြင့် ခန္ဓာကိုယ် ကို ကျန်းမာ သန်စွမ်း စေသည်။ အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်နိုင်ချေ မှ ကာကွယ် ပေးသည်။

မိန်းမ
-အရေပြား ကို ကောင်းမွန် စေသည်။ ငယ်ရွယ် နုပျိုစေသည်။ အသားအရေ ကို ကြည်လင် ၀င်းပစေပြီး အိုမင်းခြင်း ကို နှောင့်နှေး စေသည်။

သေခြင်း တရား

 သေခြင်းတရား

သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။
သတိသံဝေဂ အားနည်းရင် လူသားတိုင်းမလုပ်မဖြစ်လုပ်ရမယ့် "အပ္ပမာဒ" လုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။ 

"အပ္ပမာဒ" လုပ်ငန်းဆိုတာ အမြဲမမေ့သင့်တဲ့လုပ်ငန်းလို့ အဓိပ္ပာယ်ရတယ်။
တစ်ခါတစ်ရံ သတိရမှလုပ်ရမယ့်လုပ်ငန်း မဟုတ်ပါဘူး။
အမြဲသတိတရ လုပ်နေရမယ့်လုပ်ငန်းပါ။

အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။
ဒါနအပ္ပမာဒ
သီလအပ္ပမာဒ
သမထအပ္ပမာဒ နဲ့ 
ဝိပဿနာအပ္ပမာဒ တို့ဖြစ်ပါတယ်။

ဒါနအပ္ပမာဒဆိုတာ 
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ပေးကမ်းမှု၊ စွန့်ကြဲမှုနဲ့ လှူဒါန်းမှုလုပ်ငန်း ဖြစ်ပါတယ်။

သီလအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နှုတ်စောင့်ထိန်းမှုနဲ့ ကိုယ်ကျင့်တရားကောင်းမွန်စေမှုလုပ်ငန်းဖြစ်ပါတယ်။

သမထအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်းပြုလုပ်ရမယ့် စိတ်တည်ငြိမ်မှုနဲ့ စိတ်စူးစိုက်မှုလုပ်ငန်းဖြစ်ပါတယ်။

ဝိပဿနာအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ခန္ဓာဖြစ်စဉ် ဉာဏ်သက်ဝင်မှုနဲ့ သဘာဝအမှန်တရားကို ပိုင်းခြားသိမြင်မှုလုပ်ငန်း ဖြစ်ပါတယ်။

မှတ်သားရလွယ်ကူအောင် တနည်းပြောရရင်တော့...

ဒါနအပ္ပမာဒ....စွန့်လွတ်မှုလုပ်ငန်း
သီလအပ္ပမာဒ....စောင့်ထိန်းမှုလုပ်ငန်း
သမထအပ္ပမာဒ....စူးစိုက်မှုလုပ်ငန်း
ဝိပဿနာအပ္ပမာဒ....စစ်ဆေးမှုလုပ်ငန်း

အပ္ပမာဒလုပ်ငန်းဆိုတာ ဒီ "စလေးလုံး" လုပ်ငန်းပါပဲ။
                                         
             အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
ၶ

ႈ

သေခြင်းတရား ကို ကိုယ်နဲ့ အဝေးကြီး လို့ သဘောထား ရင် သတိ သံဝေဂ အားနည်း သွားတတ်ပါတယ်။
သတိ သံဝေဂ အားနည်း ရင် လူသားတိုင်း မလုပ် မဖြစ်လုပ် ရမယ့် "အပ္ပမာဒ" လုပ်ငန်းတွေ မှာ ခြေလှမ်း ကျဲနေတတ်ပါတယ်။


"အပ္ပမာဒ" လုပ်ငန်း ဆိုတာ အမြဲ မမေ့သင့်တဲ့ လုပ်ငန်း လို့ အဓိပ္ပာယ် ရတယ်။
တစ်ခါ တစ်ရံ သတိရ မှ လုပ်ရမယ့် လုပ်ငန်း မဟုတ်ပါဘူး။
အမြဲ သတိတရ လုပ်နေရမယ့် လုပ်ငန်းပါ။


အပ္ပမာဒ လုပ်ငန်း က လေးမျိုးရှိပါတယ်။

Wi-Fi အသုံးပြုသူ များ ကို Windows တွင် ကြည့်ရှုခြင်း

 
တစ်ခါ တစ်ရံ တွင် အိမ်နီးနားချင်း သို့မဟုတ် သူစိမ်း များက မိမိ ၏ အင်တာနက် ချိတ်ဆက်မှု များကို ခိုးယူ သုံးစွဲခြင်း အတွက် Wi-Fi password တစ်ခု တည်းဖြင့် ကာကွယ်ရန် မလုံလောက်ပေ ။ 

အချို့သော အခြေ အနေများ တွင် မိမိ ၏ အင်တာနက် ချိတ်ဆက် မှုကို ထုတ်ကုန် အများ အပြား ထံ ဝေမျှ သုံးစွဲခြင်းကြောင့် လည်း ဝက်ဘ်ဆိုက် များနှင့် ဗီဒီယို များ ကြည့်ရှုခြင်း အပြင် ဖိုင်များ ပေးပို့ ရာတွင် ယခင် သုံးနေကျ ထက် လျင်မြန်မှု နှေးကွေးနိုင်သည်။ 

ထို့ကြောင့် Wi-Fi သုံးစွဲသူများ ကို အခမဲ့ Windows app တစ်ခုဖြင့် အသုံးပြု ကာ ကြည့်ရှုနိုင်မည့် နည်း လမ်း ကို ဖော်ပြလိုက် ပါသည်။

မြန်မာ ကို ကျွန် သဖွယ် စေခိုင်းသည် ဟု စွပ်စွဲ ချက်ကြောင့် ထိုင်း ကို အနောက် ကုမ္ပဏီ များ ဖိအားပေး



ထိုင်း ကုမ္ပဏီကြီးများ က မြန်မာရွှေ့ပြောင်းလုပ်သားမျ
ား အပေါ် လူကုန် ကူးခြင်းနှင့် ငွေဝယ် ကျွန်ခဲ့သို့ ခိုင်းစေခြင်း လုပ်ငန်း များ နှင့် ဆက်သွယ်မှု များ ရှိနေကြောင်း စွပ်စွဲ မှုများ ရှိနေသည့် အတွက် အမေရိကန် လူ့ အခွင့်အရေး အဖွဲ့ တခုက အနောက်တိုင်း မှ အစားအစာ လက်လီ ရောင်းချ သည့် ကုမ္ပဏီ များ အနေဖြင့် ထိုင်းနိုင်ငံ မှ စီးပွားရေး လုပ်ငန်းများ ကို ဖိအားပေး ရန် တောင်းဆိုလိုက်သည်။

ေ ထောင်ပေါင်း များစွာသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား များ လုပ်ကိုင်လျှက် ရှိသည့် ထိုင်း ငါးဖမ်း လုပ်ငန်း ကဏ္ဍကို စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တွင် ၀ါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အခွင့်အရေး ဖိုရမ် (ILRF) က တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်း ၏ သံဃာတော် များ သို့ ပန်ကြားလွှာ



``ဝိသေသ အားဖြင့် ကျွန်တော် တို့ ပြည်သူ အများစုကြီး က ကိုးကွယ် တဲ့ ဗုဒ္ဓဘာသာ အကြောင်း ပြော ရရင် တခြား ဘာသာတွေ ကို မလို မုန်းထား စိတ် နဲ့ ပုတ်ခတ်ခြင်းကင်းစွာ နဲ့ ပြောလိုတာ ကတော့ ဗုဒ္ဓဘာသာ ဟာ ပင်ကိုယ် အားဖြင့် ကိုးကွယ်မှု ဘာသာ အဖြစ်သာ မဟုတ်ဘဲ ရှေးယခင် ကပင် ဒီကြီးမြတ် တဲ့ ဘာသာ အပေါ်မှာ ဖန်တီး ထည့်သွင်း ထားတဲ့ မှားယွင်း တဲ့ ဖြည့်စွက် မှု နဲ့ အပိုဆထား တာတွေကို ကျွန်တော် တို့ တူညီ ဖယ်ရှား လိုက်နိုင်ရင် ကမ္ဘာပေါ် မှာ အကြီး အကျယ်ဆုံး အတွေး အခေါ် ပညာရပ် ဖြစ် လာနိုင် တဲ့ အမှတ် လက္ခဏာ များ ရှိနေပါတယ်။ 
 
ဒါကြောင့် တပည့်တော် အနေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များကို အထူး အသနားခံ ပန်ကြားလျှောက် ထား လိုပါတယ်။

သံဃာတော် အရှင်သူမြတ်တို့ ဘုရား၊ သံဃာတော် များ ဟာ ကမ္ဘာပေါ် ရှိ ကြီးမြတ်တဲ့ ဘာသာ တစ်ခုကို အမွေ ဆက်ခံ သူများ ဖြစ်ပါတယ်။ ဒီ သာသနာတော် ကို သန့်ရှင်အောင် သန့်စင်ပြီး မေတ္တာတရား နဲ့ ညီနောင် သားချင်းတော်စပ်မှု ဆိုတဲ့ အချိန် မရွေး တည်တံ့မှန်ကန်နေ တဲ့ ဓမ္မ သတင်းကို လူသား တစ်ရပ် လုံး ထာဝရကြား သိအောင် ဟောပြောဖြန့်ချိပေးတော်မူပါ ဘုရား။

သမိုင်း ထဲက တပည့် အတွက် ဆရာ.တမ်းချင်း ကဗျာတစ်ပုဒ် { ကဗျာ }




ေ အောင်ဆန်း မသာ အတွက်....
ငါတော့..ငွေ တမတ် မတတ်နိုင်ဘူး...
ဒီ ကဗျာတပုဒ်သာ ယူသွား ပါကွာ..
..သခင်နု ကိုပြောနေသော ဆရာကြီး၏
မျက်ဝန်း မှာ မျက်ရည် စတွေနဲ့။

  သြော်..အဆောင်ဆောင် နန်းတွေ
ကြဌာန်းတွေ နဲ့နှော.. 
အခေါင် မမြန်း ခင်က
ေ အောင်စာတမ်း ချို့စေဖို့
ေ အောင်ပန်း ညှိုး ရရှာတဲ့.. 
 တောင်တမန်း တို့ ဗမာမှာ 
အဟောင်း သံသရာ အငုတ်တွေ နှင့် 
 အောင်ဆန်း တို့ မသာ မယာ ဟာ
၎င်း ကံကြမ္မာ အလုပ်ပေထင့်..
ေ သောင်းမြန် မရဏာစမုတ် မှာတော့ 
ချုပ်သနှင့် ယင်း အလိုတွင် ဒေါင်းအလံ
ံပဝါအုပ် ပါလို့...ကျုပ်ဖြင့်..သင်္ဂြိုဟ်ချင်။
 
( ဆရာကြီး သခင်ကိုယ်တော်မှိုင်း )
 

ဘိန်း




 

- ဘိန်းရဲ့ အရင်း အမြစ် ဟာ ဥရောပ မြေထဲ ပင်လယ် မှ ဖြစ်ပါတယ်။
 

- ဘိန်း ကို ၁၅၈ဝ ပြည့်နှစ် တွင် ပေါ်တူဂီ ကုန်သည် များနှင့် အီတလီ လူမျိုး ''ဆီဖက်ဒရစ်'' ဆိုသူက စတင် ရောင်းချ ခဲ့ပါတယ်။
 

- ဘိန်းကို ၁၆၃ဝ ပြည့်နှစ် ဒတ်ခ်ျ ကုမ္ပဏီ ၏ မှတ်တမ်း အရ မလက္ကာ မြို့မှ နှစ်စဉ်  ဘိန်းပေါင် ချိန် ၂ဝဝ ကို ကုန်သည် များမှ တစ်ဆင့် မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ယူဆောင် ရောင်းချ ခဲ့တယ်လို့ သိရပါတယ်။

- ဘိန်းမှ တစ်ဆင့် မော်ဖင်း၊ ဟီးရိုးအင်း ထုတ်လုပ်နိုင်ပြီး ဂျာမနီ နိုင်ငံနှင့် အီတလီ နိုင်ငံ တို့က စတင် တီထွင် ထုတ်လုပ် ခဲ့ပါတယ်။
 

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ် လာပုံ




ဘွဲ့နှင်းသဘင် ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုး များမှ ဆင်းသက် လာခြင်းဖြစ် ပါတယ်။ 


ယင်း ဦးထုပ် ကို ရှေးအခါ ရိုမန် ကတ်သလစ်ဘုန်းကြီးများ က ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်း သဘင်ဦး ထုပ် ဒီဇိုင်း နဲ့ သိပ်မကွာတဲ့ အတွက် ဘွဲ့နှင်း သဘင်ဦးထုပ် အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ 

၁၄၊ ၁၅ ရာစု မှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့ အတွက် ယင်း ဦးထုပ်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။


Cold War ခေါ် စစ်အေး တိုက်ပွဲ




Cold War ခေါ် စစ်အေး တိုက်ပွဲ အဖြစ် အမေရိကန်-ဆိုဗီယက် အင်အား ယှဉ်ပြိုင် မှုကို နိုင်ငံရေး စိတ်ဝင် စားသူတွေ သိကြ ပါတယ်။ စစ်အေး ကာလ အင်အားစု ယှဉ်ပြိုင် မှုများ အနေ နဲ့ နိုင်ငံ ငယ်များ ကြားမှာ ပြည်တွင်း စစ်မီး များတောက်လောင် ခဲ့ပါတယ်။ 

အမေရိကန် သမ္မတ အိုင်ဆင်ဟောင်ဝါ ရဲ့ ဒိုမီနို သီအိုရီ ဟာဖြင့် တစ်ချိန် တစ်ခါ က ခေတ်စား ခဲ့ဖူးတဲ့ အယူ အဆ တစ်ခုပေါ့။ ဆိုလို တာက ဒီလို ကန်-ဆိုဗီယက် အင်အား ယှဉ်ပြိုင်မှု ဟာ ကမ္ဘာ့အရေးအခင်းတွေ ကို ဖြစ်ထွန်းစေတယ် ဆိုတာပါ။ ကိုယ့်တိုင်းပြည် လဲ အပါ အဝင်ပေါ့လေ။

ဒီလို အချိန်ကာလ မှာ ကနေဒီ လက်ထက် ကျူးဘား ဒုံးပျံ အရေးအခင်း စတင်ဖြစ်ပေါ်လာခဲ့ ပါတယ်။ 1962 ခုနှစ်အောက်တိုဘာ မှာပါ။ အောက်တိုဘာ အရေးအခင်း လို့လဲ ဆိုကြပါတယ်။ ဆိုဗီယက် ထိပ်သီးက ခရူးရှက်။ အဲ့ဒီ တင်းမာမှုကို ပြေလည်အောင် ကြိုးစားခဲ့သူ ကတော့ ဦးသန့် ပဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ ဆိုဗီယက်ရေငုပ် သင်္ဘောတွေ ကို နျူ လက်နက် သုံးစွဲ ဖို့ အမိန့်ထုတ်ပြန် လိုက်ပြီဖြစ်ပါတယ်။ 



Sunday 20 July 2014

မလေးရှားရောက်မြန်မာ များ မဖြစ်မနေ သိရမည့်မြန်မာ သံရုံး နှင့် ပတ်သက်သမျှ



မလေးရှား
သတင်း (၂၀.၇.၂၀၁၄)

မလေးရှားရောက်မြန်မာများ အားလုံးမဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများ သည် မြန်မာသံရုံး

တွင် ဖြစ်ကြောင်း အားလုံး သိပြီုးုဖြစ်သည် ။ ပတ်စပို့ သက်တမ်းတိုးခြင်း ၊ အသစ်လျှောက်ခြင်း ၊ မြန်မာပြည်ပြန် ရန် CI လျှောက်ခြင်း ၊ ကျောင်းသားနေထိုင်ခွင့် ၊ ထောက်ခံစာ ၊ နိုထရီ ဘာသာပြန် ၊ ကြော်ငြာချက် တို့အတွက် မြန်မာသံရုံး (ကွာလာလမ်ပူ) ၏ အင်တာနက် စာမျက်နှာ အား မလေးရှားရောက် မြန်မာတော်တော် များများ မသိကြပါ ။

ဥပမာ 6P စာအုပ်သက်တမ်း တိုးခြင်း ၊ ပျောက်ဆုံး စာအုပ်ပြန်လည်လျှောက်ထား ခြင်းများ အတွက် သိလိုပါ FACEBOOK စာမျက်နှာ များ တွင် အသည်း သန်ရှာဖွေကြသည် ကိုတွေ့ရသည် ။ ထို့အတူ ယနေ့တိုင် CI လျှောက်ရန် ဘာတွေ လိုသနည်း ၊ ပတ်စပို့လျှောက်ရန် ဘာတွေ လိုပါသလဲ ဆိုသော မေးခွန်းသည် ကျွန်တော်တို့ စာမျက်နှာတွင် ရာပေါင်းများ စွာမေးခဲ့ကြသည် ကိုတွေ့ရမည်ဖြစ်သည် ။
 

ဂဠုန် ဦးစော ၏ နောက်ဆုံး သံဝေဂ စကား


 
“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား”
••••••••••••••••••••••••••••••••••••••••••••••••••
“ကျုပ်ဟာ တစ်သက်လုံးဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ 
တကယ်တော့မည်ကာမတ္တ “ဗုဒ္ဓဘာသာ”မျှသာ ဖြစ်ခဲ့တာကို 
ခုလို တရားစာပေလေ့လာမိမှ ပိုပြီးသတိရတယ်။ 
ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်မျှ 
မလုပ်ခဲ့ဖူးတာလည်း မရှိဘူး။ 
ကျုပ်ဟာ လောကရဲ့ ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း 
မခံစားဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရတဲ့ တရားတော်ရဲ့ 
အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
ဟု ဖွင့်ဟ၀န်ခံလျက် -

“ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို 
အလေးအနက်မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် 
ဟန်ပြအဆောင်အယောင်တစ်ခုလောက်သာ ရှိခဲ့တယ်။ 
ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ 
ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ ပုံစံသွင်းချင်တာပဲ 
ကျုပ်မှာအဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ 
တရားတော်တွေကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ်
မထင်မိဘူးဟု ဖွင့်အံခဲ့သည်။

ဤမျှသာမက ဦးစောတွင် ကြီးမားသော အစွဲအလမ်းကြီးတစ်ခုကြောင့် 
သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။

“အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ 
အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ 
အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့ 
သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊
ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ်ဆိုတဲ့ 
သတင်းကြောင့် ဒီဘုရားကို မရအရ၊ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်”

(မှတ်ချက်) မသမာသောနည်းဖြင့် ယူခဲ့ခြင်းကို ဆိုလိုဟန်တူသည်။

ဒါပေမဲ့ ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာမဟုတ်ဘူး။
ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ 
ဒီတော့ သာမန်မျှသာ ကိုးကွယ်မူ အဆင့်တွင်မဟုတ်ဘဲ 
ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ 
ဒါဟာ ကျုပ်ရဲ့မဟာအမှားကြီးပါပဲ။ 
နောက်မှသိရတာက အဲဒီဆင်းတုတော်ကြီးဟာ 
တန်ခိုးကြီးသလောက် အလွန်ခိုက်တယ် 
ဆိုတာသိရတော့ နောက်ကျသွားပြီ။

“ဒီတော့ ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမားဖြစ်လိုက်၊ 
သေနတ်ချောင်းပစ်ခံရလိုက်နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ရတာပဲ။ 
နောက်ကျုပ် ဒီရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် 
စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်”
ဟု ၀မ်းနည်းစွာပြောခဲ့သည်။ 
၎င်းဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ 
ရေစက်ချသွားခဲ့သည်။

“ဘုရားက မခိုက်ပါ၊ မရိုက်ပါ”
••••••••••••••••••••••••••••••••••••••••
(မှတ်ချက်) ဤနေရာ၌ ဗုဒ္ဓဘာသာအများစု၏ မှားယွင်းနေသော 
အယူအဆတစ်ခုကို ဖြေရှင်းပေးလိုပေသည်။ 
ဗုဒ္ဓဘာသာအများစုသည် ဘုရားရုပ်ပွားများ၊ 
စေတီများက ခိုက်သည်ဟု ယူဆတတ်ကြသည်။ 
အမှန်က ခိုက်ဟူသည် မကောင်းကျိုးများ 
ကျရောက်ခြင်းကို ဆိုလိုပေ၏။ ထိုမကောင်းကျိုးများကို 
သက်ရှိထင်ရှား ဘုရားကလည်း မလုပ်သလို၊ 
သက်မဲ့ရုပ်ပွားဆင်းတုတောင်များကလည်း မလုပ်ပေ။

သို့ဆိုလျှင် မည်သူက လုပ်သနည်း - 
ထိုဘုရားရှင်နှင့် ရုပ်ပွားတော်တို့အပေါ် မရိုမသေပြုလုပ်သော 
“အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။ 
အရှင်ဒေ၀ဒတ်ကို မြေမျိုအောင် ဘုရားရှင်က 
သူ၏ စေတနာဆိုးခေါ် အကုသိုလ်က လုပ်ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်တွင်လည်း ဦးစောကို ဒုက္ခရောက်အောင်လုပ်သည်မှာ 
“သင်္ကန်းနက်ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော်ကို လောကီ၊
အာဏာပါဝါကိစ္စတွင် အဆောင်အဖြစ် မရိုမသေအသုံးချခဲ့သော 
စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။ 
လောဘ၊ ဒေါသကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည် 
မည်သည့် သတ္တ၀ါ၏ဆိုးကျိုးကို မျှော်လင့်လေမည်နည်း - 

တစ်ဆက်တည်း သိသင့်သည်မှာ -
••••••••••••••••••••••••••••••••••••••••
“မကောင်းကျိုးကို ဘုရားရှင်နှင့် ရုပ်ပွားများက 
ပေးသည်မဟုတ်သလို ၊ကောင်းကျိုးကိုလည်း 
ပေးသည်မဟုတ်ပေ။ မိမိကိုကောင်းကျိုးပေးသည်မှာ 
ထိုဘုရားရှင်နှင့် ရုပ်ပွားများ၊သံဃာတော်များအပေါ်တွင် 
ထားသော စေတနာသာဖြစ်သည်။”

မဟာမြတ်မုနိကို ရှိခိုးပူဇော်ခြင်းနှင့် မိမိအိမ်မှ သုံးလက်မ
ရုပ်ပွားလေးကို ရှိခိုးပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့်ပူဇော်မူက ကောင်းကျိုးကိုပေးသနည်းဟု မေးခဲ့ငြားအံ့။ 
အဖြေကား ရုပ်ပွားကိုကြည့်ပြီး ဆုံးဖြတ်၍မရ။ 
စေတနာကိုကြည့်ပြီး ဆုံးဖြတ်ရမည်ဟု ဖြစ်၏။ 
မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း - 

