*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 28 July 2014

ဆရာမ ကို စုန်းပြု စားသူ ဟု ပြောသော ကျောင်းသား ၄ ဦး အတိုင် ခံရ


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်)ရွာ၊ အခြေခံ ပညာ အလယ်တန်းကျောင်း ၌ စတုတ္ထတန်း  ကျောင်းသား (၄)ယောက် က ဆရာမ ကို စုန်းပြုစားတတ်သူ အဖြစ် ပြောခဲ့သည်ဟု ဆိုကာ ၎င်းကျောင်းသား (၄)ယောက် ကို အရေးယူပေးရန် မြို့နယ် ပညာရေးမှူးရုံး အထိ ဆရာမက တိုင်ကြားစာ 
 ပေးပို့ခဲ့ကြောင်းသိရသည်။

“တကယ်တော့ ကလေးတွေ က သူတို့ အချင်းချင်း နောက်ပြောင်ပြောဆိုနေကြတယ် လို့ပြောပါတယ်။ ဆရာမ အတန်းထဲ ကို ၀င်လာတဲ့ အချိန်နဲ့ တိုက်ဆိုင် သွားပြီး ဆရာမက သူ့ကို ပြုစားတတ်သူ လို့ပြော တယ်ဆိုပြီး ကလေးတွေ ကို ဒုတ်နဲ့ နှစ်ချက် ရိုက်ခဲ့ ပါတယ်။ 


ကလေးတွေ က ဆရာမ ကို ကြောက်ပြီး ကျောင်း မတက်ရဲ တော့ဘူး။ အိမ်မှာ ထမင်းလည်း မစား ၊ ညကျ ရင်လည်း လန့်လန့်နေတယ်။ ဒါကြောင့် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးကို လာပြတာပါ " ဟု ကျောင်းသား မိဘ တစ်ဦး ကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အလယ်တန်းပြ ဆရာမဖြစ်သူ ဒေါ်ဝုန်ဇခေါလ် မှ ကျောင်းသား များကို အရေး ယူ ဆုံးမသည့် အနေဖြင့် ကြိမ်ဒဏ်(၂)ချက် ရိုက်၍ ပြစ်ဒဏ်ပေးပြီးဖြစ်ကြောင်း၊ ဆရာမဒေါ်ဝုန်ဇခေါလ် အပြင် အခြားဆရာမ တစ်ဦးဖြစ် သည့် ဆရာမ ဒေါ်ပေါင်းဒိတ်ကျိန် ကလည်း ဒုတ်ဖြင့်နှစ်ချက်စီ ရိုက်ခဲ့ သဖြင့်ကျောင်းသားများ မှာ ကလေးမြို့ ပြည်သူ့ဆေးရုံကြီး သို့ လာရောက် ကုသ ခဲ့ကြောင်းသိရသည်။ 

သို့သော် ဆရာမဒေါ်ဝုန်ဇခေါလ် သည် ကျောင်းသားများ အား ရိုက်နှက် အပြစ်ပေးပြီးသည် အထိ၊ ကျေနပ်မှု မရှိသောကြောင့် စတုတ္ထတန်းကျောင်းသား (၄) ဦး ကို အသေရေ ဖျက်မှု တပ်ကာ မြို့နယ် ပညာရေးမှူးရုံး အထိ တိုင်တန်းခဲ့ကြောင်း၊ ကျောင်းသားများ က ဆရာမ ကို ကြောက်လန့် ၍ကျောင်း မတက် ရဲဖြစ် သည် ကိုပင် (၅)ရက် ကျောင်းပျက်ကွက် လျှင် ကျောင်းထုတ်မည် ဟု ပြောဆို ခဲ့ကြောင်း၊ ငွေ(၁၀) သိန်းနှင့် ဝက် တစ်ကောင် ဖြင့် လာတောင်းပန် မှ ကျေနပ်နိုင်မည်ဟု လည်း ပြောဆို ခဲ့ကြောင်း သိရသည်။

“ထွက်ဆိုချက်တွေ အားလုံးကို ကြည့်ပြီး နောက်ဆုံး မှာတော့ ဆရာမတွေ ကို ပြောင်းရွေ့ပေးသင့် ပါတယ်လို့ မှတ်ချက်ရေးပေးခဲ့ ပါတယ်။ ကျောင်းသားတွေပြော တဲ့ Min Bum ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဖွင့် ကွဲလွဲ မှုကြောင့် ဖြစ်ရတာပါ ” ဟု တီးတိန်မြို့နယ် ပညာရေးမှူးးက ပြောသည်။

ကျောင်းသားများ အချင်းချင်း ပြောဆို ခဲ့သည့် စကားတွင် လူရှိုင်း (LUSHEI) ဘာသာဖြင့် မင်န်ဘုန်းမ်
(Min Bum) ဟု သုံးနှုန်း ပြောဆိုနေခဲ့ ကြပြီး လိမ်လည် တတ်သူ ဟု အဓိပ္ပါယ် ရကြောင်း၊ သို့သော် ဆရာမ က ၎င်း Min Bum ကို တီးတိန် စကားဖြင့် စုန်းပြု စား တတ်သူ ဟု အဓိပ္ပါယ်ကောက်ယူ ခဲ့ခြင်းဖြစ်သည် ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။


Credit : မြန်မာ့ခေတ်
From... Latest Myanmar News


No comments:

Post a Comment