*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 23 July 2014

မသန်စွမ်းများ ခန့်ထားသည့် ကုမ္ပဏီ ကို အခွန်လျှော့ခြင်းနှင့် အခြား အခွင့် အရေးပေးမည်




ရွှေဂုံတိုင် ရှိ အိတ်ဇဲလ် ဟိုတယ်တွင် ပြုလုပ် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အမျိုးသမီး ဖိုရမ်သို့ တက်ရောက် လာသော မသန်စွမ်း အမျိုးသမီးတစ်ဦး ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဘိုဘို

မသန်စွမ်း သူများ ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်း အရ ကုမ္ပဏီ များက မသန်စွမ်းသူ တစ်ရာ ခိုင်နှုန်း ကို မခန့် မနေရ ခန့်အပ် ရမည်ဖြစ်သည့် အတွက် အစိုးရ က အခွန်လျှော့ချပေးခြင်းနှင့် အခြား အခွင့် အရေး များ ပေးအပ် သွားမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး အဖွဲ့ ညွှန်ကြားရေး မှူးးချုပ် ဦးယုလွင်အောင် က ဇူလိုင် ၂၂ ရက် က ပြောကြား လိုက်သည်။ 


 ထိုပြဋ္ဌာန်းချက် ကို ဥပဒေ အတည်မပြုမီ အချိန်ကပင် စတင်ကျင့်သုံးရန် အတွက်လည်း အလုပ် သမား ၀န်ကြီး ဌာန၊ လုပ်ငန်းရှင် များ၊ မသန်စွမ်း သူများရှေ့ဆောင် အဖွဲ့နှင့် အလုပ် သမား အရေး ကူညီပေးနေ သည့် အပြည်ပြည်ဆိုင် ရာ အလုပ် သမားရေးရာ အဖွဲ့ချုပ် ILO တို့ဆွေးနွေး သွားကြမည်ဖြစ်သည်။



အပြည်ပြည်ဆိုင် ရာ အလုပ်သမားရေးရာ အဖွဲ့ ILO မြန်မာပြည် ကိုယ်စားလှယ် Mr.Steve Marshall က “မသန်စွမ်း သူတွေ အလုပ် အကိုင် ရရှိနှုန်းဟာ အင်မတန် နည်းပါးနေ ပါတယ်။ ဒါ ကလည်း အစိုးရ ပံ့ပိုးပေး မှု အားနည်းနေ လို့ပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွင် ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းများ ၏ လူမှု တာဝန် ယူမှုနှင့် မသန်စွမ်းသူ များ စီးပွားရေး နယ်ပယ်တွင် ပါဝင်နိုင်ရေးဆွေးနွေး ပွဲတွင် ၎င်းက မီဒီယာ များကို ပြောကြား ခဲ့ခြင်းဖြစ်သည်။

လက်ရှိရေးဆွဲလျက် ရှိသော မသန်စွမ်း သူများကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေ မူကြမ်းတွင် ကုမ္ပဏီ တိုင်း က မသန်စွမ်း သူများကို တစ်ရာခို င်နှုန်း အလုပ်ခန့်အပ် ရန် သတ်မှတ်ပြဋ္ဌာန်း ထားရာ ထိုသို့ ဥပဒေ ပါ ပြဋ္ဌာန်းချက် အတိုင်း လိုက်နာဆောင် ရွက်သည့် ကုမ္ပဏီ များကို အစိုးရ က ထောက်ပံ့ ကူညီပေးရန် အခွန်လျှော့ချကောက်ခံ မည့် အပြင် အခြား အခွင့်အရေး များ ကို ဖော်ဆောင်ပေးနိုင်ရေး အတွက် ထို ဥပဒေကြမ်း အတည် မပြုမီ ကျင့်သုံး သွားမည်ဟု ညွှန်ကြားရေးမှူးချုပ် က အတိအလင်းပြောကြားခဲ့သည်။

“အလုပ် ခန့်ပေးမယ့် ကုမ္ပဏီတွေ ကို ကူညီပေး မှ မသန်စွမ်းသူတွေ ကို အလုပ် ခန့်ချင်မှာ ဖြစ်ပါတယ်။ မသန်စွမ်း သူတွေ အလုပ်လုပ် ကိုင်နိုင်နှုန်း ဟာ အရမ်းနည်းနေ ပါတယ်”ဟု ဦးယုလွင်အောင် က ပြော သည်။

၂၀၀၉ ခုနှစ် အမျိုးသား အဆင့် မသန်စွမ်း မှု လေ့လာမှု စစ်တမ်း အရ မသန်စွမ်းသူ ၏ ၈၅ ရာခိုင်နှုန်းမှာ အလုပ် အကိုင် သို့မဟုတ် အသက်မွေးဝမ်းကျောင်း အခွင့် အလမ်း မရှိခြင်း၊ အိမ်ခြေ မဲ့ မသန်စွမ်း သူများမှာ ၃၀ ရာခိုင်နှုန်း၊ နည်းပညာ အပေါ်ကိုင်တွယ် အသုံးပြုမှု အားနည်း သည့် မသန်စွမ်းသူ စာရင်း ၇၄ ရာခိုင်နှုန်းနှင့် မသန်စွမ်း အခွင့်အရေး မသိသေး သူများမှာ ၈၀ ရာခိုင် နှုန်းခန့် ရှိနေသည် ဟု လူမှုဝန်ထမ်း ဦးစီးဌာန က ထုတ်ပြန် ထားသည်။

လက်ရှိ မြန်မာနိုင်ငံ တွင် မသန်စွမ်းသူ ဦးရေ ၁၃ သိန်း ၀န်းကျင် ရှိနေသည်။


7Day Daily

No comments:

Post a Comment