●ရှိခိုးပူဇော်ချိန်တွင် စေတနာတစ်ကျပ်သားခန့်သာပါလျှင် 
ကောင်းကျိုးတစ်ကျပ်သားခန့် သာရသည်။ 
●စေတနာတစ်ပိဿာခန့်ပါလျှင် ကောင်းကျိုးတစ်ပိဿာခန့်ရသည်။ 
ဤသုံးသပ်ချက်ကိုကြည့်၍ မည့်သည့်ရုပ်ပွားစေတီကို 
ရှိခိုးပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာအပြည့်ဖြင့် 
ရှိခိုးပူဇော်သင့်၏။

နာမည်ကြီး ရုပ်ပွားတော်တွေနောက်လိုက်ရင်း ၊
အလိမ်အညာခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသားရခြင်းဖြစ်သည်။

●ထောင်ကိုကြောက်စရာမလို၊
ဒုစရိုက်မူများကိုသာကြောက်ရမည်။ 
●အပါယ်လေးပါးကို ကြောက်စရာမလို၊ 
အကုသိုလ်ကံများကိုသာကြောက်ရမည်။ 
●ရုပ်ပွားစေတီများကို ကြောက်စရာမလို၊ 
ထိုရုပ်ပွားစေတီများကို မရိုမသေပြုလုပ်သော 
စေတနာဆိုးကိုသာ ကြောက်ရမည်။ 
●ရုပ်ပွားစေတီကခိုက်ခြင်းမဟုတ်၊ 
စိတ်ဆိုး စေတနာဆိုးကသာ ခိုက်ခြင်းဖြစ်သည်။ 

-【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】 

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Via..Tin Maung

“ကျုပ်ဟာ တစ်သက်လုံး ဗုဒ္ဓဘာသာ လို့ ပြောခဲ့ တာပဲ။ တကယ်တော့ မည်ကာ မတ္တ “ဗုဒ္ဓဘာသာ”မျှ သာ ဖြစ်ခဲ့ တာကို ခုလို တရား စာပေလေ့လာ မိမှ ပိုပြီး သတိရတယ်။
 

ကျုပ်ဟာလောကမှာ ရှိတဲ့ မကောင်းမှု မှန်မျှ မလုပ် ခဲ့ဖူးတာ လည်း မရှိဘူး။ ကျုပ်ဟာ လောက ရဲ့ ခံစားရ မယ့် အကောင်းဆုံးတွေ ကိုလည်း မခံစား ဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရ တဲ့ တရားတော်ရဲ့ အဆီ အနှစ်တွေ ကို ကျုပ် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”ဟု ဖွင့်ဟ ၀န်ခံလျက် -

“ကျုပ် မှာ အာဏာ ရှိတဲ့အချိန် တုန်းကလည်း ဘာသာရေးကို အလေးအနက် မပြုမိဘူး။ ဘာသာရေး ဟာ ကျုပ်အတွက် ဟန်ပြ အဆောင် အယောင် တစ်ခုလောက်သာ ရှိခဲ့တယ်။
 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဂျပန် ကုမ္ပဏီများ ပူးပေါင်းမှု အပေါ် ပညာရှင်၊ လုပ်ငန်း ရှင်များ ၏ အမြင်များ



မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင် မှုတွေ ကို ပြည်တွင်း မှာ အော်ပရေတာလေးခု က ၀န်ဆောင် မှုပေး မှာဖြစ် ပြီး အော်ပရေတာ တစ်ခုအဖြစ် ရပ်တည် မယ့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန်နိုင်ငံ အခြေ စိုက် KDDI  နှင့် Sumitomo ကော်ပိုရှင်း တို့နဲ့ ပူးပေါင်း လုပ်ကိုင်မယ့် သဘောတူ စာချုပ်ကို ဇူလိုင် ၁၆ ရက် က နေပြည်တော် မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ပြည်ပအော်ပရေတာတွေ နဲ့ ယှဉ်ပြိုင် လုပ်ကိုင်ရမယ့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ဒီလိုနိုင်ငံ တကာ ကုမ္ပဏီတွေ နဲ့ ပူးပေါင်း လုပ်ကိုင်လိုက်တဲ့ အတွက် ဆက်သွယ်ရေးလောက ယှဉ်ပြိုင် မှုတွေ ဘယ် လို ဖြစ်လာနိုင် တယ်။ မြန်မာ့ဆက်သွယ်ရေး ရဲ့ ၀န်ဆောင်မှုတွေ ဘယ်လိုဖြစ်လာနိုင်တယ် ဆိုတာကို စီးပွားရေး ပညာရှင်၊ နည်းပညာလောက ထဲက ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ နဲ့ မဇ္ဈိမ က မေးမြန်း ဖော်ပြပေး ထားပါတယ်။

