*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 13 July 2014

အဖေ့ အတွက် မအားလပ် ခဲ့သူ

daa

'ကျနော် ကလေးဘ၀ တုန်းက ကစားကွင်း သွားဖို့ ပူစာတော့ အဖေ့ ခမျာ အလုပ်ပျက် ခံပြီး လိုက်ပို့ ခဲ့ရ တာ အကြိမ်ကြိမ်ပဲ။ ကျနော် ကျောင်းတက်၊ ကျူရှင် တက်ဖို့ ပိုက်ဆံ မလောက်တော့ အဖေ့ ခမျာ သူ့ အပေါင်း အသင်းတွေ ကြား မျက်နှာ အပျက် ခံပြီး ချေးပေး ခဲ့ဖူးတယ်။ 

ကျနော် အလုပ် မရတော့ လည်း သူ့ အသိ မိတ်ဆွေ အကူ အညီနဲ့ ရအောင် သူကြိုးစား ခဲ့ပေး သေးတယ်။ ကျနော် တို့က အဖေ တစ်ခု သားတစ်ခုလေ။

ကျနော် အိမ်ထောင် ကျတော့ အဖေ က သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော် ကတော့ အိမ်ခွဲနေ တယ်။ အဖေ  သူ့မြေးလေး နဲ့ ဆော့ချင်လို့ အိမ်လာ တိုင်း ကျနော် ကတော့ မအားဘူးပေါ့။ 'သွားစရာ ရှိလို့ အဖေရေ' လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက် လို့ အပြင်သွားလေ့ ရှိတယ်။ 


အဖေ့ ဆီက ဖုန်း လာတော့လည်း 'အလုပ် ကိစ္စ ပြောနေ လို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ' လို့ ကတိတွေ ပေးပြီး ကျနော် ပြန် မခေါ်ဖြစ်တဲ့ အကြိမ်တွေ က ပိုများတယ်။ အကြောင်း တိုက်ဆိုင်လို့ အဖေ နဲ့ တွေ့ ရင်တောင် သွားစရာ ရှိလို့ လုပ် စရာ ရှိလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ပဲ ခဏ ပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။

တစ်နေ့တော့ အဒေါ့် ဆီက ဖုန်း လာပါလေရော။ အဖေ့ ကို ဆေးရုံ တင်ထား ရလို့တဲ့။ အဖေ့ ကို ဆေးရုံ တင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။

 'နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအား တာကိုး' တဲ့။
စကားပြော ခွင့် မရ ပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်း နဲ့ အဖေ အိပ်ပျော် သွားတယ်။

ကျနော် ပူဆာ လို့ အလုပ်ပျက် ခံပြီး ကစားကွင်း ပို့ပေး ခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့ အတွက် အဖေ့ ခမျာ မျက်နှာ အငယ် ခံ ပိုက်ဆံချေး ခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင် လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ 

ကျနော် တွေးလိုက် တိုင်း ရင်ထဲမှာ နာကျင်စွာ ခံစားရတယ် ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအား လပ် ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင် လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။'

Ref:inspiraquote

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment