*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 9 July 2014

ဟင်းချိုမှုန့် ၏ အန္တရာယ်

Image and video hosting by TinyPic
 
 
 
 
ပြီးခဲ့တဲ့ အပတ်က ဆွမ်းလောင်း ဖို့အတွက် ဆိတ်သွေး ခဲလေး ၀ယ်ဖြစ် ခဲ့တယ်၊
ဆွမ်းလောင်း မှာက နောက်နေ့ မနက်မှ ဆိုတော့.. ဆိတ်သွေး ခဲလေးကို မိနစ် အနည်းငယ်မျှ ခဏပြုတ် ထား ဖို့ စဉ်းစားလိုက်မိတယ်..။ 
 
ဆိတ်သွေးခဲ တုံးရင်း နဲ့ အတွေး တစ်ခု ၀င်လာတယ်..။
အချိုမှုန့် ရဲ့ အစွမ်း သတ္တိကို အိမ်က ညီမ နဲ့ သူငယ်ချင်းတွေကို ပြချင် တာနဲ့..
လက်တွေ့ စမ်းသပ်ခဲ့တယ်..
 

ဆိတ်သွေး ခဲကို တစ်ဝက် ကို ဟင်းချိုမှုန့် ၊ ဆားနဲ့ နယ်လိုက်တယ်..
ကျန် တစ်ဝက် ကို ဟင်းချိုမှုန့် မထည့်ပဲ ဆား နဲ့ပဲနယ်ပြီး မိနစ် အနည်းငယ် မျှပြုတ်လိုက်တယ်..
ပြုတ်ပြီးတော့ ထွက်လာတဲ့ အဖြေက .......



နံပါတ်(၁) ပုံက ဟင်းချိုမှုန့်မထည့်ပဲ ဆားနဲ့ပဲ နယ်ထား တဲ့ပုံဖြစ်ပါတယ်ရှင်…။
 

နံပါတ် (၂) ပုံက ဟင်းချိုမှုန့် ၊ ဆားနဲ့နယ်ထားပြီး ပြုတ်ထားတဲ့ပုံဖြစ်ပါတယ်..။

နံပါတ် (၂) ပုံ ကိုကြည့်ခြင်းအားဖြင့်.. အချိုမှုန့် ကို မစား သင့်ကြောင်း မျက်မြင်တွေ့ ရှိနိုင်ပါတယ်ရှင်..။

ပုံကို လက်တွေ့ပြရခြင်း က ဓမ္မမိတ်ဆွေ များနှင့် သူငယ်ချင်းတွေ ကို ဟင်းချိုမှုန့် ကို ပိုပြီး ရှောင်စေ ချင်လို့ပါ..။
 

တခြား ကျန်းမာရေး ဆောင်းပါးတွေမှာ လည်း ဟင်းချိုမှုန့် ၏ ဆိုးကျိုး များကို ဖတ်ရှု့ ဖူးကြပါလိမ့်မယ်..။
သင်၏ ကျန်းမာရေး အတွက် ဟင်းချိုမှုန့် ကို အသုံးစွဲသင့် ပါဘူးရှင်..။
 

ကျမ ကိုယ်တိုင် အချိုမုန့် မသုံးတာ တော်တော်လေးကြာနေ ပါပြီ… အချိုမှုန့် မပါလည်း စားလို့ကောင်း ပါတယ်ရှင်..။
 

အချိုမှုန့် ပါတဲ့ ဟင်း အရသာ ဆိုရင် စားရတာ သိသာ ပါတယ်ရှင်..။
တစ်ချို့ ဟင်းတွေ ဆိုရင် ဟင်းရဲ့ သဘာဝ အရသာ မဟုတ်ပဲ..
အချိုမှုန့်ရဲ့ အစွမ်း သတ္တိကြောင့်သာ စားကောင်းနေတာ ပါရှင်..။ 

ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအားလုံး ကျန်းမာ၊ သုခများနှင့် ပြည့်စုံနိုင်ကြပါစေရှင်..။ (7.7.2014)

မိုးတိမ်လွင်ပြင်

From...

No comments:

Post a Comment