Saturday 19 July 2014

ခိုင်မြဲသော သစ္စာဖြင့် -ထူးအိမ်သင်၊ဘိုဘို


ထူးအိမ်သင် နှင့် ဘိုဘို..ပူပေါင်း သီဆိုထားသော   ခိုင်မြဲသော သစ္စာဖြင့် တေး အယ်ဘမ်ဖြစ်ပါသည်။.
ကြိုက်နှစ် သက်ရာ သီိချင်း နာမည်ကို ကလစ်ပြီး Download ဆွဲယူ နားဆင်ပါ။

ကျောက်ရုပ် ~ ထူးအိမ်သင်

 
အကောင်းဆုံး ~ ဘိုဘို

 
အမေ ~ ထူးအိမ်သင်

 
လာခဲ့တော့ ~ ထူးအိမ်သင်+ကော်နီ


ထူးအိမ်သင် ... ချစ်ခြင်း အားဖြင့်


ကြယ်တွေစုံတဲ့ည မှာ သီဆို ထားတဲ့ ထူးအိမ်သင် ၏ ချစ်ခြင်းအားဖြင့်  တေးအယ်ဘမ်ဖြစ် ပါသည်။ ကြိုက်နှစ်သက်ရာ သီချင်း နာမည် ကို ကလစ်ပြီး Download ဆွဲယူ နားဆင်ပါ။

ကြယ်တွေစုံတဲ့ည

တုနှိုင်းမဲ့ရတနာ

အလင်းဆိုင်ရဲ့သီချင်း


ထူးအိမ်သင် ... အမှတ်တရ ဒဏ်ရာ သီချင်းများ



ထူးအိမ်သင် သီဆိုထားတဲ့  အမှတ်တရဒဏ်ရာသီချင်းများ
ကြိုက်နှစ်သက်ရာ သီချင်း နာမည် ကို ကလစ်ပြီး Download ဆွဲယူ နားဆင်ပါ။
 

 အမှတ်တရဒဏ်ရာ

ကောင်းကင်ထဲကမြစ်တစ်စင်း


ထူးအိမ်သင် ၏ နာမည်ကျော် လူကြို က်များသည့် အမေ (သို့) မေတ္တာတော်ဘွဲ့

 
ထူးအိမ်သင် ၏ နာမည်ကျော် လူကြို က်များသည့် အမေ (သို့) မေတ္တာတော်ဘွဲ့.တေးအယ်ဘမ် ဖြစ်ပါသည်။
ကြိုက်နှစ်သက်ရာ သီိချင်းနာမည်ကို ကလစ်ပြီး Download ဆွဲယူ နားဆင်ပါ ။
 
 
 
 

ခင်ပွန်းကို အမှုဆင်ရန် အတွက် အိုဘားမား ကို အဆိပ်ခတ်ရန် ကြိုးစား သည့် အမျိုးသမီး ထောင်ဒဏ် (၁၈)နှစ် ချမှတ် ခံရ



ခင်ပွန်း(ဟောင်း) ကို အမှုဆင်ရန် အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား ကို အဆိပ်ခတ် ရန် ကြိုးပမ်း ခဲ့သည့် အမျိုးသမီး သရုပ်ဆောင် တစ်ဦးကို တက္ကဆက်စ် တရားရုံး တစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချ မှတ် လိုက်ကြောင်း သိရသည်။


Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ များ အပါအဝင် ဇာတ်ကား အချို့တွင် မထင်မရှား ဇာတ်ဝင် ခန်း အချို့ မှ ပါဝင်သရုပ်ဆောင်ဖူး သည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန် ကို ဓာတု လက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင် မှု စွဲချက်များ အတွက် အပြစ်ရှိကြောင်း ခရိုင်တရားသူကြီး မိုက်ကယ်ရှနေးဒါးက ဆုံးဖြတ် ကာ နှစ် ရှည်ထောင်ဒဏ် အပြင် နစ်နာကြေး အဖြစ် ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင် န် အမိန့် ချမှတ်ခဲ့သည်။

အာဇာနည်နေ့ အထူး ဆောင်းပါး

July 1

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ရသော အတွင်းဝန် ရုံးဟောင်း အား တွေ့ရစဉ်။
အာဇာနည် များ ၏ မမေ့အပ်သော သမိုင်းဝင် အမှတ်တရ နေရာ များ

(၆၇) နှစ် ကြာမြင့် ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသား တို့မေ့ ပျောက်၍ မရ နိုင်သည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့ခေါင်းဆောင် များ လုပ်ကြံ ခံခဲ့ ရသော ဇူလိုင် ၁၉ရက် သို့ ရော က် ရှိတော့ မည်ဖြစ်သည်။


၁၉၄ရ ခုနှစ်၊ ဇူလိုင် ၁၉ရက်၊ နံနက် ၁ဝနာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အ တွင်းဝန်များ ရုံး၌ အစည်း အဝေးပြုလုပ်နေ စဉ် အတွင်း ဗိုလ်ချုပ် အောင်ဆန်း နှင့် အစိုးရ ဝန်ကြီး များအား သမိုင်းဝင် နိုင်ငံတော် လုပ်ကြံ မှုကြီးဖြစ်ပွား ခဲ့သည်။  

၁၉၇၃ ခုနှစ် နောက်ပိုင်း လူ အများအပြား သေဆုံးခဲ့ ရသည့် ခရီးသည်တင်လေယာဉ် ပစ်ချ ခံရမှုများ


MH-17 လေယာဉ် ၏ နောက်ဆုံး ခရီးကို အမ်စတာဒမ် လေဆိပ် မှ အတက်တွင် တွေ့မြင်ရစဉ် (Photo - Dailymail)

ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်း ပိုင် MH-17 လေယာဉ် သည် စစ်ဘက်လေယာဉ် တစ်စီး ဟု မှားယွင်း သတ်မှတ် ကာ ပစ်ချ ခံရခြင်းဟု စွပ်စွဲချက် များ တွင်တွင် ကျယ်ကျယ် ထွက်ပေါ်နေသည်။ 


MH-17 လေယာဉ် ကို ယူကရိန်း ဆန့်ကျင်ရေး သူပုန် တပ်ဖွဲ့များ က ယူကရိန်း စစ်တပ် ၏ လေယာဉ် တစ်စီး ဟု မှားယွင်း ဆုံးဖြတ်ပြီး ပစ်ချ လိုက်သည် ဟု ယူဆ ရပြီး သူပုန် တို့ကမူ ယင်း စွပ်စွဲ ချက်များ ကို ငြင်းဆို ထားသည်။ လေယာဉ်ပေါ် တွင် ခရီးသည် (၂၈၃) ဦးနှင့် အမှုထမ်း (၁၅) ဦး လိုက်ပါ ခဲ့ပြီး အားလုံး သေဆုံး ခဲ့သည်။

ပြည်မြန်မာ က တစ်ခွေ တစ်ရာ ဆိုတဲ့ ဝေဒနာ


(တစ်)
အဝေးသင် တက္ကသိုလ်တွေ စာသင်နှစ် တစ်နှစ် စ,ဖွင့်ပြီးလို့ မကြာတတ်လှသေးခင် ရက်တွေ ထဲရောက်ပြီ လို့ ဆိုရင် ကျွန်တော်တို့ ရပ်ကွက် ကလေးထဲမှာ ကြားရလေ့ ရှိတဲ့ အသံတစ်သံ က မြန်မာ့ ပညာရေးနဲ့ ပတ်သက် လို့ အတော့် ကို ကြေကွဲ ဖို့ကောင်းပါတယ်။ 

သတင်းစာ စက္ကူတို့၊ ဗလာ စာအုပ် အဟောင်းတို့၊ ဒန်အိုး ဒန်ခွက် အဟောင်း၊ အမြင်း၊ အပိန်၊ အပေါက်တို့ လိုက်ဝယ်တဲ့ဈေးသည် က ကုန်ပစ္စည်း အမည်အသစ် တစ်ခုကို ခါတော်မီ ထည့်ပြီး အော်လေ့ ရှိပါတယ်။ သည်လိုပါ။
 

‘‘အဝေးသင် ကက်ဆက်ခွေ တွေ တစ်ခွေ တစ်ရာ နဲ့ ဝယ်တယ်’’ တဲ့။

လူမှု ဆက်ဆံရေး တွင် အပြောနှင့် မတူညီသော ရလဒ် နှင့် အဓိပ္ပါယ် များ

group-people-talking

စကား ဆိုတာ ပြောတာ နဲ့ တကယ် ရလဒ်နဲ့ က အမြဲ မတူ နိုင်ပါဘူး။ ဥပမာ May be ဆိုရင် Diplomatic မှာ No လို့ ပြောသလိုမျိုး ပဲ သာမန် လူမှု ဆက်ဆံရေး မှာလည်း ကွဲပြား မှုများ ရှိနေ ပါတယ်။ 

ဥပမာ -
၁။ ' အဲ့ဒီ အစီစဉ်ကောင်းတယ်။ ငါလိုက်နိုင် မလိုက်နိုင် ပြန် အကြောင်းပြန်မယ်လေ ’ အဲ့ဒါ မလိုက်တော့ ဘူး၊ မပါတော့ဘူး လို့ ပြောတာနဲ့ မကွာပါဘူး။

၂။ ‘ ရိုင်းတာတော့ မဟုတ်ဘူး။ အမှန် အတိုင်း ပြောရမယ် ဆိုရင် ’ အဲ့ဒါ တစ်ဖက်သား နား မခံနိုင်မယ့် စကား မျိုးတွေ ထွက်လာ ပါလိမ့်မယ်။